ခန္ဓာကိုယ်မှာရှိတဲ့ အဆီပိုတွေကို လျှော့ချပြီး ကြွက်သားတည်ဆောက်ဖို့ လေ့ကျင့်ခန်း တွေက အရေးကြီးဆုံးပါပဲ။ လေ့ကျင့်ခန်းတွေဟာ ကွီးတို့ရဲ့ ဘော်ဒီကိုအများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ နည်းစနစ်မှန်မှန်နဲ့ စနစ်တကျ ဆော့ကစားမယ်ဆိုရင် လပိုင်းအတွင်းမှာတင် သိသာတဲ့ ရလဒ်ကို မြင်တွေ့ရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ယောကျာ်းတို့ တောင့်ဖို့ဖြောင့်ဖို့ ဆော့ကစားသင့်တဲ့ လေ့ကျင့်ခန်း အချို့ကို မျှဝေပေးပါမယ်။

(၁) Deadlift

Source : CrossFit

Deadlift ဟာ လေ့ကျင့်ခန်း အားလုံးရဲ့ ဘုရင်ပါ။ ခန္ဓာကိုယ်ရဲ့ အဓိက ကြွက်သားအုပ်စုတွေ အားလုံးကို ထိရောက်မှု ရှိစေပါတယ်။ တောင့်တောင့်ဖြောင့်ဖြောင့် ဘော်ဒီရဖို့အတွက်ဆို Deadlift လေ့ကျင့်ခန်းဟာ သေချာပေါက် လုပ်ပေးရမယ့် လေ့ကျင့်ခန်းတစ်ခုပါပဲ။

(၂) Back Squat

Source : CrossFit

Deadlift နဲ့အတူတူပါပဲ။ Barbell Back Squat လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ အဓိက ကြွက်သားအုပ်စုတိုင်းကို ထိရောက်မှုရှိပြီး ခြေထောက်တွေကို ကြံ့ခိုင်သန်မာလာစေမှာ ဖြစ်ပါတယ်။ ပြေးခုန်ပစ် အားကစားသမားတိုင်းဟာ ခြေထောက်တွေ ကျစ်လစ်သန်မာဖို့ Back Squat လေ့ကျင့်ခန်းကို ကစားကြပါတယ်။

(၃) Pullup

Source : CrossFit

ပခုံးကြွက်သားတွေ တောင့်တင်းကြံ့ခိုင်ပြီး ကျယ်ကားတဲ့ ရင်အုပ်တစ်စုံကို ပိုင်ဆိုင်နိုင်ဖို့အတွက် Pullup လေ့ကျင့်ခန်းက အထိရောက်ဆုံး ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်အပေါ်ပိုင်း အရိုးအဆစ်တွေကို သန်မာစေပြီး ခွန်အားနဲ့ ကြွက်သားထုထည်ကို တိုးတက်စေမယ့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၄) The Burpee

Source : CrossFit

ကယ်လိုရီများများ လောင်ကျွမ်းစေပြီး ကြွက်သားတွေ ကျစ်လစ်သန်မာလာစေဖို့အတွက်ဆိုရင် The Burpee လေ့ကျင့်ခန်းကို သေချာပေါက် လုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းက ခန္ဓာကိုယ်တစ်ခုလုံး လှုပ်လှုပ်ရှားရှား ကစားပေးရတာ ဖြစ်တဲ့အတွက် သက်လုံစွမ်းအားနဲ့ ကြွက်သားကျစ်လစ်မှုကို တိုးတက်လာစေမှာ ဖြစ်ပါတယ်။

(၅) Bench Press

Source : CrossFit

ရင်အုပ်ကြွက်သား ၊ Triceps နဲ့ ပခုံးကြွက်သားတွေကို သန်မာစေဖို့ အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ တောင့်တင်းကြံ့ခိုင်ပြီး ယောကျာ်းပီသမှုတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင် Bench Press လေ့ကျင့်ခန်းကို ကစားပေးသင့်ပါတယ်။

Featured Photo : Freeletics