DMX ကိုမသိရင်တောင် Ruff Ryders’ Anthem သီချင်းကို ပရိသတ်တွေ အားလုံး ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်။ သူကတော့ ၉၀ ခုနှစ်တွေက ဟစ်ဟော့ဂီတလောကမှာ ရေပန်းအစားခဲ့ဆုံး ရက်ပ်ပါကြီး တစ်ယောက်ဖြစ်ပါတယ်။ DMX ရဲ့ နာမည်အရင်းကတော့ Earl Simmons ဖြစ်ပြီး နာမည်ကြီး အမေရိကန် ရက်ပ်ပါနဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ DMX ကို ၁၉၇၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ မွေးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဟစ်ဟော့ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံး စတူဒီယို အယ်လ်ဘမ် It’s Dark and Hell Is Hot ကို စတင်ဖြန့်ချီခဲ့ပြီး ပထမဆုံး အပတ်မှာတင် အယ်လ်ဘမ် အချပ်ရေပေါင်း ၂၅၁,၀၀၀ ခန့် ရောင်းချခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်မှာ DMX ရဲ့ အရောင်းရဆုံး စတူဒီယို အယ်လ်ဘမ် တစ်ချပ် ဖြစ်ခဲ့တဲ့ And Then There Was X ကို ထုတ်ဝေခဲ့ပြီး အယ်လ်ဘမ်ထဲမှာ Party Up (Up In Here) လို လူကြိုက်အများဆုံး တေးသီချင်းတွေ ပါဝင်ခဲ့ပါတယ်။

၂၀၀၀၃ ခုနှစ်မှာတော့ E.A.R.L.:The Autobiography of DMX လို့ နာမည်ပေးထားတဲ့ သူရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အခွန်ရှောင်မှုနဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်မှာ ပြန်လည်လွတ်မြောက် လာခဲ့ပါတယ်။ ထောင်ကလွတ်မြောက်လာပြီး နောက်မှာ Def Jam Music ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး အယ်လ်ဘမ်အသစ်အတွက် ပြင်ဆင်ခဲ့ပါတယ်။ DMX ဟာ အဲ့ခေတ်အဲ့အခါက လူကြိုက်များ ရေပန်းစားတဲ့ အမိုက်စား တေးသီချင်းတွေများစွာ ဖန်တီးခဲ့ပြီး ဟစ်ဟော့ဂီတလောကရဲ့ ဩဇာအကြီးမားဆုံး ရက်ပ်ပါကြီး တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဟစ်ဟော့ ဂီတချစ်သူ ပရိသတ်တွေအတွက် အမေရိကန် ရက်ပ်ပါကြီး DMX ရဲ့ ထွက်ခဲ့သမျှထဲက အကောင်းဆုံးနဲ့ လူကြိုက်အများဆုံး တေးသီချင်းကောင်း တချို့ကို ရွေးချယ် တင်ဆက်ပေးချင်ပါတယ်။

(၁) Ruff Ryders’ Anthem – DMX

Source : DMX

(၂) Ruff Ryders’ Anthem – DMX

Source : DMX

(၃) Party Up (Up In Here) – DMX

Source : DMX

(၄) Slippin – DMX

Source : DMX

(၅) We Right Here – DMX

Source : DMX

(၆) What They Really Want – DMX Ft. Sisqo

Source : DMX

(၇) Get It On The Floor – DMX Ft. Swizz Beatz

Source : DMX

(၈) Where The Hood At- DMX

Source : DMX

(၉) Stop Being Greedy – DMX

Source : DMX

(၁၀) I Miss You – DMX Ft. Faith Evans

Source : DMX

(၁၁) How’s It Goin’ Down – DMX

Source : DMX

(၁၂) Lord Give Me A Sign – DMX

Source : DMX

(၁၃) Let Me Fly – DMX

Source : DMX

(၁၄) Who We Be – DMX

Source : DMX

(၁၅) Go To Sleep – DMX

Source : DMX

DMX ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့ အသက် ၅၀ အရွယ်မှာ Drug Overdose (ဆေးလွန်ခြင်း) ဖြစ်ပြီး ကွယ်လွယ်သွားခဲ့ပါတယ်။ DMX  ကွယ်လွန်သွားခဲ့ပေမယ့် သူဖန်တီးခဲ့တဲ့ သီချင်းတွေကတော့ ဟစ်ဟော့ ဂီတလောကထဲမှာရော ပရိသတ်တွေရဲ့ ရင်ထဲမှာပါ ဆက်လက် ရှင်သန်နေမှာဘဲ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးခဲ့တဲ့ ရက်ပ်ပါကြီး DMX ရဲ့  သီချင်းကောင်းတွေထဲက ဘယ်သီချင်းကို အကြိုက်ဆုံးဖြစ်မလဲဆိုတာ ကွန်းမန့်မှာ ရေးခဲ့ပါဦးနော်။

Featured Photo : The New York Times