ဟောလိဝုဒ်ရုပ်ရှင်စတားတွေထဲမှာ ပရိသတ်တွေ စံနမူနာထားရလောက်တဲ့ မင်းသားကြီးတွေ လက်ချိုးမရေနိုင်အောင် အများကြီးရှိပါတယ်။ အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ကြယ်ပွင့်တော်တော်များများက အနုပညာအရည်အချင်း ပြည့်ဝရုံတင်မကပဲ သူတို့ရဲ့ စတိုင်ကျမှု ၊ ခန့်ညားမှု ၊ ကိုယ်ပိုင်ထူးခြားချက်တွေနဲ့ ပရိသတ်ထုကြီးရဲ့ နှလုံးသားတွေကို သိမ်းပိုက်ထားနိုင်သူတွေပါ။ ဒီထဲကမှ အမျိုးသမီးပရိသတ်တွေတင်မကပဲ စာရေးသူတို့ ကွီးတို့လို ယောကျာ်း သားအချင်းချင်းပါ ကြွေရတဲ့ ဟော့အဖြစ်ဆုံး ဘီးကျဲ ကြီးတွေကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) Brad Pitt

Photo : Fashion Network

မင်းသားကြီး Brad Pitt ကတော့ ကမ္ဘာပေါ်မှာ ပရိသတ်အားပေးမှု အများဆုံးရရှိထားတဲ့ ဟောလိဝုဒ်ကြယ်ပွင့် တွေထဲကတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thelma & Louise ရုပ်ရှင်ဇာတ်ကားနဲ့အတူ ကမ္ဘာကျော်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တဟုန်ထိုး ရရှိလာခဲ့တာ ဖြစ်ပါတယ်။ ယောကျာ်း ဆန်ပြီး ခန့်ညားမှုအပြည့်ရှိတဲ့ ရွှေကမ္ဘာလုံးဆု ၊ အကယ်ဒမီဆုရှင် မင်းသားကြီး Brad Pitt ကတော့ အမျိုးသားထုကြီး စံနမူနာထားရတဲ့ ဘီးကျဲ တစ်ယောက်လို့ ပြောရင်မှားနိုင်မယ် မထင်ပါဘူး။

(၂) Johnny Depp

Photo : Inside the Magic

ဟောလိဝုဒ်မှာ Talent ရှိတဲ့ ဘီးကျဲ ကြီးတွေအကြောင်း ပြောရင် Johnny Depp ကို ချန်ထားခဲ့လို့ မရပါဘူး။ ၈၀ ခုနှစ် တီဗီရှိုး 21 Jump Street နဲ့ ၁၉၉၀ ခုနှစ်မှာထွက်ခဲ့တဲ့ Edward Scissorhands ရုပ်ရှင်‌ကားတွေမှာ ပထမဆုံးသရုပ်ဆောင်ကတည်းက ပရိသတ်တွေရဲ့ နှလုံးသားတွေကို သိမ်းပိုက်နိုင်ခဲ့သူပါ။ Captain Jack Sparrow ၊ Willy Wonka နဲ့ Sweeney Todd စတဲ့ ဇာတ်ကောင်တွေနဲ့လည်း လူသိများပြီး ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်လျောညီထွေဖြစ်အောင် သရုပ်ဆောင်နိုင်တာကတော့ Johnny Depp ရဲ့ ထူးခြားတဲ့ ပါရမီလို့ပဲ ပြောရမှာဖြစ်ပါတယ်။

(၃) Chris Hemsworth

Photo : MensXP

ဟော့အဖြစ်ဆုံး ဘီးကျဲ ကြီးတွေထဲမှာတော့ Thor မင်းသားလို့ လူသိများတဲ့ Chris Hemsworth လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ မင်းသား Chris Hemsworth ကို The Avengers ရုပ်ရှင်ကားနဲ့ တွဲပြီး လူပိုသိပေမယ့်လည်း ၂၀၀၀ ခုနှစ်အစောပိုင်းမှာထွက်ရှိခဲ့တဲ့ Home and Away ဩစတြေးလျ တီဗီစီးရီးမှာ ပထမပါဝင်သရုပ်ဆောင်ကတည်းက ပရိသတ်အားပေးမှု အခိုင်အမာရခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Chris Hemsworth ဟာ ဟောလိဝုဒ်ရဲ့ ဝင်ငွေအများဆုံး မင်းသားတွေထဲကတစ်လက် ဖြစ်နေပါပြီ။

(၄) Henry Cavill

Henry Cavill

Photo : Bam Smack Pow

မင်းသား Henry Cavill ကတော့ Justice League ဇာတ်လမ်းတွဲတွေမှာ Superman ဇာတ်ကောင်နဲ့ လူသိများပါတယ်။ သူ့ရဲ့ အမိုက်စားဘော်ဒီနဲ့ ယောကျာ်းဆန်ဆန် ခန့်ညားတဲ့ ရုပ်ရည်ကြောင့်ပဲ အမျိုးသမီးပရိသတ်တွေမက အမျိုးသားပရိသတ်တွေရဲ့ အားပေးမှုပါ အခိုင်အမာ ရရှိထားပါတယ်။ Henry Cavill ဟာ The Tudors နှင့် The Witcher တို့လို တီဗီရှိုးတွေမှာလည်း အဓိကဇာတ်ကောင်တွေနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး ထိပ်တန်းမင်းသားတစ်လက် ဖြစ်ပါတယ်။

(၅) Keanu Reeves

Keanu Reeves

Photo : Esquire

ကြင်နာတက်တဲ့နှလုံးသားပိုင်ရှင် ဘီးကျဲ Keannu Reeves ကတော့ ရှားမှရှား မင်းသားတစ်လက်လို့ ပြောရင်မမှားနိုင်ပါဘူး။ Keannu Reeves ဟာ ဟောလိဝုဒ်စတားတစ်ယောက်လို့ မထင်ရလောက်အောင်အထိ ဘဝကိုရိုးရိုးရှင်းရှင်း ဖြတ်သန်းလေ့ရှိသူဖြစ်ပြီး ပရဟိတနဲ့ အလှူအတန်းရက်ရောသူတစ်ယောက်လည်း ဖြစ်ပါတယ်။ The Matrix ၊ John Wick ဇာတ်ကားတွေကတော့ Keannu Reeves ရဲ့အကျော်အကြားဆုံး အောင်မြင်မှုအနုပညာမှတ်တိုင်တွေပဲ ဖြစ်ပါတယ်။

(၆) Jason Momoa

Jason Momoa

Photo : Men’s Journal

မင်းသားကြီး Jason Momoa ကတော့ ယောကျာ်း ဆန်ပြီး ဟော့ဖြစ်တဲ့ ဘီးကျဲ တစ်ယောက်ဆိုတာ ငြင်းလို့ မရနိုင်ပါဘူး။ တောင့်တောင့်ဖြောင့်ဖြောင့်ဘော်ဒီနဲ့ စူးရှတဲ့မျက်ဝန်းတစ်စုံတို့ကပဲ သူ့ရဲ့ထူးခြားတဲ့ ဆွဲဆောင်မှုတစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။ Jason Momoa ကို Hawaii မှာမွေးဖွားခဲ့ပြီး ကောလိပ်ကျောင်းသားဘဝမှာကတည်းက အဏ္ဏဝါနဲ့ တောရိုင်းတိရိစ္ဆာန် ဇီဝဗေဒဘာသာရပ်တွေကို လေ့လာခဲ့သူ ဖြစ်ပါတယ်။ HBO ရဲ့ Game of Thrones စီးရီးမှာ Khal Drogo ဇာတ်ကောင်နေရာကနေ အပြောင်မြောက်ဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပြီး Aquaman ဇာတ်ကောင်နဲ့လည်း ပရိသတ်အားပေးမှု အပြည့်အဝရရှိခဲ့ပါတယ်။

(၇) Jason Statham

Jason Statham
Photo : Men’s Health

ဟောလိဝုဒ်ရဲ့ ထိပ်တန်း အက်ရှင်မင်းသားတစ်ယောက်ဖြစ်တဲ့ Jason Statham ကတော့ ယောကျာ်း ချင်းကြွေရတဲ့ ဘီးကျဲတစ်ယောက်ဆိုတာ အသေအချာပါပဲ။ မင်းသားကြီး Jason Statham ကတော့ သူရဲ့ အမိုက်စားဘော်ဒီ ၊ ကျွမ်းကျင်လှတဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ ယောကျာ်းပီသတဲ့ ရုပ်ရည်တွေကြောင့် ယောကျာ်းလေးပရိသတ်ထုကြားမှာ တော်တော်လေး နာမည်ကြီး လူကြိုက်များပါတယ်။ Lock, Stock and Two Smoking Barrels ၊ The Italian Job ၊ The Transporter နဲ့ Fast & Furious ဇာတ်ကားတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို အရည်ဖျော်ပစ်နိုင်ခဲ့သူ ဖြစ်ပါတယ်။

အခုပြောပြပေးခဲ့တာကတော့ နာမည်ကြီး ဟောလိဝုဒ်စတားတွေထဲက ယောကျာ်း ချင်းပါ ကြွေရတဲ့ ဟော့အဖြစ်ဆုံး ဘီးကျဲ ၇ ယောက်ပါ။ နောက်ထပ် ကွီးတို့ကြွေရတဲ့ မင်းသားကြီးတွေ ရှိရင်လည်း ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Featured Photo : Filmstarts