ဟာရီကိန်း ဆွန်ဟောင်မင်တို့လို ထိပ်တန်း တိုက်စစ် ကစားသမားတွေ ရှိနေတဲ့ တိုက်စစ် အစုအဖွဲ့ထဲကို ရစ်ချာလီဆန် လို ဆမ်ဘာ ကြယ်ပွင့်တစ်ဦး ထပ်မံ အားဖြည့်လိုက်ချိန်မှာ လန်ဒန် ကြက်ဖကြီးရဲ့ တိုက်စစ်ပိုင်းက တော်တော်လန်းပြီလို့ ကျွန်တော်တို့ ယူဆခဲ့ကြပေမယ့်လည်း အခုချိန်ထိ စပါးအသင်းအတွက် ရစ်ချာရဲ့ ပရီးမီးယားလိဂ်ဂိုးက ‘zero’ သာ ဖြစ်နေရပါတယ်။

Richarlison spurs

Photo Credit : Football London

စပါးက ရစ်ချာလီဆန်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀) အသုံးပြုပြီး အဲဗာတန်ကနေ ခေါ်ယူခဲ့တယ်။ ရစ်ချာလီဆန် ဆိုတာကလည်း သူ ဘယ်လို ကစားသမားလဲဆိုတာ ဝက်ဖို့ဒ် နဲ့ အဲဗာတန်တို့မှာ သက်သေပြနိုင်ခဲ့တဲ့သူ။ ဒါပေမယ့် စပါးမှာတော့ ပြိုင်ပွဲစုံ (၂၈)ပွဲအထိ ကစားထားချိန်မှာ သူရဲ့ စုစုပေါင်း သွင်းဂိုးက (၂)ဂိုးသာ ရှိထားခဲ့ရပြီး အဲ့ဒီ(၂)ဂိုးဟာလည်း မာဆေးလ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ တစ်ပွဲတည်းမှာသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Richarlison tottenham

Photo Credit : Twitter

ဒီလို ဂိုးအရေအတွက် နည်းနေတာက သူရဲ့ဒီရာသီအတွင်း ခြေသလုံး ဒဏ်ရာ ၊ တံကောက်ကြော ဒဏ်ရာတွေကြောင့် ပွဲကစားတွေ သိပ်မရတာကြောင့်လို့ ပြောနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာ မိနစ်ပေါင်း (၇၆၂)ပွဲ ကစားထားရချိန်မှာတောင် သူရဲ့ ပရီးမီးယားလိဂ်ဂိုးက ‘zero’ ဖြစ်နေတာက သူ့အတွက်ရော သူ့ကို ပေါင်သန်း(၆၀)နဲ့ ခေါ်ယူထားတဲ့ စပါးအသင်းအတွက်ပါ ထိုးနှက်ချက် ဖြစ်နေစေရပါတယ်။ အခုက ဒဏ်ရာ အခြေအနေတွေ ပွဲကစားခွင့် နည်းပါးမှုတွေတင် မကတော့ပဲ offside trap လူကျွံထောင်ခြောက်မိနေခြင်း ဂိုးသွင်းပြီး VAR မှာ လူကျွံနေရခြင်းတွေပါ ရစ်ချာရဲ့ ပရီးမီးယားလိဂ်ဂိုးကို စတင် မြင်တွေ့ရဖို့ ခက်ခဲနေရပါတယ်။

Richarlison tot

Photo Credit : ESPN Twitter

ရစ်ချာက စပါးအသင်းအတွက် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ဈေးဦးမပေါက်သေးချိန်မှာ ဝုလ်ဗ်ရဲ့ တိုက်စစ်မှူးကြီး ဒီယေဂို ကော်စတာပင် ၂၀၁၇နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ဂိုးကို ပြီးခဲ့တဲ့ တစ်ပတ်က သွင်းယူထားနိုင်ပါသေးတယ်။ စပါးက ဘုန်းမောက်ကို ရှုံးနိမ့်တဲ့ ပွဲစဉ်မှာလည်း ရစ်ချာရဲ့ ဂိုးကို မြင်ခဲ့ရပေမယ့်လည်း ထုံးစံအတိုင်း VAR နဲ့ လူကျွံနေပြန်ပါတယ်။ လက်ရှိမှာ စပါးက ပရီးမီးယားလိဂ် တစ်ခုတည်း ဆင်နွဲနေချိန် ရစ်ချာအနေနဲ့ စပါးအတွက် ပရီးမီးယားလိဂ်ဂိုးတွေ သွင်းယူလားနိုင်မလားဆိုတာ…

Featured Photo : The Analyst