Hip Hop ဂီတလောကထဲက အကောင်းဆုံး ရက်ပ်ပါ တွေလို့ ပြောလိုက်တာနဲ့ Kanye West ကတော့ မပါမဖြစ် ထည့်ပြောရမယ့် ဂီတပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူဟာ မေရိကန် ရက်ပ်ဂီတပညာရှင် ၊ Music Producer နဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်လျက် ရှိပါတယ်။ စီးပွားရေးလောကမှာ ကျော်ကြားတဲ့ Businessman တစ်ယောက်ဖြစ်သလို နိုင်ငံရေး နယ်ပယ်ထဲမှာ ကျင်လည်နေတဲ့ နိုင်ငံရေးသမားတစ်ယောက် အဖြစ်လည်း လူသိများပါတယ်။

Kanye West ရဲ့ သီချင်းတိုင်း လိုလိုမှာ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်စတိုင် ၊ ထူးခြားတဲ့ ဂီတဖန်တီးမှု ပုံစံတွေကို အမြဲမြင်တွေ့ရလေ့ရှိပြီး သူရဲ့ ဂီတဖျော်ဖြေပွဲတိုင်းကလည်း ထိတ်ထိတ်ကြဲ အောင်မြင်မှုများစွာ ရရှိထားတာပဲ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း ကာလတွေမှာ ကတည်းက Music Producer တစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး နာမည်ကြီး အဆိုတော် တော်တော်များများအတွက် အောင်မြင်တဲ့ Singles သီချင်းများစွာကို ဖန်တီးထုတ်ဝေပေးခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တစ်ကိုယ်တော် ရက်ပ်ပါ တစ်ဦးအဖြစ် သီချင်းတွေ စလုပ်ခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ The College Dropout အမည် ပေးထားတဲ့ တစ်ကိုယ်တော် ပွဲဦးထွက် စတူဒီယို အယ်လ်ဘမ်ကို ထုတ်ဝေခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာ ဒုတိယမြောက် စတူဒီယို အယ်လ်ဘမ် Late Registration ၊ ၂၀၀၇ ခုနှစ်မှာ တတိယမြောက် စတူဒီယို အယ်လ်ဘမ် Graduation နဲ့ ၂၀၀၈ ခုနှစ်မှာ စတုတ္ထမြောက် စတူဒီယိုအယ်လ်ဘမ် 808s & Heartbreak တို့ကို ထုတ်ဝေခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာ ရရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ JAY-Z နဲ့ အတူ တွဲဖန်တီးခဲ့တဲ့ Watch the Throne စတူဒီယို အယ်လ်ဘမ် ဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ တော်တော်လေးပေါက်ခဲ့ပြီး အောင်မြင်မှုများစွာရခဲ့တဲ့ တေးအယ်လ်ဘမ်တစ်ခုလို့ ပြောရမှာပဲ ဖြစ်ပါတယ်။ Grammy Awards ၊ Billboard Artist Achievement Award နဲ့ Brit Awards  စတဲ့ဆုများစွာကိုလည်း ရရှိထားပြီး ကမ္ဘာပေါ်က အကောင်းဆုံး ထိပ်တန်း ရက်ပ်ပါ တစ်ယောက်အဖြစ် သတ်မှတ်ခံထားရသူပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဂီတချစ်သူတွေအတွက် Hip Hop ဂီတလောကမှာ အနိမ့်အမြင့် အတက်အကျများစွာနဲ့ ၁၀ စုနှစ် တစ်ခုကျော်အကြာ ရပ်တည်လာနိုင်ခဲ့တဲ့ နာမည်ကြီး ရက်ပ်ပါ Kanye West ရဲ့ အကောင်းဆုံး သီချင်း ၁၀ ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Runaway ၊ Flashing Lights စတဲ့သီချင်းတွေ အပါအဝင် Kanye West ရဲ့ လူကြိုက် အများဆုံးနဲ့ အအောင်မြင်ဆုံး သီချင်း ကောင်းတွေကို ခံစားနားဆင်ကြည့်ရအောင်ပါ။

(၁၀) Touch the Sky – Kanye West , Ft. Lupe Fiasco

Source : Kanye West

(၉) Can’t Tell Me Nothing – Kanye West

Source : Kanye West

(၈) Stronger – Kanye West

Source : Kanye West

(၇) Gold Digger – Kanye West Ft. Jamie Foxx

Source : Kanye West

(၆) Blood On The Leaves – Kanye West

Source : Kanye West

(၅) Real Friends – Kanye West

Source : Kanye West

(၄) New Slaves – Kanye West

Source : Kanye West

(၃) Jesus Walks – Kanye West

Source : Kanye West

(၂) Flashing Lights – Kanye West Ft. Dwele

Source : Kanye West

(၁) Runaway – Kanye West Ft. Dwele

Source : Kanye West

ဂီတချစ်သူ ကွီးပရိသတ်တွေရော Kanye West ရဲ့ သီချင်း ကောင်းများစွာထဲက ဘယ်သီချင်းကို အကြိုက်ဆုံး ဖြစ်မလဲ?။

Featured Photo : Harper’s Bazaar