လူတိုင်းလူတိုင်းသည် အောင်မြင်မှုကို လိုလားတောင့်တကြသူတွေချည်းပဲ ဖြစ်ပါတယ်။ သို့သော် တကယ့် တကယ်တမ်းအောင်မြင်မှုကို ရရှိပိုင်ဆိုင်ဖို့အတွက် ကြိုးစားအားထုတ်မှု မရှိကြပါဘူး။ အချို့ကလည်း ကြိုးစားအားထုတ်ပါရဲ့ ၊ သို့သော် နည်းလမ်းမမှန်တဲ့အခါ အနာတခြား ဆေးတခြားဖြစ်ပြီး ကြိုးစားသမျှသည် အရာမထင်ဖြစ်သွားတတ်ပါတယ်။ ကိုယ့် ရည်မှန်းချက် ပန်းတိုင် ကို ပြည့်မြောက်အောင် ကြိုးစားနေတဲ့ ကွီးတို့အတွက် နည်းမှန်လမ်းမှန်နဲ့ ကူညီပေးမယ့် အလေ့အကျင့် ကောင်းများရှိပါတယ်။

ကိုယ့် ရည်မှန်းချက် ပန်းတိုင် အတွက် ဒီ အလေ့အကျင့် ကောင်းများကို အသုံးချတဲ့အခါ အောင်မြင်မှုသည် သင့်အတွက်ပဲဖြစ်ပါတယ်။

စာရင်းဇယားပြုလုပ်ထားပါ

ရည်မှန်းချက် ပန်းတိုင် အလေ့အကျင့်

ကိုယ့်ရဲ့ အိပ်မက်တွေ ပြည့်မြောက်ဖို့အတွက်ဆိုရင် အရင်ဦးဆုံးသင်သည် ဘာလုပ်ချင်သလဲ။ ဘယ်နေရာမှာ ရောက်နေသလဲဆိုတာကို သိအောင် လုပ်ရမှာဖြစ်ပါတယ်။ ပြီးရင် ဘယ်အရာတွေကို ပြီးမြောက်အောင် လုပ်ချင်သလဲဆိုတာကိုပါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးလိုက်ပါ။

ထို့နောက် ၃ မိနစ် အချိန်သတ်မှတ်ထားပါ။ ၃ မိနစ်အတွက် ကိုယ် လုပ်ချင်တဲ့အရာတွေအားလုံးကို ချရေးလိုက်ပါ။ ၃ မိနစ်ပြည့်သွားတဲ့အခါ ကိုယ့်ရဲ့ စာရင်းဇယားလေးကို ပြန်ကြည့်လိုက်ပါ။ သင် လုပ်ချင်တဲ့အရာတွေသည် အများအပြားရှိတဲ့အထဲက လက်တွေ့မဆန်တဲ့ ရည်မှန်းချက်များကို ခဏမေ့ထားကာ လက်တွေ့ဆန်တဲ့အရာများကို ဦးစားပေးလိုက်ပါ။

ထိုမှတ်စုကို သင့်ရဲ့ အံဆွဲထဲမှာပဲ ပိတ်လှောင်ထားမယ်ဆိုရင်တော့ အစကတည်းက ချရေးမထားပါနဲ့။ ကိုယ်က လုပ်ဆောင်လိုစိတ်အမှန်တကယ်ပြင်းပြပြီး အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်ချင်တယ်ဆိုမှ ဒီနည်းလမ်းကို ကျင့်သုံးရမှာဖြစ်ပါတယ်။

အလုပ်စားပွဲကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားပါ

ရည်မှန်းချက် ပန်းတိုင် အလေ့အကျင့်

ရှုပ်ပွ ညစ်ပတ်နေတဲ့ အလုပ်စားပွဲသည် သင့်ကို စိတ်အိုက်စေပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အိုင်ဒီယာတွေ မထွက်ဘဲ လူက အလိုလိုနေရင်း စိတ်တိုဒေါသထွက်တတ်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ အလုပ်စားပွဲကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားပြီး အလုပ်များများ လုပ်ချင်စိတ်ပေါ်လာအောင် လုပ်ဆောင်ရပါမယ်။

အနှောင့်အယှက်များကို တတ်နိုင်သမျှ ဝင်ရောက်မလာအောင် လျော့ချပါ

ရည်မှန်းချက် ပန်းတိုင် အလေ့အကျင့်

ဖုန်းထဲက နိုတီတွေ တတောင်တောင် ဝင်လာခြင်း၊ ငါးမိနစ်လောက်လေး ဆိုရှယ်မီဒီယာ သုံးလိုက်ဦးမှဆိုပြီး စိတ်ထဲ ဝင်လာတာနဲ့ သင် ဆက်လက်လုပ်ဆောင်ရမယ့်အရာများ ရပ်တန့်သွားပြီလို့သာ မှတ်ယူလိုက်ပါ။ သင် စောစောက တွေးထင်လိုက်တဲ့ ငါးမိနစ်သည် ငါးမိနစ်ကနေ ဆယ်မိနစ်၊ ဆယ်မိနစ်ကနေ တစ်နာရီဖြစ်သွားနိုင်ပါတယ်။ ဖုန်းသုံးချင်တယ်ဆိုရင်တောင် အလုပ်တစ်ခုပြီးသွားမှ သုံးနိုင်ပါတယ်။ နို့မဟုတ်ရင် ဆိုရှယ်မီဒီယာတွေက သင့်ကို ဖုန်းချည်းပဲ ဆက်သုံးချင်လာအောင် ဆွဲဆောင်နေမှာဖြစ်ပါတယ်။

မနက်စောစော အိပ်ရာထပါ

ရည်မှန်းချက် ပန်းတိုင် အလေ့အကျင့်

အလုပ်အရမ်းများတဲ့ စွန့်ဦးတီထွင်သူတွေ သူတို့ရဲ့ အလုပ်ကို များများနဲ့ မြန်မြန်ပြီးမြောက်ချင်ကြတဲ့အခါ သူတို့သည် စောစောထခြင်း အလေ့အကျင့်ကို လုပ်ဆောင်ကြပါတယ်။ သင်သည် နောက်ကျမှ အိပ်ရာထတတ်သူတစ်ယောက်ဆိုရင်တော့ တစ်ရက် တစ်မနက်တည်းနဲ့ စောစောထဖို့ ကျင့်ယူလို့ရမှာမဟုတ်ပါဘူး။

အလေ့အကျင့်တစ်ခု စွဲမြဲသွားဖို့ရန်အတွက် အနည်းဆုံး ၂၁ ရက်ကြာ အချိန်ယူရတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။ သင့်အနေနဲ့ မနက်စောစော အိပ်ရာထတဲ့အကျင့်ကို ကျင့်ယူချင်တယ်ဆိုရင်တော့ ၂၁ ရက်တိတိ တူညီတဲ့အချိန်တစ်ခုတည်းမှ အိပ်ရာင်ဝင်ခြင်း၊ အိပ်ရာထခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ကိုယ့်ရဲ့ ပိတ်ရက်များကို အကျိုးရှိရှိ အသုံးချပါ

man relax

ပိတ်ရက်လေးပဲ အနားယူလိုက်ဦးမှ ဆိုပြီး တစ်နေကုန် ဘာမှ မလုပ်ဘဲ တီဗွီပဲ ထိုင်ကြည့်နေမယ်။ အိပ်ပဲ အိပ်နေမယ်ဆိုရင်တော့ သင့်အတွက် Productive ဖြစ်မှာမဟုတ်တဲ့အပြင် ရည်မှန်းချက် ပန်းတိုင် ပြည့်မြောက်အောင် ဆောင်ရွက်နေသူများအတွက် အလေ့အကျင့် ကောင်းတစ်ခုမဟုတ်ပါဘူး။

ပိတ်ရက်များနဲ့ သင့်ကိုယ်သင် အလိုမလိုက်ဘဲ ကြားရက်တွေမှာ လုပ်ဆောင်နေကျအတိုင်း ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။

အချိန်ဖြုန်းခြင်း၊ အချိန်ဆွဲတတ်ခြင်း အစရှိတဲ့ အကျင့်များကို ဖျောက်ပါ

man relax

ဒီအလေ့အကျင့်ကတော့ တကယ့်ကိုအန္တရယ်အများဆုံး အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ အလုပ်လုပ်ရတာ တစ်နာရီ နှစ်နာရီပြည့်သွားလို့ အနားယူချင်တဲ့အခါ အချိန်တစ်ခု သတ်မှတ်ပြီး Alarm ပေးထားလိုက်ပါ။ Alarm ပေးထားချိန်မှာ သင့်ရဲ့ မျက်လုံးကိုရော သင့်ရဲ့ စိတ်ကိုပါ အနားပေးလိုက်ပြီး ဘာကိုမှမတွေးဘဲ အားရပါးရ အနားယူလိုက်ပါ။ Alarm မြည်တဲ့အချိန်မှာ သင့်ရဲ့ စိတ်ကို ပြန်လည်ပြင်ဆင်ကာ လုပ်စရာရှိတဲ့ အလုပ်များကို ဆက်လုပ်လုပ်ဆောင်နိုင်ပါတယ်။ ဒီနည်းလမ်းလေးသည် သင့်ကို Productive ဖြစ်စေပြီး အလုပ်တာဝန်များ မြန်မြန်ပြီးမြောက်အောင် ကူညီပေးနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဆုချပါ

man relax

ကိုယ့်ရဲ့ သတ်မှတ်ထားတဲ့ အလုပ်တာဝန်တစ်ခု ပြီးမြောက်သွားပြီး ရည်မှန်းချက် ပန်းတိုင် တစ်ခု ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချခြင်းသည်လည်း ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပဲဖြစ်ပါတယ်။ ဒီလို ဆုချခြင်းအားဖြင့် ပိုမိုအားတက်သွားစေပြီး ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေမှာ စိတ်ခွန်အား ပိုမိုရရှိအောင် ဆောင်ရွက်ပေးပါတယ်။ ဈေးကြီးလွန်းတဲ့ ဆု ကြီးကြီးမားမား ချရမယ်လို့ မဆိုလိုပါဘူး။ ကိုယ် စားချင်တဲ့အစားအစာတစ်ခုခု (သို့) ကိုယ် လိုချင်တဲ့ပစ္စည်းတစ်ခုခု ဝယ်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ဆုချနိုင်ပါတယ်။

အခုဖော်ပြသွားတဲ့ နည်းလမ်းတွေသည် ကွီးတို့ရဲ့ အောင်မြင်မှုအတွက် ရလာဒ်ကောင်းတွေ ရရှိအောင် ကူညီပေးနိုင်မယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။

Source: Entrepreneur

Featured Image: Inc