ကွီးတို့ရေ ညီမလေးရဲ့ အချစ်တွေလို အချိုနဲ့အခါး တစ်ပြိုင်နက်တည်း ခံစားနိုင်မဲ့ ခပ်မိုက်မိုက် ကော့လ်တေး တစ်ခွက်ကို မြည်းစမ်းရမယ်ဆို စိတ်ဝင်စားပါသလား။ Brandy Crusta ကော့လ်တေးဟာ လတ်ဆတ်သော သံပုရာရည်နှင့် Angostura ခါးသီးသော အရသာ အနည်းငယ်တို့ကြောင့် အချိုဓာတ်ကို ခံစားနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နည်းနည်းရှုပ်ထွေးသော အရသာရှိတယ်လို့လည်း ဆိုနိုင်ပါတယ်။ ထိုကော့လ်တေးကို ၁၈၆၂ ခုနှစ်တွင် Joseph Santini ဆိုသူက New Orleans တွင်ရှိသော Jewel of the South အမည်ရှိ ၎င်းရဲ့ ဘားမှာ တီထွင်ခဲ့ပါတယ်။ ကဲ ဆက်လက်ပြီးတော့ ကွီးတို့အတွက် Brandy Crusta ကော့လ်တေး ဖျော်စပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

အရင်ဆုံး ဒီကော့လ်တေးရဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်လိုက်ရအောင်။

Brandy Crusta

Photo : The Spruce Eats

  • ဘရန်ဒီ ၁.၅ အောင်စ
  • Simple Syrup ၁.၅ အောင်စ
  • Cointreau ၁.၅ အောင်စ
  • Maraschino Liqueur ၀.၂၅ အောင်စ
  • Angostura Aromatic Bitters အနည်းငယ်
  • ဖန်ခွက်ကို နှုတ်ခမ်းသားအတွက် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် ၀.၇၅ အောင်စ
  • သကြား
  • ရေခဲများ နဲ့
  • အလှဆင်ရန်အတွက် လိမ္မော်ခွံ စသည်တို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကော့လ်တေး ဖျော်စပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။ Brandy Crusta ကော့လ်တေး ဖျော်စပ်နည်းလေးကတော့

(၁) အရင်ဆုံးပါဝင်ပစ္စည်းများကို တစ်နေရာတည်းတွင် စုလိုက်ပါ။

Brandy Crusta

Photo : The Spruce Eats

(၂) ကွီးတို့တည့်ခင်းဧည့်ခံမဲ့ ကော့လ်တေးဖန်ခွက်ကို ယူပြီး အဝတ်သန့်တစ်ခုဖြင့် ဖန်ခွက်ကို နှုတ်ခမ်းသားအတွက် လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုရာရည် သုတ်လိုက်ပါ။

Brandy Crusta

Photo : The Spruce Eats

(၃) ထို့နောက် အဆင်သင့် ပြင်ထားသော သကြားများကို ပန်းကန်ပြားထဲတွင် ထည့်လိုက်ပါ။ ပြီးလျှင် စောစောက သံပုရာရည် သုတ်ထားသော ကော့လ်တေးနှုတ်ခမ်းသားကို သကြားထဲတွင် နစ်လိုက်ပါ။ ထို့နောက် သန့်ရှင်းသော အဝတ်စကို အသုံးပြုပြီး သကြားနှုတ်ခမ်းသားများ ညီညာစေရန် ပြုလုပ်ပါ။

cocktail

Photo : The Spruce Eats

(၄) ပြီးလျှင် အဆင်သင့်ပြင်ထားသော သံပုရာရည်၊ ဘရန်ဒီ၊ Simple Syrup၊ Cointreau၊ Maraschino Liqueur နှင့် Angostura Aromatic Bitters တို့ကို ကော့လ်တေး Shaker ထဲသို့ လောင်းထည့်လိုက်ပါ။ ထပ်ပြီး ရေခဲများကိုလည်း ကော့လ်တေး Shaker ထဲသို့ ထည့်ပြီး ၁၀ စက္ကန့်ကြာအောင် ပြင်းပြင်းထန်ထန်လှုပ်ခါပေးပါ။

cocktail

Photo : The Spruce Eats

(၅) ပြီးလျှင် ရရှိလာသော ကော့လ်တေး အရည်များကို စောစောက သကြားကွပ်ထားသော ဖန်ခွက်ထဲသို့ လောင်းထည့်လိုက်ပါ။

cocktail

Photo : The Spruce Eats

(၆) နောက်ဆုံးအနေနဲ့ လိမ္မော်သီးခွံ ဖြင့် အလှဆင်လိုက်ပါ။ ဒါဆိုရင်တော့ ညီမလေးရဲ့ အချစ်တွေလို အချိုနဲ့အခါး တစ်ပြိုင်နက်တည်း ခံစားနိုင်တဲ့ Brandy Crusta ကော့လ်တေး သုံးဆောင်ဖို့ အဆင်သင့် ဖြစ်ပါပြီ။

Source : The Spruce Eats

Featured Photo : Punch