ရည်မှန်းချက် ကြီးမားပြီး အဓိပ္ပာယ်ပြည့်စုံကာ အောင်မြင်တဲ့ ဘဝ မျိုးကို ပိုင်ဆိုင်ချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းများ ရှိပါတယ်။

လူတိုင်းကတော့ အောင်မြင်ပြီး ချမ်းသာကြွယ်ဝတဲ့ဘဝကို ပိုင်ဆိုင်ချင်ကြပါတယ်။ သို့သော် ကြိုးစားအားထုတ်မှုတော့ များများစားစား မစိုက်ထုတ်ချင်ကြပါဘူး။ တချို့ကလည်း ကြိုးစားအားထုတ်ပေမယ့် နည်းလမ်းမမှန်တဲ့အခါ ပင်ပန်းပြီး ခြေကုန်လက်ပမ်းကျတာပဲ အဖတ်တင်လာပါတယ်။

တကယ်တော့ ရည်မှန်းချက် ကြီးမားပြီး အောင်မြင်တဲ့ ဘဝ ကို ပိုင်ဆိုင်ဖို့အတွက် ခက်ခက်ခဲခဲ အားထုတ်ကြိုးပမ်းနေစရာမလိုပါဘူး။ အခုဖော်ပြပေးမယ့် နည်းလမ်းများကို ပုံမှန်အတိုင်း ဖြည်းဖြည်းချင်းစီ လိုက်နာဆောင်ရွက်နိုင်သွားမယ်ဆိုရင် အောင်မြင်ခြင်းက လက်တစ်ကမ်းမှာ သင့်ကို စောင့်ကြိုနေပါတယ်။

မကောင်းတဲ့ အကျင့်တစ်ခုကို ဖျောက်ဖျက်ပါ

tips for kwee to be successful

ကျွန်တော်တို့ရဲ့ မကောင်းတဲ့ အကျင့်တစ်ခုသည် ကျွန်တော်တို့သွားချင်တဲ့ ရည်မှန်းချက် ဆီသို့ မရောက်အောင် အောင်မြင်တဲ့ ဘဝ ဆီသို့ မသွားနိုင်အောင် တားဆီးနေတဲ့အရာတစ်ခု ဆိုလည်း မမှားပါဘူး။ ဥပမာ – အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးတစ်ခု ရှိနေတယ်ဆိုပါစို့။ ထိုအကျင့်ကို ဖျောက်ဖျက်လိုက်မယ်ဆိုရင် အလုပ်များလည်း မြန်မြန်ပြီးမြောက်မှာဖြစ်ပြီး အခြားသော လုပ်စရာရှိတာမျိုးကို ပြုလုပ်နိုင်မယ့်အချိန်လည်း ပိုထွက်လာမှာဖြစ်ပါတယ်။

တခါတရံမှာ မကောင်းတဲ့အကျင့်သည် ပျောက်သွားတယ်ထင်ပေမယ့် သင့်ရဲ့စိတ်ကို အလိုလိုက်မယ်ဆိုရင်တော့ ထိုအကျင့်ဆိုးကို နောက်တစ်ဖန် ထပ်မံပြုလုပ်နေမိမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်စိတ်ကို အနိုင်ပိုင်းကာ မကောင်းတဲ့အကျင့်ဆိုးတစ်ခုကို ရနိုင်သမျှ ဖျောက်ဖျက်ပစ်ရပါမယ်။

တီဗွီ မကြည့်ပါနဲ့

tips for kwee to be successful

တီဗွီ ရှေ့မှာထိုင်ပြီး အချိန်ဖြုန်းခြင်းသည် သင့်ဘဝအတွက် တန်ဖိုးရှိတဲ့ အဖိုးတန်အချိန်များကို အလဟဿဖြုန်းတီးပစ်လိုက်တာနဲ့အတူတူပါပဲ။ သင့်မှာ တီဗွီ ကြည့်ဖို့အချိန်ရှိနေသေးတယ်ဆိုရင် အောင်မြင်မှုက သင့်အတွက် မဟုတ်သေးပါဘူး။ ဒါ့ကြောင့် တီဗွီ ကြည့်မယ့်အချိန်ထဲကနေ ကိုယ့်အတွက် သင်တန်းတက်ရမယ့် အချိန်များကို ဖဲ့ပေးလိုက်ပါ။ ကိုယ့်ရဲ့အရည်အချင်းကို တိုးတက်လာအောင် ပြုလုပ်သင့်တဲ့အရာများအတွက် အချိန်ဖဲ့ပေးလိုက်ပါ။

တီဗွီ မကြည့်ရဘူးဆိုတော့ အနားယူချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

ကိုယ့်ဘဝအတွက် ဘယ်အရာကို အမှန်တကယ်လိုအပ်သလဲဆိုတာ စဉ်းစားပါ

ရည်မှန်းချက် ဘဝ

သင့်ဘဝကို သင့်စိတ်တိုင်းကျနေထိုင်နေရဲ့လားဆိုတာ ပြန်စဉ်းစားလိုက်ပါ။ သင့်ဘဝကြီးကရော သင့်အတွက် အဓိပ္ပာယ်ရှိရဲ့လား။ အဓိပ္ပာယ်မဲ့စွာ ရှင်သန်နေမိသလား စတဲ့မေးခွန်းများကို ပြန်လည်သုံးသပ်ပြီး မေးခွန်းထုတ်လိုက်ပါ။

ပျော်ရွှင်မှုကို ရှာဖွေချင်တာလား။ ကိုယ့်မိသားစုအတွက် သာယာပျော်ရွှင်တဲ့ မိသားစုဘဝမျိုး၊ သက်သောင့်သက်သာနဲ့ နေထိုင်ရမယ့် ဘဝမျိုး ဖန်တီးပေးချင်တာလား။ အလုပ်မှာ ရာထူးကောင်းကောင်း လိုချင်တာလား။

သင့်ဘဝက သင် မျှော်လင့်ထားသလို ဖြစ်မလာသေးဘူးဆိုရင် အခုကစ အသစ်တစ်ဖန် ပြန်စနိုင်ပါပြီ။

ကိုယ် နှစ်သက်တဲ့အရာတွေအတွက်လည်း အချိန်ပေးဖို့မမေ့ပါနဲ့

ရည်မှန်းချက် ဘဝ

သင့်မှာ သင် နှစ်သက်တဲ့ ဝါသနာတစ်ခုရှိတယ်ဆိုရင် လက်ထောင်ပါ။

ဟုတ်ပါတယ်။ လူတိုင်းမှာ ဝါသနာတစ်ခုစီရှိကြပါတယ်။ သူတို့သည် ထိုဝါသနာကို ပြုလုပ်နေရတဲ့အခါ ပျော်ရွှင်တတ်ကြပါတယ်။

အချို့က စာဖတ်ရတာ ဝါသနာပါတယ်။ အချို့က ခရီးသွားရတာကို ပျော်မွေ့တယ်၊ အချို့က သီချင်းနားထောင်ရတာကို နှစ်ခြိုက်တယ် စသည်ဖြင့် ဝါသနာကိုယ်စီ ရှိကြပါတယ်။ ဆိုဖာပေါ်မှာ တီဗွီကြည့်ကာ အချိန်ဖြုန်းမယ့်အစား သင့်ရဲ့ ဝါသနာအတွက် အချိန်ပေးလိုက်ပါ။ သင်ကိုယ်တိုင်လည်း ပြုလုပ်ရတာ ပျော်မွေ့လာပြီး ဘဝကြီးသည် ရှင်သန်နေထိုင်ရတာ ပိုမိုအဓိပ္ပာယ်ရှိလာပါလိမ့်မယ်။

ဒီလိုမှမဟုတ်သေးဘူး။ သင့်အနေနဲ့ ဝါသနာအသစ်မျိုး ပြုစုပျိုးထောင်ချင်လည်း ရပါတယ်။ ပန်းချီဆွဲ လေ့လာတာမျိုး၊ သစ်ပင်ပန်းမာန်စိုက်ပျိုးတာမျိုး၊ ဘာသာစကားအသစ်တစ်မျိုး လေ့လာတာတွေ စတာတွေအတွက်လည်း အချိန်ပေးနိုင်ပါတယ်။ ထိုဝါသနာများသည် သင့်အောင်မြင်မှုအတွက် တစ်ချိန်ချိန်မှာ အကျိုးပြုစေမယ့်အရာတွေပဲ ဖြစ်ပါတယ်။

စိတ်ကူးယဉ်လောကထဲက ရုန်းထွက်လိုက်ပါ

ရည်မှန်းချက် ဘဝ

Photo: Theawesomemix

ကိုယ်အလေးချိန် ၁၀ ပေါင်လောက် ကျသွားရင်၊ နိုင်ငံခြားထွက်ပြီး ပညာတော်သင် သွားနိုင်ရင်၊ အဲ့ဒီအလုပ်ရရင် အစရှိတဲ့ စိတ်ကူးယဉ်တဲ့ပုံစံမျိုးဖြင့် ကိုယ့်ကိုယ်ကိုယ် မျှော်လင့်ချက်တွေ ပေးနေမိပြီလား။

မျှော်လင့်ချက်အတုအယောင်တွေ ပေးနေမယ့်အစား အမှန်တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်လိုက်လို့ရပါတယ်။ သင်သည် သင်ထင်ထားတာထက်တောင် လုပ်ဆောင်နိုင်စွမ်း ပိုများတဲ့ လူသားတစ်ယောက်ဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် စိတ်ကူးယဉ် လောကကြီးထဲမှာပဲ ပိတ်လှောင်မထားဘဲ လက်တွေ့လောကထဲမှာ နေထိုင်ရင်း ထိုစိတ်ကူးယဉ် လောကကို အမှန်တကယ် ဖြစ်လာအောင် အကောင်အထည်ဖော်လိုက်ပါ။

ဖုန်းထဲက ဆိုရှယ်မီဒီယာများကို ဖျက်ပစ်လိုက်ပါ

ရည်မှန်းချက် ဘဝ

ဆိုရှယ်မီဒီယာများသည် သင့်အချိန်ကို တဖြည်းဖြည်း တိုက်စားနေတဲ့အရာတွေဖြစ်ပါတယ်။ မျက်လုံးနှစ်လုံး ပွင့်လိုက်တာနဲ့ ဆိုရှယ်မီဒီယာပေါ်တက်ပြီး နောက်ဆုံးပေါ် သတင်းတွေကို လိုက်ဖက်ရတာ အမောပါပဲ။ သို့သော် သတင်းဆိုတာထက် အတင်းအဖျင်းတွေဆိုရင် ပိုမှန်ပါလိမ့်မယ်။ ထိုအတင်းအဖျင်းတွေက ရည်မှန်းချက် ကြီးမားတဲ့ ဘဝ မျိုးအတွက်တော့ အနှောင့်အယှက်တွေပါပဲ။

သင့်အနေနဲ့ စစ်မှန်တဲ့ သတင်းအစစ်အမှန်တွေကိုသာ နားထောင်ချင်တယ်ဆိုရင် သတင်းချန်နယ်တွေရှိပါတယ်။ ထိုသတင်းချန်တယ်တွေက ရရှိတဲ့သတင်းများကို ကိုယ်ကိုယ်တိုင် ဝေဖန်သုံးသပ်ကာ ချင့်ချိန်ယုံကြည်နိုင်ပါတယ်။

သို့သော် ဆိုရှယ်မီဒီယာများကတော့ ဘယ်သူကတော့ ဘာဖြစ်သွားပြန်ပြီ။ ငါကတော့ ဘာမှမဖြစ်သေးဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် သူများနဲ့ နှိုင်းယှဉ်မိနေအာင်၊ ကိုယ့်ကိုယ်ကိုယ် အားမလို အားမရဖြစ်နေအောင် တွန်းပို့နေတာဖြစ်ပါတယ်။ တကယ့်ကို အဆိပ်အတောက်တစ်ခုလိုပါပဲ။ သင့်ဘဝအတွက် ထိုအဆိပ်အတောက်ကို ဖယ်ရှားနိုင်မှသာ တိုးတက်အောင်မြင်တဲ့ဘဝကို ရရှိနိုင်မှာပါ။

တကယ်လို့ ဆိုရှယ်မီဒီယာပေါ်မှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက် ဆိုရှယ်မီဒီယာတွေကို ဖျက်ပစ်လို့မရဘူးဆိုရင်တော့ အလုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလွဲပြီး တခြားအတင်းအဖျင်းတွေ ဝါကြွားမှုတွေအတွက် အချိန်မပေးဖြစ်အောင် သေချာဂရုစိုက်သင့်ပါတယ်။

Source: Gentwenty

Featured Image: Medium