ဘဝမှာ ကိုယ် ချစ်ရတဲ့သူနဲ့ လမ်းခွဲပြီးနောက် အသည်းကွဲတဲ့ခံစားချက်ကို တစ်ကွေ့မဟုတ်တစ်ကွေ့တော့ ခံစားဖူးကြပါတယ်။ ရည်းစားဟောင်း နဲ့ လမ်းခွဲပြီးနောက် အချိန်အတော်ကြာသည်အထိ စိတ်မပြတ်နိုင်သေးတဲ့ ကွီး တို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်း ကောင်းများကို ဝေမျှပေးချင်ပါတယ်။

Goodbye My Lover – James Blunt

James Blunt ကတော့ သူ့ရဲ့ ညှို့ငင်စွမ်းအားပြင်းတဲ့ အသံကြောင့် နာမည်ကြီးလူကြိုက်များပါတယ်။ ဒီသီချင်းလေးကတော့ စန္ဒယားတီးသံဖြင့် ညင်ညင်သာသာလေး တီးခတ်သီဆိုထားတာဖြစ်ပါတယ်။

Someone Like You – Adele

Adele ရဲ့ Someone Like You သီချင်းလေးက ရိုးရှင်းတဲ့စာသားလေးတွေနဲ့ သီကုံးရေးစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ နားထဲအချိန်ကြာကြာစွဲထင်နေတဲ့ သီချင်းလေးဖြစ်တဲ့အတွက်ကြောင့် ဒီသီချင်းလေး ထွက်ရှိပြီးသည့်အချိန်အတော်အတန်ကြာသည်အထိ လူအများရဲ့ပါးစပ်ဖျားပေါ်မှာ စွဲကျန်နေခဲ့တာဖြစ်ပါတယ်။

Every Breath You Take – The Police

ဒီသီချင်းလေးထဲမှာတော့ ကိုယ့်ရဲ့ရည်းစားဟောင်းကို မချစ်သင့်တော့မှန်း သိပေမယ့် မေ့လို့မရသေးတဲ့အတွက်ကြောင့် ချစ်နေတုန်းပဲဆိုတာကို သီဆိုထားတာဖြစ်ပါတယ်။

It Must Have Been Love – Roxette

တကယ်လို့ သင်သည် ရော့ခ်ဂီတအမျိုးအစားကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီသီချင်းလေးနဲ့ အသည်းကွဲနိုင်ပါတယ်။

Heartbreak Warfare – John Mayer

မြူးမြူးကြွကြွနဲ့ အသည်းကွဲချင်တယ်ဆိုရင်တော့ John Mayer ရဲ့ Heartbreak Warfare သီချင်းကို နားဆင်ခံစားနိုင်ပါတယ်။ ရည်းစားဟောင်း နဲ့ လမ်းခွဲပြီးနောက် အချိန်အတော်ကြာသည်အထိ စိတ်မပြတ်နိုင်သေးတဲ့ ကွီး တို့အတွက် နားဆင်ခံစားသင့်တဲ့ သီချင်း ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

The Scientist – Coldplay

Coldplay ကို သိတယ်ဆိုရင်တော့ The Scientist သီချင်းကိုလည်း ရင်းနှီးပြီးသားဖြစ်မှာပါ။

Somebody That I Used To Know – Gotye (Feat. Kimbra)

သင့်အနေနဲ့ အသည်းကွဲဒဏ်ရာကို အလူးအလဲခံစားနေရတယ်ဆိုရင်တော့ ဒီသီချင်းလေးကို နားဆင်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

The One That Got Away – Katy Perry

Katy Perry လို့ ပြောလိုက်တာနဲ့ အဆွေးသီချင်းကို ပုံဖော်မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီသီချင်းလေးကတော့ ကိုယ် ချစ်တဲ့သူကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။ တီးလုံးသံစဉ်က မြူးမြူးကြွကြွလေးနဲ့ စာသားတွေကတော့ ဝမ်းနည်းစရာအပြည့်ဖြစ်နေတဲ့ သီချင်းတစ်ပုဒ်ပါပဲ။

Don’t’ Forget About Us – Mariah Carey

ဒီသီချင်းလေးကတော့ ၉၀ ပြည့်နှစ်တုန်းက လူကြိုက်များခဲ့တဲ့ အဆွေးသီချင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။

Back To December

ဒီသီချင်းလေးကတော့ Taylor Swift ရဲ့ လူကြိုက်အများဆုံးသီချင်းတွေထဲက တစ်ပုဒ်ပဲဖြစ်ပါတယ်။

ရည်းစားဟောင်း ကွီး သီချင်း

Photo: Billboard

သူ(မ)နဲ့ သုံးလကြာ တွဲခဲ့ပြီးနောက် ပြတ်သွားတဲ့ Taylor Launter ကြား အချစ်ရေးဇာတ်လမ်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးထဲမှာတော့ ကိုယ် ချစ်ရတဲ့သူကို တဖြည်းဖြည်းချင်း ဆုံးရှုံးသွားရတဲ့သူတစ်ယောက်ရဲ့ ခက်ခဲတဲ့ခံစားချက်ကို ဖော်ပြနေတာဖြစ်ပါတယ်။ သူတို့လမ်းခွဲရတာ သူ့အမှားကြောင့်ဖြစ်ပြီး နောင်တရနေတဲ့အကြောင်း သီဆိုထားတာဖြစ်ပါတယ်။

Source: Tonestart

Featured Image Source: Blog.123rf