သည်းထိတ် ရင် ဖို ဇာတ်ကားမျိုးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင် ကြည့် ပရိသတ်တွေသည် သည်းထိတ် ရင် ဖို ဂိမ်းမျိုးကို ဆော့ ကစားရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ ကွီးတို့ကလည်း သည်းထိတ် ရင် ဖို ဂိမ်းမျိုးကို ဆော့ ကစားရတာကို ကြိုက်နှစ်သက်တဲ့ အမျိုးအစားထဲမှာ ပါတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဂိမ်းတွေကိုလည်း ကြိုက်နှစ်သက်မှာ အမှန်ပါပဲ။

Dead by Daylight

Dead by Daylight

ဒီဂိမ်းကတော့ ၂၀၁၆ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အကောင်းဆုံး ဂိမ်းတွေထဲမှာ သူလည်း တစ်ခု အပါအဝင်မို့လို့ ကွီးတို့ အသည်းမခိုင်ရင်တော့ မဆော့ကြပါနဲ့။

Gylt

Gylt

ဒီဂိမ်းကတော့ Survival ဂိမ်း ပုံစံမျိုးပါ။ ဂိမ်းထဲမှာ အသက်ရှင် ကျန်ရစ်အောင် ဆော့ကစားရမှာပဲ ဖြစ်ပါတယ်။ ဒီးဂိမ်းကတော့ ၂၀၁၉ တုန်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုပါ။

The Baby In Yellow

ရင် ဆော့

ဒီဂိမ်းကတော့ ၂၀၂၃ ကမှ ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ The Baby In Yellow ဆိုတဲ့ အတိုင်းပဲ ဂိမ်းထဲက ကလေးက ကျောချမ်းစရာပါပဲ။

Ice Scream 7 Friends: Lis

ရင် ဆော့

နောက်ထပ် ဂိမ်းတစ်မျိုးကလည်း သည်းထိတ်ရင်ဖို ဂိမ်းချစ်သူများကြားထဲမှာ ရေပန်းစား ပေါ်ပြူလာဖြစ်ပါတယ်။ ကြောက်စရာကောင်းတဲ့ လူပြက်ထဲကနေ လွတ်မြောက်အောင် ပြေးလွှားနေရမှာ ရင်တထိတ်ထိတ် ခံစားချက်ကြီးကို ဂိမ်းကစားနေတုန်းမှာ ခံစားရမှာပါ။

Alone in the Dark

ရင် ဆော့

ဒီဂိမ်းကလည်း Survival ဂိမ်းတစ်ခုပါပဲ။ ဒီနှစ်မှာမှ ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့ နဂို မူလဂိမ်းဖြစ်တဲ့ ၁၉၉၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဂိမ်းထက် ပိုကြောက်ဖို့ ကောင်းပါတယ်။

LIMBO

ရင် ဆော့

ဒီဂိမ်းကလည်း Android ဖုန်းမှာရော iOS ဖုန်းမှာပါ ဆော့ကစားနိုင်ပါတယ်။​ Jump Scares တွေတော့ အများကြီး မရှိပေမယ့် သူ့ဟာနဲ့သူ ကြောက်စရာကောင်းတာတော့ ကွီးတို့ ဆော့ဖူးမှ သိပါလိမ့်မယ်။

အခုဖော်ပြသွားတဲ့ ဂိမ်းတွေကတော့ လက်ရှိမှာ လူကြိုက်များနေတဲ့ သည်းထိတ် ရင်ဖို ဂိမ်းတွေပဲဖြစ်ပါတယ်။ ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်ဂိမ်းတွေကို ဆော့ဖူးပါသလဲ။

Source: Uptodown

Featured Image: Gamerant.com