ဟိုဆေး မော်ရင်ညို ဟာ ချဲလ်ဆီးအသင်းမှာတုန်းက ၎င်းရဲ့ လူသိများကျော်ကြားခဲ့တဲ့ ဇာတ်လမ်းဟောင်းတစ်ခုကို အစဖော်ပြီး စပယ်ရှယ်ဝမ်း  မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်

Jose Mourinho unveiled as Chelsea Manager in 2004

Photo: Sportbible

မော်ရင်ညိုဟာ ၂၀၀၄ ခုနှစ်တုန်းက ချဲလ်ဆီးအသင်း နည်းပြအဖြစ်နဲ့ ထုတ်ဖော်ကြေညာခြင်း ခံခဲ့ရတဲ့အချိန်မှာ ဘောလုံးလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် ကြီးမားတဲ့ ကြွေးကြော်မှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရရှိခဲ့တဲ့ မော်ရင်ညိုက ၎င်းရဲ့ အမှတ်အသားဖြစ်လာမယ့် စကားတစ်ခွန်းကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက ၎င်းကိုယ်၎င်း စပယ်ရှယ်ဝမ်းလို့ ခေါ်ဝေါ်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ညိုဟာ ပိုမို ရင့်ကျက်လာပြီး တည်ငြိမ်လာတာနဲ့အတူ ကိုယ့်အကြောင်းကိုယ် သိပ်မတွေးတော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဖီယင်နုနဲ့ ယှဉ်ပြိုင်ကစားရမယ့် ယူရိုပါကွန်းဖရင့်လိဂ်ဗိုလ်လုပွဲမတိုင်ခင် ၎င်းရဲ့ နာမည်ကျော် စပယ်ရှယ်ဝမ်းအကြောင်း မေးမြန်းခြင်းခံခဲ့ရချိန်မှာ မော်ရင်ညိုက “စပယ်ရှယ်ဝမ်းဆိုတာ ဇာတ်လမ်းအဟောင်းဖြစ်သွားပါပြီ။ ခင်ဗျား ပိုပြီး ရင့်ကျက်ပြီး တည်ငြိမ်လာတဲ့အခါမှာ လူတွေအကြောင်းနဲ့ ကိုယ့်အကြောင်းကိုယ် သိပ်မတွေးဖြစ်တော့ပါဘူး။ ကျွန်တော် နည်းပြတိုင်း လုပ်နိုင်တဲ့အရာကို လုပ်ပြီး အသင်းကို ကူညီဖို့ ကြိုးပမ်းနေပါတယ်”

Jose Mourinho Insists He Is NOT The Special One Any More

Photo: Sportbible

“ကျွန်တော် မှော်ဆန်တဲ့အခိုက်အတန့်တွေကို မယုံကြည်ပါဘူး။ ဒါက တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ အခိုက်အတန့်မဟုတ်ပါဘူး။ အသင်း၊ ကစားသမားတွေ၊ နည်းပြအဖွဲ့ဝင်တွေရဲ့ အခိုက်အတန့်ပါ။ အောင်မြင်မှုအသစ်တစ်ခုချင်းစီတိုင်းက အရင်တုန်းက အောင်မြင်မှုထက်ပိုပြီး အဓိပ္ပာယ်ရှိလားဆိုရင် ရှိပါတယ်။ ဒါပေမယ့် လုပ်စရာ ဘာမှ ထူးထူးခြားခြား မရှိတော့ပါဘူး။ ကိုယ့်အထာနဲ့ပဲ ကိုယ်နေကြတာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ညိုဟာ ပေါ်တို၊ အင်တာမီလန်နဲ့ မန်ချက်စတာယူနိုက်တက်တို့မှာ အောင်မြင်မှု ရရှိပြီးနောက်ပိုင်း ဥရောပဘောလုံးလောကမှာ အထင်ကြီးစရာစံချိန်တွေကို ပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ ပေါ်တူဂီလူမျိုးနည်းပြဟာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလားတစ်ကြိမ် ရရှိခဲ့ပြီး ယနေ့ညမှာလည်း ရိုးမားအသင်းနဲ့အတူ ယူရိုပါကွန်းဖရင့်လိဂ်ဖလားးကို ရရှိနိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

Featured Photo: Sportbible