ဇာတ်ကားကောင်း တစ်ကားဆိုတာ တစ်ခါ ကြည့်လိုက်တာနဲ့ ရင် ထဲမှာ တသသ ကျန်ရစ်ခဲ့နေတာမျိုးပါ။ ဇာတ်ကားကြည့်ရတဲ့ အချိန်ကြောင့် ကုန်သွားတဲ့အချိန်တွေ အလဟဿ ဖြစ်မသွားဘဲနဲ့ ဘဝအတွက် အဓိပ္ပါယ်ရှိတဲ့ ဘဝ သင်ခန်းစာတစ်ခုခုကို ပေးစွမ်းမယ့် ဇာတ်ကားမျိုးကိုသာ ကြည့်ရှုသင့်ပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ ရင် ထဲ တသသ စွဲကျန်ရစ်တဲ့ ဇာတ်ကားမျိုးလည်း ရွေးချယ်နိုင်ပါတယ်။ ဒါမှသာ ရုပ်ရှင်ကြည့်ရတာလည်း စိတ်ပြေလက်ပျောက်ဖြစ်ပြီး အချိန်တွေလည်း အလဟဿ ကုန်ဆုံး မသွားမှာ ဖြစ်ပါတယ်။

(၁) Forrest Gump

Forrest Gump ကတော့ ညွှန်းနေစရာ မလိုလောက်အောင် ကောင်းလွန်းတဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးသည် ၁၉၈၆ ခုနှစ်က ထွက်ရှိထားတဲ့ ဝတ္ထုကို အခြေခံကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Forrest Gump ဆိုတဲ့ လူငယ်သည် ဉာဏ်ရည်နိမ့်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူသည် သူ့ရဲ့ငယ်ချစ်ဦးဖြစ်သူ ဂျင်းနီနဲ့ ပြန်လည်ဆုံဆည်းချင်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သို့သော် သမိုင်းအလှည့်အပြောင်းတစ်ကွေ့က သူ့ဘဝအပေါ် ဘယ်လိုရိုက်ခတ်မလဲ ဆိုတာကိုတော့ Forrest တစ်ယောက် မသိသေးပါဘူး။

Source: Paramount Movies

(၂) Shawshank Redemption

Prison Break ဆိုတဲ့ နာမည်ကြီးစီးရီး ဇာတ်ကားသည် ဒီဇာတ်ကားကို အကြံဉာဏ်အချို့မှီငြမ်းကာ ဇာတ်အိမ်တည်ဆောက် ခဲ့တယ်ဆိုတာ သိသာပါတယ်။

Andy Dufresne ဆိုတဲ့ အောင်မြင်တဲ့ ဘဏ်လုပ်ငန်းရှင် တစ်ယောက်သည် သူ့ရဲ့ဇနီးမယားကို သတ်လိုက်တဲ့ အတွက်ကြောင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် အကျခံခဲ့ရပါတယ်။

သင့်ရဲ့ မျှော်လင့်ချက်သည် သင့်ကို ဘဝအတွေ့အကြုံများစွာ ပေးစွမ်းမှာဖြစ်ကြောင်း ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဘဝသင်ခန်းစာ ရရှိစေမယ့် ဇာတ်ကားကောင်း တစ်ကားထဲမှာ သူလည်း ပါဝင်ပါတယ်။

Source: Warner Bros. Entertainment

(၃) 3 Idiots

တက္ကသိုလ် လူငယ် (၃) ယောက်ကို အခြေတည်ကာ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒါမေး ၊ ဒါကျက် ၊ ဒါဖြေ စနစ်နဲ့ ခေါက်ရိုးကျိုးနေပြီး လူငယ်တွေရဲ့ တီထွင်ကြံဆမှု ၊ ကိုယ်ပိုင်နည်းဟန်များကို ပိတ်ပင်ထားတဲ့ ပညာရေးစနစ်ရဲ့ လစ်ဟာမှုများ ၊ ချို့ယွင်းချက်များကို ကွက်ကွက်ကွင်းကွင်း မြင်ရအောင် သရုပ်ဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဆရာဝန်ကြီးဖြစ်ရမယ် ၊ အင်ဂျင်နီယာကြီး ဖြစ်ရမယ်ဆိုတဲ့ မိဘရဲ့ သားသမီးအပေါ် ဖြစ်စေချင်တဲ့ ဖိအားများအကြား ၊ ဆရာနဲ့ ကျောင်းသားများကြား ဖိအားတို့ကို သရုပ်ဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဟာသ ဒရာမာဇာတ်ကားဖြစ်တာကြောင့် ရယ်ရွှင်မြူးရတဲ့ အခန်းလေးတွေ ပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲမှာ စွဲကျန်ရစ်စေမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။

Source: Netflix India

(၄) Great Freedom

ဂျာမနီစစ်ပွဲပြီးတဲ့အချိန်ကို နောက်ခံထားကာ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မဟာမိတ်အချင်းချင်း မယုံမကြည်မှုတွေကြောင့် ပြည်သူအားလုံးသည် မလွတ်မလပ်နေနေရတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ထိုအထဲမှ Hans ဆိုတဲ့ အမျိုးသားသည် သူ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှု သဘာဝကြောင့် ဥပဒေပုဒ်မ ၁၇၅ အရ ထောင်ဒဏ်ချခံရတာ ဖြစ်ပါတယ်။

သူသည် ဆယ်စုနှစ် တစ်ခုကြာအောင် စပိုင်အလုပ်ခံရပြီး မကြာခဏဆိုသလို ထောင်ထဲသို့ အဝင်အထွက်လုပ်နေရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ထောင်ထဲကို ခဏခဏ ဝင်လိုက် ထွက်လိုက် လုပ်နေရတော့ ကြာလာတဲ့အခါ သူ့ရဲ့ ထောင်အခန်းဖော် Viktor နဲ့ သံယောဇဉ် တွယ်လာပါတယ်။ နောက်ပိုင်းမှာ ဘယ်လို ဆက်ဖြစ်မလဲဆိုတာတော့ ရုပ်ရှင် ချစ်သူ ကွီး တို့ပဲ ဒီ ဇာတ်ကားသစ် လေးကို စောင့်ကြည့်လိုက်ပါ။

Source: MUBI

(၅) Pursuit Of Happyness

Chris Gardner ဆိုတဲ့လူသည် သူ့ရဲ့ ချွေးနည်းစာနဲ့ စုဆောင်းထားတဲ့ ပိုက်ဆံများကို ပိုက်ဆံများများ ရဖို့အတွက် ရင်းနှီးမြှုပ်နှံပစ်လိုက်ပါတယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုတွေကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဆုံးရှုံးသွားတဲ့ အခါမှာတော့ သူ့ရဲ့ အမျိုးသမီးက သူ့ကို ထားခဲ့ပြီး သူကတော့ သူ့သားကို ပြုစုစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဇာတ်ကားခေါင်းစဥ်ကတော့ ပျော်ရွှင်မှုကို ရရှိဖို့ ကြိုးစားခြင်း ဖြစ်ပြီး ဇာတ်လိုက်တစ်ယောက် သူ့ရဲ့ ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေ သလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ အချိန်ရရင် သေသေချာချာ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

Source: Rotten Tomatoes Classic Trailers

ကွီးတို့ရော သေသေချာချာ အချိန်ပေးပြီး ကြည့်ချင်တယ်ဆို ဘယ်လိုဇာတ်ကားမျိုးကို ကြည့်ချင်ပါသလဲ။

Featured Image: Freepik