ပြီးခဲ့တဲ့ လပိုင်းတုန်းက ပီအက်စ်ဂျီ အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့် မားကပ်စ် ရက်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။

အခုအခါမှာ ပြင်သစ်ဘီလူးကြီးတွေဟာ ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တာကြောင့် ရက်ရှ်ဖို့ဒ် ရဲ့ အနာဂတ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေရတော့မှာပါ။

Marcus Rashford

Photo : SPORTbible

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူးဟာ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွေ့ဖို့ ရည်မှန်းထားတဲ့ အသင်းခေါင်းဆောင် အမ်ဘာပေ နေရာမှာ အစားထိုးဖို့ ပီအက်စ်ဂျီနဲ့ ချိတ်ဆက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ် ဟာ ယူနိုက်တက်အသင်းနဲ့ ပြီးခဲ့တဲ့ နွေရာသီကမှ တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ နဲ့ လာမယ့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာပါ။ လက်ရှိမှာတော့ ပြင်သစ်ဘီလူးကြီးတွေအနေနဲ့ ရက်ရှ်ဖို့ဒ် ကို ခေါ်ယူဖို့ စိတ်မဝင်စားဖူးလို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါတယ်။

” ပီအက်စ်ဂျီက မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပါဘူး။ ဒီရာသီမှာ ရက်ရှ်ဖို့ဒ်က ကွင်းတွင်းရော ကွင်းအပြင်မှာပါ ရုန်းကန်ရနေရတာကြောင့် သူတို့ လုံးဝ ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ သူက ပီအက်စ်ဂျီ အသင်းကို ပြောင်းရွှေ့ဖြစ်မှာ မဟုတ်ပါဘူး။ အခုထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်တဲ့ အသံတွေထက် ယူနိုက်တက်ကစားသမားဘဝကိုပဲ အာရုံစိုက်ထားတာက သူ့အတွက်ပို အကျိုးရှိနိုင်မှာပါ ” လို့ ပီအက်စ်ဂျီနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက ဆိုထားပါတယ်။

Marcus Rashford

Photo : Goal.com

အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးဟာ စနေနေ့က ဘုန်းမောက်နဲ့ ၂-၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားခွင့် ရခဲ့ပေမယ့် ခြေစွမ်းကောင်းမပြနိုင်သလို ပြီးခဲ့တဲ့ ရာသီတုန်းက ခြွေစွမ်းနဲ့ယှဉ်ရင် ဒီရာသီမှာ အတော်လေး ဆိုးရွားနေတာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အတွင်းမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီသွင်းဂိုး အပါအဝင် ချေပဂိုး ၂ ဂိုးကြောင့်သာ သရဲနီတို့ သရေရမှတ် ၁ မှတ် ရခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။

Featured Photo : The Sun