ကလပ်အသင်းများရဲ့  ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပြီးဆုံးသွားပြီးနောက် သိပ်မရှေးမနှောင်းမှာပဲ ယူရို-၂၀၂၄ပြိုင်ပွဲကြီး စတင် ကျင်းပဖြစ်တယ်။ ယူရိုကျင်းပပြီး သိပ်မကြာမှာပဲ ကိုပါအမေရိက ပြိုင်ပွဲကြီးလည်း ထပ်ကျင်းပလာပြန်ပါတယ်။ ဒီပွဲတွေကို ဆက်တိုက်သာ စောင့်ကြည့်မယ်ဆိုရင် ည(၇)နာရီလောက် နောက်တစ်နေ့ မနက်(၉)နာရီခွဲလောက်အထိ မနားတမ်းကို ကြည့်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲကြီး (၂)ခု ပြီးသွားမယ်ဆိုရင်လည်း ပဲရစ် အိုလံပစ် က အားကစားဝါသနာရှင် ကွီးတို့ ညိုကီတို့ စောင့်ကြည့်နေပါလိမ့်မယ်။

olympic

Photo Credit: Khel Now

ယူရို-၂၀၂၄ပြိုင်ပွဲနဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတို့က စတင် ကျင်းပတဲ့ရက်သာ မတူညီပေမယ့် နောက်ဆုံးပိတ် ဖိုင်နယ်ပွဲကိုတော့ လာမယ့် ဇူလိုင်လ (၁၄)ရက်နေ့ တစ်ရက်တည်းမှာပဲ ကျင်းပကြမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီး (၂)ခုရဲ့ ဖိုင်နယ်ပွဲစဉ်တွေအပြီး (၁၂)ရက်အကြာမှာပဲ အားကစားပေါင်းစုံကို တစ်ဝကြီး ကြည့်ရှုရမယ့် ပဲရစ် အိုလံပစ်ပြိုင်ပွဲကို စတင် ကျင်းပမှာ ဖြစ်ပါတယ်။ ပဲရစ် နွေရာသီ အိုလံပစ် ပြိုင်ပွဲကြီး ဇူလိုင် (၂၆)ရက်နေ့ကနေ သြဂုတ် (၁၁)ရက်နေ့အထိ ဆက်တိုက် ကျင်းပမှာ ဖြစ်ပြီးတော့ ကွီးတို့ ညိုကီတို့ရဲ့ သည်းခြေကြိုက် အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲကတော့ ဇူလိုင် (၂၄)ရက်မှာပဲ စတင် ယှဉ်ပြိုင်သွားရပါမယ်။

paris olympic football

Photo Credit: GSB

အိုလံပစ်မှာ အားကစား (၃၂)မျိုးအထိ ပါဝင်မှာ ဖြစ်ပေမယ့်လည်း ဘောလုံးပြိုင်ပွဲကို ပိုမို စိတ်ဝင်စားကြမယ့် ပရိသတ်တွေက များစွာ ရှိနေမှာ သေချာပါတယ်။ အိုလံပစ် အမျိုးသား ဘောလုံးပြိုင်ပွဲမှာဆိုရင် အသင်း (၁၆)သင်းကို (၄)သင်း (၁)အုပ်စုစီ ယှဉ်ပြိုင်စေမှာဖြစ်ပြီး အုပ်စု(A)မှာက အိမ်ရှင် ပြင်သစ် ၊ အမေရိကန် ၊ ဂီနီနဲ့ နယူးဇီလန် အုပ်စု(B)မှာက အာဂျင်တီးနား ၊ မော်ရိုကို ၊ အီရတ်နဲ့ ယူကရိန်း အုပ်စု(C)မှာက ဥဇဘတ်ကစ္စတန် ၊ စပိန် ၊ အီဂျစ်နဲ့ ဒိုမီနီကန် အုပ်စု(D)မှာတော့ ဂျပန် ၊ ပါရာဂွေး ၊ မာလီ ၊ အစ္စရေးလ်တို့ ပါဝင်နေကြပါတယ်။

mudryk pedri emery

Photo Credit: Goal

အိုလံပစ် ပြိုင်ပွဲမှာ ယူ-၂၃ ကစားသမားတွေကိုသာ ဦးစားပေး ရွေးချယ်ရတာ ဆိုပေမယ့် အသက် (၂၄)နှစ်အထက် ကစားသမား အနည်းငယ်လည်း ပါဝင်လာတာမို့ စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပါပဲ။ ဒါ့အပြင် ယူရိုနဲ့ ကိုပါတို့မှာ ပါဝင်ဆင်နွဲရခြင်း မရှိတဲ့ ကစားသမားတချို့ကလည်း အိုလံပစ်မှာ ပါဝင်လာကြမှာဖြစ်လို့ ဒီကစားသမားတွေရဲ့ နိုင်ငံအသင်းအတွက် စွမ်းဆောင်ပေးနိုင်တွေဟာလည်း စောင့်ကြည့်ချင်စရာ ဖြစ်လာပါလိမ့်မယ်။ အိုလံပစ်ကြီး ပြီးသွားရင်လည်း ၂၀၂၄-၂၀၂၅ ဘောလုံးရာသီက စတော့မှာဖြစ်လို့ ဒီ ၂၀၂၄ ကာလကတော့ ဘောလုံးဝါသနာအိုးတွေအတွက် ဘောလုံးပွဲတွေကို ဆက်တိုက် မနားတမ်း အားပေးကြည့်ရှုရမယ့် ကာလစ်ခုဆိုတာ လုံးဝ သေချာနေရပါတယ်။

Featured Photo: The Olympic Games