ယောဂ လေ့ကျင့်ခန်း များ ဆော့ကစားခြင်းသည် ခန္ဓာကိုယ်ကို နူးညံ့ပျော့ပျောင်းစေပြီး အကြောအခြင်များ ပြေစေပါတယ်။ ခန္ဓာကိုယ်ကို သန်မာလာစေတဲ့အပြင် ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ကိုက်ခံခြင်းကိုလည်း သက်သာစေပါတယ်။ ဒါတင်မကသေးပါဘူး။ နှလုံးအားကောင်းစေတဲ့အပြင် စိတ်ဖိစီးမှုများကို ဖယ်ရှားပေးကာ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

ကွီးတို့အနေနဲ့ Workout ပြုလုပ်ရတာ ပင်ပန်းလာပြီး ချွေးသံတရဲရဲနဲ့ လေ့ကျင့်ခန်း မပြုလုပ်ချင်တဲ့နေ့မျိုးမှာ ယောဂ လေ့ကျင့်ခန်း များဖြင့် အစားထိုးပြုလုပ်နိုင်ပါတယ်။

လေ့ကျင့်ခန်း (၁)

yoga exercises for kwee

Photo: KindPNG

အဆင့် (၁) လေ့ကျင့်ခန်းပြုလုပ်တဲ့ ယောဂဖျာပေါ်မှာ ဝမ်းလျားမှောက်နေပါ။

အဆင့် (၂) လက်ကို ဖြည်းဖြည်းချင်းဆီ ဆန့်တန်းကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြွလိုက်ပါ။ ထို့နောက် မျက်နှာက အပေါ်သို့ မော့ပေးလိုက်ပါ။ (လည်ပင်းကို အလိုက်သင့်လေး မော့ပေးလိုက်ရုံပါပဲ။)

အသက်ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၂)

yoga exercises for kwee

Photo: Ekhart Yoga

အဆင့် (၁) လေ့ကျင့်ခန်းပြုလုပ်တဲ့ ဖျာပေါ်မှာ ပက်လက်လှဲနေပါ။ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ချထားပါ။

အဆင့် (၂) ဒူးခေါင်းအနည်းငယ် ထောင်ကာ ပုံပါအတိုင်း တင်ပါးက တဖည်းဖြည်း ကြွပေးလိုက်ပါ။

အသက်ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း(၃)

ယောဂ လေ့ကျင့်ခန်း

Photo: Yoga Practice

အဆင့် (၁) ခြေထောက်နှစ်ခုကို ပုခုံးအကျယ်ထက် ပိုကျယ်အောင် ချဲထားပြီး ဆောင့်ကြောင့် ထိုင်နေပါ။

အဆင့် (၂) ခန္ဓာကိုယ်အပေါ်ပိုင်းကို ခြေထောက်နှစ်ခုကြားထဲသို့ တဖြည်းဖြည်း တွန်းပို့လိုက်ပါ။ ထို့နောက် အသက်ရှူသွင်း ရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၄)

ယောဂ လေ့ကျင့်ခန်း

Photo: Yogateket

အဆင့် (၁) အရင်ဦးဆုံး ခြေသလုံးပေါ်မှာ ထိုင်နေလိုက်ပါ။

အဆင့် (၂) လက်နှစ်ဖက်က ခြေဖနောင့်ကို ဆွဲကိုင်လိုက်ပါ။ ထို့နောက် ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း အရှေ့သို့ ချလိုက်ကာ ကြမ်းပြင်နဲ့ ထိကပ်ပေးလိုက်ပါ။ နဖူးက ဒူးခေါင်းနဲ့ ထိကပ်ပြီးတဲ့နောက်မှာတော့ ထိုအနေအထားအတိုင်း အသက်ရှူသွင်းရှူထုတ်ခြင်းကို ပုံမှန်အတိုင်း ပြုလုပ်ပေးလိုက်ပါ။

လေ့ကျင့်ခန်း (၅)

ယောဂ လေ့ကျင့်ခန်း

Photo: Yoga Journal

အဆင့် (၁) ယောဂဖျာပေါ်တွင် ခြေထောက်နှစ်ခုကို အနည်းငယ်ချဲထားကာ ဒူးထောက်လိုက်ပါ။

အဆင့် (၂) လက်နှစ်ဖက်က တဖြည်းဖြည်းချင်းစီ အနောက်ပို့ကာ ခြေဖနောင့်ကို လှမ်းကိုင်လိုက်ပါ။

အဆင့် (၃) ထို့နောက် ခန္ဓာကိုယ်က အပေါ်သို့ ကော့ပေးလိုက်ပါ။

ထိုအနေအထားအတိုင်း ၁ မိနစ်ခန့် တောင့်ထားပါ။ အသက်ရှူသွင်း ရှူထုတ်ခြင်းကိုလည်း ပုံမှန်အတိုင်း ပြုလုပ်ပေးရပါမယ်။

Source: Healthshots

Featured Image: Healthymagazine