ယမကာ လုလင်ပျိုတို့အတွက် ဒီတစ်ခါမှာတော့ ခဲတို မာဂရီတာ ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းလေးက အင်မတန် ရိုးရှင်းပြီး အိမ်မှာလည်း အလွယ်တကူ ပြုလုပ်နိုင်တဲ့အတွက်ကြောင့် တစ်ခါလောက် စမ်းလုပ်ကြည့်ကြဖို့ အကြံပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • လိမ္မော်သီး ၁ လုံး
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း
  • Fruit Sweetener စားပွဲတင်ဇွန်း ၈ ဇွန်း
  • တကီလာ စားပွဲတင်ဇွန်း ၃ ဇွန်း
  • Orange Syrup စားပွဲတင်ဇွန်း ၂ ဇွန်း

ယမကာ ခဲတို မာဂရီတာ

  • သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • အလှဆင်ဖို့ရန်အတွက် သံပုရာသီးစိပ် အနည်းငယ်

အစရှိတဲ့ ပါဝင်ပစ္စည်းများ လိုအပ်ပါလိမ့်မယ်။​

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အရင်ဦးဆုံး Orange Syrup ပြုလုပ်နည်းကို ဖော်ပြချင်ပါတယ်။

လိမ္မော်သီး ၁ လုံး၊ ရေ စားပွဲတင်ဇွန်း ၈ ဇွန်းနှင့် Fruit Sweetener စားပွဲတင်ဇွန်း ၈ ဇွန်းတို့ကို အသင့်ပြင်ထားလိုက်ပါ။

ယမကာ ခဲတို မာဂရီတာ

လိမ္မော်သီးကို ထက်ခြမ်း ခြမ်းပြီးနောက် အရည်ထွက်လာအောင် ညှစ်ပေးလိုက်ပါ။

ယမကာ ခဲတို မာဂရီတာ

၂။ ဒယ်အိုးကို အပူပေးကာ ရေထည့်ပါ။ ရေကို ပွက်ပွက်ဆူလာအောင် တည်ပါ။ ပွက်ပွက်ဆူလာတဲ့အခါ Fruit Sweetener ထည့်ပြီး ရေထဲသို့ ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။

ယမကာ ခဲတို မာဂရီတာ

၃။ ထို့နောက် မီးအရှိန်ကို လျော့ချလိုက်ပြီး စောစောက လတ်လတ်ဆတ်ဆတ် ညှစ်ထားသော လိမ္မော်ရည် ၄ ပုံ ၁ ပုံခန့်ထည့်ပါ။ ထို့နောက် လိမ္မော်ခွံ အနည်းငယ် ထည့်ကာ မီးအေးအေးဖြင့် ၅ မိနစ်ခန့် တည်ထားလိုက်ပါ။

ဒါဆိုရင်တော့ Orange Syrup လေး ရရှိသွားပြီပဲ ဖြစ်ပါတယ်။ ရရှိသွားတဲ့ ဖျော်ရည်ကို အအေးခံပြီးနောက် အေးသွားပြီဆိုရင်တော့ အခွံများ၊ အစေ့များကို ဖယ်ထုတ်ကို အရည်ကိုး လေလုံ ပုလင်းထဲ ထည့်ထားလိုက်ပါ။ ထိုဖျော်ရည်သည် ရက်သတ္တပတ် ၂ ပတ်ကြာ အသုံးခံပါတယ်။

ယမကာ လုလင်တို့အနေနဲ့ ခဲတို မာဂရီတာ ဖျော်ဖို့ဆိုရင် ထိုအရည် အကုန်လုံး သုံးစရာမလိုပါဘူး။ စားပွဲတင်ဇွန်း ၂ ဇွန်းလောက် အသုံးပြုရင်ပဲရပါပြီ။

ဆက်လက်ပြီးတော့ ခဲတို မာဂရီတာ ပြုလုပ်ပါမယ်။

Keto Magarita

၄။ Cocktail Shaker ထဲတွင် ရေခဲတုံးများထည့်ပါ။ တကီလာ ထည့်ပါ။ စောစောက  Orange Syrup များထည်ပါ။ သံပုရာရည် ထည့်ပါ။

Keto Magarita

၅။ ထို့နောက် Cocktail Shaker အဖုံးကို လုံအောင်ပိတ်ကာ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

၆။ စက္ကန့် ၃၀ လောက် သမအောင် မွှေပြီးတဲ့နောက်မှာ ကော့တေး ဖန်ခွက်ထဲသို့ ရေခဲတုံးများ မပါစေဘဲ စစ်ထည့်လိုက်ပါ။

Keto Magarita

၇။ နောက်ဆုံးမှာတော့ ဖန်ခွက်ရဲ့ နှုတ်ခမ်းသားပေါ်မှာ သံပုရာသီးစိပ်လေး တင်ကာ အလှဆင် ပေးလိုက်ပါ။

Keto Magarita

ဒါဆိုရင်တော့ ယမကာ လုလင် ကွီးတို့အတွက် ခဲတို မာဂရီတာ တစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။

Source: Thespruceeats

Featured Image: Thespruceeats