မနေ့ညက အာဆင်နယ်ရဲ့ အိမ်ကွင်း အီမရိတ်စ်မှာ အိမ်ရှင် အာဆင်နယ် နဲ့ မန်ယူနိုက်တက်အသင်းတို့ ယှဥ်ပြိုင်ခဲ့ကြတဲ့ ပရီးမီးယားလိဂ် ပွဲစဥ်အတွင်း အာဆင်နယ်က ဦးဆောင်ခြင်း စခံလိုက်ရပေမယ့်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဆက်တိုက် သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးတွေနဲ့ ပြိုင်ဘက် ယူနိုက်တက်ကို အလဲထိုးလိုက်နိုင်ခဲ့ပါတယ်။

awb vs gm

Photo Credit : Twitter

ပထမပိုင်း ပွဲချိန်တွေအတွင်း ဧည့်သည် ယူနိုက်တက်အသင်းက ကိုယ့်အသင်းဘက်ခြမ်းမှာသာ ဘောလုံးပေးပို့မှုတွေကို လုပ်ဆောင်နေရပြီး အခြေအနေ ဆိုးရွှားခဲ့ရတယ်။ ရလာတဲ့ ဂိုးဆိုရင်လည်း အဲရစ်ဆင်ရဲ့ vision ကောင်းတဲ့ ပေးပို့မှုကနေ ရပ်ရှ်ဖို့ဒ်က တစ်ကိုယ်တော် စွမ်းဆောင်ရည်နဲ့ သွင်းယူခဲ့တာ။ ဒီဂိုးရပြီး မကြာခင်လေးမှာပဲ အာဆင်နယ်က အသင်း​​ခေါင်းဆောင် အိုဒီဂတ် ပြန်လည် ချေပခဲ့ရင်း ပထမပိုင်း တစ်ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့တယ်။

rice

Photo Credit : Twitter

ဒုတိယပိုင်းမှာ ယူနိုက်တက် play ပိုကောင်းလာခဲ့ရင်း အခွင့်အရေးတွေပါ ရလာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ရဲ့ ကွင်းလယ်ပိုင်းကို သိပ်မယှဥ်နိုင်တာက ပြဿနာ ဖြစ်ခဲ့ရပါတယ်။ လူစားဝင် ကစားသမားလေး ဂါနာချိုရဲ့ သွင်းဂိုး VAR နဲ့ စစ်ဆေးရင်း လူကျွံနေလို့ ဂိုးပယ်ဖျက်လိုက်တာက ဒီပွဲရဲ့ အလှည့်အပြောင်း ဖြစ်ခဲ့သလို မာတီနက်ဇ် လင်ဒီလော့တို့ကို မဖြစ်မနေ လူစားလဲဖို့ လိုလာချိန် သူတို့နေရာမှာ မက်ဂွိုင်းယား နဲ့ အီဗန်စ်တို့ ဝင်ကစားခွင့် ပေးလိုက်ရတာကလည်း ယူနိုက်တက်အတွက် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်လိုက်သလိုပါပဲ။

jesus

Photo Credit : Twitter

တစ်ဂိုးစီ သရေနဲ့ပဲ အဆုံးသတ်တော့မယ်လို့ ထင်ထားချိန် ပရိသတ်တချို့တောင် အိမရိတ်စ်ထဲက ပြန်ထွက်သွားချိန်မှ ဒက်ကလန်ရိုက်စ်က တစ်ဂိုး ဂျေဇုကတစ်ဂိုး ဆက်တိုက် သွင်းယူရင်း (3-1) ဆိုတဲ့ ရလဒ်မျိုး ရုတ်တရက် ပြောင်းလဲသွားပါတယ်။ အာဆင်နယ်ကတော့ ဒီပွဲမှာ ထိုက်ထိုက်တန်တန် နိုင်ပွဲရခဲ့တာလို့ ဆိုနိုင်ပေမယ့် နည်းပြ အဲရစ် တန်ဟက်ဂ် လက်ထက် မန်ယူနိုက်တက်အသင်းရဲ့ Top 6 အသင်းတွေနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရတိုင်း ရလဒ် လုံးဝမကောင်းခဲ့တာ (၉)ပွဲအထိတောင် ရှိသွားခဲ့တဲ့အထိ အတော် အခြေအနေ ဆိုးလွန်းနေရပါတယ်။

Featured Photo : Reuters