အတ္တလန်တာအသင်းက ဒိန်းမတ် တိုက်စစ် ကစားသမားလေး ဟိုက်လန်း ဟာ လတ်တလော မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် သူကိုယ်တိုင် သဘောကျနေပြီး မန်ယူနိုက်တက်လို အသင်းကြီးမျိုးနဲ့လည်း လက်တွဲသွားချင်နေပါတယ်။

Atalanta

Photo Credit :  The Transfer Room

ယူနိုက်တက်အသင်းက ဒီနွေထဲမှာ အသင်းအတွက် အထောင် တိုက်စစ် ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ လိုအပ်နေရာ စပါးအသင်းရဲ့ အင်္ဂလန် တိုက်စစ်မှူး ဟာရီကိန်းကို အဓိက ပစ်မှတ်ထားနေပေမယ့် စပါးဘက်ကတော့ သူတို့ ကစားသမားကို ပြည်တွင်း ကလပ်အသင်းတွေဆီ ရောင်းချဖို့ စိတ်ကူးမရှိတဲ့အတွက် ယူနိုက်တက်က ဟိုက်လန်းကို ပြောင်းလဲ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အသက်(၂၀)သာ ရှိနေသေးတဲ့ ဟိုက်လန်း က ဒိန်းမတ်ရဲ့ အထင်ကရ ကလပ် ကိုပင်ဟေဂင်မှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး အဲ့ဒီကမှ သြစတြီးယားကလပ် စတမ်းဂရက်ဇ် နဲ့ စီးရီးအေကလပ် အတ္တလန်တာတို့ဆီကို ဆက်တိုက် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

hojlund atalanta

Photo Credit :  Football365

အတ္တလန်တာအသင်းဆီကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရောက်ရှိလာခဲ့တဲ့ ဟိုက်လန်း ဟာ သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် ရီးယဲလ် ၊ မန်ယူနိုက်တက်တို့လို အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာကြပြီး အခုတော့ ဟိုက်လန်းဟာ ယူနိုက်တက် ကစားသမား ဖြစ်လာဖို့ အခြေအနေ များနေရပြီ ဖြစ်ပါတယ်။ ဟိုက်လန်းက သူရဲ့ ရည်မှန်းချက်ဟာ ထိပ်တန်း အဆင့်ရှိတဲ့ အသင်းကြီးတစ်သင်းမှာ ပါဝင်ကစားနိုင်ဖို့နဲ့ အဲ့ဒီအသင်းကလည်း မန်ယူနိုက်တက်လို့ ပြောလို့ရနိုင်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့ပါတယ်။

Sheikh Jassim man utd

Photo Credit : Goal

ဒါပေမယ့် ယူနိုက်တက်က အခုအချိန်မှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ဖွယ် ရှိနေပြီး ကာတာစော်ဘွား Sheikh Jassim ဝယ်ယူဖို့ သဘောတူညီမှုလည်း ရရှိထားပြီဆိုပြီး သတင်းထွက်လာခဲ့တာကြောင့် ယူနိုက်တက် ရဲ့ ကစားသမား ခေါ်ယူမှုတွေဟာလည်း အနည်းငယ် ပြောင်းလဲသွားနိုင်ပြီး တိုက်စစ်ပိုင်းအတွက် ကီလီယန် အမ်ဘာပေအထိတောင် ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။

Featured Photo : Football Transfer