ကွီးတို့အနေနဲ့ ယောဂ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းအားဖြင့် ရှုပ်ထွေးနေတဲ့ ဆိတ် (စိတ်) တွေကို တည်ငြိမ် သွားစေပြီး နေလို့ထိုင်လို့ ကောင်းသွားစေမှာပဲဖြစ်ပါတယ်။ ယောဂ ဆော့ကစားခြင်းအားဖြင့် စိတ် တည်ငြိမ် စေတဲ့ ကောင်းကျိုးအပြင် အခြားသော ကောင်းကျိုးများကိုလည်း ခံစားရစေပါတယ်။ ထိုကောင်းကျိုးများကတော့ ဖဲမွေ့ယာထက်က အမျိုးသားတို့ရဲ့ စွမ်းဆောင်ရည် တိုးမြှင့်လာခြင်း၊ ကြွက်သားများ သန်မာလာခြင်း၊ အနာရောဂါများ၊ ထိခိုက်ဒဏ်ရာများကို သက်သာစေခြင်း၊ ကိုယ်ခံစွမ်းအားကို မြှင့်မားစေခြင်း၊ နှစ်ခြိုက်စွာ အိပ်မောကျစေခြင်း အစရှိတဲ့ အကျိုးကျေးဇူးများကို ခံစားရစေပါတယ်။

ကွီးတို့အနေနဲ့ အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ယောဂ လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။​

လေ့ကျင့်ခန်း (၁)

ယောဂ တည်ငြိမ်

အရင်ဦးဆုံး ယောဂဖျာပေါ်မှာ Plank ထောက်တဲ့ အနေအထားဖြင့် အစပြုပါ။ ထို့နောက် ပုံပါအတိုင်း ခန္ဓာကိုယ် အလယ်ပိုင်းကို အပေါ်သို့ တဖြည်းဖြည်းချင်းစီ မြှောက်ပေးလိုက်ရပါမယ်။ ထို့နောက် မြှောက်ထားတဲ့ အနေအထားအတိုင်း ၁ မိနစ်ခန့် တောင့်ထားလိုက်ပါ။

လေ့ကျင့်ခန်း (၂)

ယောဂ တည်ငြိမ်

အရင်ဦးဆုံး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့မှာ စုဆုံထားပါ။ မတ်တပ်ရပ်ကာ အသင့်အနေအထားပြင်ပါ။ ထို့နောက် ညာခြေကို အပေါ်သို့ တဖြည်းဖြည်းမပြီး ဘယ်ပေါင်အတွင်းသားဆီမှာ သွားကပ်ထားလိုက်ပါ။

ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် မတ်တပ်ရပ်ရပါမယ်။ ဝင်သက် ထွက်သက်ကို ပုံမှန်မှတ်ပြီး အသက်ရှူသွင်း ရှူထုတ် ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၃)

ယောဂ တည်ငြိမ်

အရင်ဦးဆုံး မတ်တပ်ရပ်ပါ။ ထို့နောက် ခြေထောက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထုတ်လိုက်ပါ။ ပြီးတာနဲ့ လက်နှစ်ဖက်ကို အရှေ့သို့ ချလိုက်ပြီး ဦးခေါင်းကို ကြမ်းပြင်းနဲ့ ထိကပ်ပေးလိုက်ပါ။

ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် နေပါ။ ဒီ ယောဂ လေ့ကျင့်ခန်းက ကွီးတို့ရဲ့ စိတ်ကို တည်ငြိမ် သွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၄)

ယောဂ တည်ငြိမ်

မတ်တပ်ရပ်ကာ ခြေထောက်နှစ်ဖက်ကို ဘေးသို့ ကားထုတ်လိုက်ပါ။ လက်နှစ်ဖက်ကိုလည်း ဘေးသို့ ဆန့်တန်းထားပါ။ ထို့နောက် ညာဒူးကို ကွေးချပြီး ခန္ဓာကိုယ်ကို ညာဘက်သို့ ယိမ်းလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပါ။

တစ်ဖန် မူလအနေအထားအတိုင်း ပြန်နေပါ။ ဘယ်ဒူးကို ကွေးချပြီး ခန္ဓာကိုယ်ကို ဘယ်ဘက်သို့ ယိမ်းလိုက်ပါ။ ထိုအနေအထားအတိုင်း စက္ကန့် ၃၀ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

အရင်ဦးဆုံး ညာဒူးကို အရှေ့သို့ ကွေးချထားပြီး ဘယ်ခြေကို အနောက်သို့ ဆန့်တန်းကာ လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ထားလိုက်ပါ။ ထို့နောက် ကြမ်းပြင်ပေါ်မှာ လှဲလျောင်းလိုက်ကာ ဘယ်ခြေကို အပေါ်သို့ ဆန့်တန်းလိုက်ပါ။ ထိုအနေအထားအတိုင်း ၁ မိနစ် ပြလုပ်ပါ။

ဒီလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်လည်း ပေါ့ပါးလာပြီး စိတ်လက် ကြည်လင်လာပါလိမ့်မယ်။

Source: Mensjournal

Featured Image: Freepik