တချို့အားကစားတွေက ကရိကထသိပ်နည်းပါတယ်။ Gym သွားဖို့ အချိန်မရှိသူတွေ ၊ ပိုက်ဆံမတတ်နိုင်သူတွေအတွက်ဆို Yoga Mat တစ်ချပ် ရှိရုံနဲ့တင် လုပ်နိုင်တဲ့ အားကစားတွေ အများကြီး ရှိပါတယ်။ ဒီထဲကမှ ယောဂဖျာ တစ်ချပ်ရှိရင် လုပ်နိုင်မယ့် အားကစား တချို့အကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) ယောဂ

Yoga

Photo : GQIndia

Yoga Mat ဆိုတဲ့အတိုင်း ယောဂဖျာတစ်ချပ်ရှိရင် ယောဂကို စပရှယ်လုပ်လို့ ရပါတယ်။ ယောဂကစားနည်းကို သေချာမသိသူတွေအတွက် YouTube ပေါ်က Tutorials တွေ ကြည့်ပြီး လုပ်နိုင်ပါတယ်။

(၂) ဒိုက်ထိုး

Push Ups

Photo : Freepik

ယောကျ်ားလေးတိုင်း လုပ်နိုင်တဲ့ အားကစားတစ်မျိုးက Push Ups လို့ ခေါ်တဲ့ ဒိုက်ထိုးမှုပဲ ဖြစ်ပါတယ်။ ဒိုက်ထိုးတယ်ဆိုတာ တစ်ကိုယ်လုံး လှုပ်ရှားရတဲ့ Total Body Workout မျိုး ဖြစ်ပြီး ပခုံး ၊ နောက်ကျော နဲ့ ရင်ဘတ်ကြွက်သားတွေကို အလုပ်ပေးပါတယ်။ Bodyweight လေ့ကျင့်ခန်းကောင်းကောင်းလုပ်ချင်ရင် ယောဂဖျာနဲ့ ဒိုက်ထိုးလေ့ကျင့်ခန်း လုပ်နိုင်ပါတယ်။

(၃) Mountain Climbers

Mountain Climbers

Photo : Vissco

ဒိုက်ထိုးတာနဲ့ ဆင်ပြီး ခြေထောက်တွေကို အဓိကထား ကစားတာ ဖြစ်ပါတယ်။ ဒိုက်ထိုးတဲ့ပုံစံမျိုးနဲ့ လက်ထောက်ရင်း ခြေထောက်တွေ ရင်ဘတ်ဆီ စက်ဘီးစီးသလို လှုပ်ရှားတာ ဖြစ်ပါတယ်။

(၄) Planks

Plank

Photo : healthkart

တစ်မိနစ် နှစ်မိနစ်လောက် Planks ထောက်ခြင်းအားဖြင့် လက်မောင်း ၊ တံတောင်နဲ့ ဗိုက်ခေါက်ကြွက်သားတွေအတွက် အကျိုးများပါတယ်။ Planks ထောက်ဖို့အတွက် တံတောင်အောက်မှာ လက်မနာအောင် ခုဖို့ ယောဂဖျာ သုံးနိုင်ပါတယ်။ ဒါတွေကတော့ ယောဂဖျာတစ်ချပ်ရှိရုံနဲ့ အလွယ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပြီး ဒီလေ့ကျင့်ခန်းတွေအပြင် ပက်လက်လှန် ခါးကော့ရတဲ့ Single- Leg Glute Bridge ၊ Bodyweight Squats နဲ့ Pilates လို့ ခေါ်တဲ့ ယောဂဆန်ဆန် လှုပ်ရှားမှုတွေလည်း လုပ်နိုင်ပါတယ်။

Featured Photo : GQIndia