ရင်အုပ်မောက်မောက် ကြွက်သား တောင့်တဲ့ ယောကျာ်းဆန်ဆန် ဘော်ဒီမျိုး လိုချင်ပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် အိမ်မှာပဲ လွယ်လွယ်ကူကူ ၊ ထိထိရောက်ရောက် ကစားနိုင်မယ့် လေ့ကျင့်ခန်း နည်းတွေကို မျှဝေပေးချင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ကြည့်ရအောင်ပါ။

(၁) Dip

Source : Calisthenicmovement

Dip လေ့ကျင့်ခန်းကတော့ ဘားတန်းတွေပေါ် အမှီပြုပြီး ကစားရမှာပါ။ ခြေထောက်ကို ကြမ်းပြင်ကနေ မြှောက်ထားပြီး ရင်အုပ်ကြွက်သားတွေကို ညှစ်ထုတ်ကာ ခန္ဓာကိုယ်ကို အတင်အချ ပြုလုပ်ကစားပေးရမှာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ရင်အုပ်ကြွက်သား တောင့်တင်းကြံ့ခိုင်ချင်တဲ့ ကွီးတို့အတွက် အထိရောက်ဆုံး ကစားနည်းတစ်ခု ဖြစ်ပါတယ်။

(၂) Dive-Bomber Pushup

Source : Bodybuilding.com

ခန္ဓာကိုယ်ကို Pushup Position အတိုင်း ပုံစံယူပြီး တင်ပါးကို အပေါ်သို့ ဖြည်းဖြည်းချင်းတွန်းတင်ပြီး မြှောက်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ မူလပုံစံအတိုင်း ပြုလုပ်ပေးရပါမယ်။ ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းပြီး ဖြည်းဖြည်းနဲ့ စည်းချက်မှန်မှန်လေး ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

(၃) Plank Reach Under

Source : Stefano Leggio

ဒီလေ့ကျင့်ခန်းကတော့ အားလုံး ရင်းနှီးပြီးသားဖြစ်တဲ့ Plank လေ့ကျင့်ခန်းကိုပဲ ပုံစံအနည်းငယ်ပြောင်းထားတာ ဖြစ်ပါတယ်။ Plank Position အတိုင်းပဲ ပုံစံယူပြီး လက်တစ်ဖက်ချင်းစီကို ခန္ဓာကိုယ်ရဲ့ အောက်ဘက်ကနေ ဆန့်ကျင့်ဘက်သို့ ရွေ့ပေးရမှာ ဖြစ်ပါတယ်။

(၄) Feet-Elevated Pushup

Source : Glute Lab

Feet-Elevated Pushup ကတော့ ရိုးရိုးဒိုက်ထိုးနည်းနဲ့ အတူတူပါပဲ။ ပြောင်းလဲသွားတာ တစ်ခုကတော့ ခြေထောက်ကို သေတ္တာတစ်လုံး သို့မဟုတ် ခုံတန်းလျားပေါ် အမြင့်မှာတင်ထားရမှာ ဖြစ်ပါတယ်။ ခါးကို ကုန်းကုန်းကွကွမဖြစ်စေပဲ ခန္ဓာကိုယ်နဲ့တဖြောင့်တန်း ရှိအောင် ဂရုစိုက်ပေးရပါမယ်။ ပြီးရင်တော့ ပုံမှန်ဒိုက်ထိုးနည်းအတိုင်း တစ်ချက်ချင်း ဖြည်းဖြည်းနဲ့မှန်မှန် ကစားပေးရမှာ ဖြစ်ပါတယ်။

Featured Photo : Muscle & Fitness