ရည်းစားဟောင်း နဲ့ ပြန်တွဲ တာသည် အင်မတန်မှ အန္တရာယ်များတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပြီး ကျားခံတွင်းပေါက်ထဲ ပြန်ခုန်ဆင်းနေတာနဲ့ အတူတူပါပဲ။ တကယ်လို့ ကွီးတို့ နှစ်ယောက်စလုံးက တစ်ယောက်ကို တစ်ယောက် မခွဲနိုင်လို့၊ အချစ်က စစ်မှန်လို့ ပြန်တွဲတာဆိုရင်တော့ ပြဿနာမရှိပေမယ့် ကိုယ့်ကို ပြန်ပြီး ပလေးနေမှာကို သိသိကြီးနဲ့ ပလေးခွင့်ပေးတာကျတော့ မိုက်ရူးရဲဆန်ရာ ကျသွားပါပြီ။ ဒါ့ကြောင့် ရည်းစားဟောင်း နဲ့ ပြန်တွဲ ဖို့ မစဥ်းစားခင်မှာ သူက ကိုယ့်ကို တကယ်ချစ်တာလား၊ ကိုယ်ကရော သူ့ကို တကယ်ချစ်ရဲ့လား စတာတွေကို သေချာ ပြန်စဥ်းစားသင့်ပါတယ်။​

ရည်းစားဟောင်းနဲ့ ပြန်မတွဲခင်မှာ ဒီအချက်များကို အရင်လုပ်သင့်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ပါ

ကိုယ့်ကိုယ်ကိုယ် ပြန်ဂရုစိုက်ပါ

အသည်းကွဲတဲ့ ဝေဒနာက တော်တော်ကို ခံရခက်ပါတယ်။ ကုသပေးမယ့် ဆေးဝါးတွေ ဆိုတာကလည်း မရှိပါဘူး။ ဒီလိုမျိုး အသည်းကွဲနေချိန်မှာ လေလွင့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် ပြန် ဂရုစိုက်ပေးလိုက်ပါ။ ရုံးတက် ရုံးဆင်းတဲ့အခါ ပုံမှန် အလုပ်လုပ်၊ အစားကို ပုံမှန်စား၊ နားစရာရှိတာနား၊ အိပ်ရေး ဝဝ အိပ်စက် အနားယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ချစ်သင့်ပါတယ်။​

ရည်စားဟောင်းကို ကိုယ်က စပြီး မဆက်သွယ်ပါနဲ့

ရည်းစားဟောင်း ပြန်တွဲ

ဆိုရှယ်မီဒီယာတွေမှာ ရည်းစားဟောင်းနဲ့ ပတ်သက်တာမျိုးတွေကို ရှောင်ပါ။ ရည်းစားဟောင်းကို ဖုန်းဆက်တာမျိုး၊ မက်ဆေ့ ပို့တာမျိုးတွေ ယောင်လို့တောင် မလုပ်မိပါစေနဲ့။ ကွီးတို့က သူ(မ) မရှိလည်း အေးဆေးပဲ ဆိုတာလိုမျိုး အထာကျကျ နေထိုင်ပြလိုက်ပါ။

တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်လို့ ပြန်တွဲကြမယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ

ရည်းစားဟောင်း ပြန်တွဲ

အရင်က ဘာပြဿနာကြောင့် လမ်းခွဲခဲ့သလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်ကြည့်ပါ။ ထိုပြဿနာမျိုးနဲ့ ထပ်တူကျတဲ့ ပြဿနာမျိုး (သို့) ဆင်တူရိုးမှား ပြဿနာမျိုး ကြုံတွေ့ရတဲ့အခါ ဘယ်လို လုပ်မလဲဆိုတာ နှစ်ယောက်စလုံး တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

ဥပမာ ဆိုကြပါစို့။ ကွီးတို့ နှစ်ယောက်က ငွေရေးကြေးရေး ပြဿနာမျိုးကြောင့် ကတောက်ကဆ ဖြစ်ရတယ်ဆိုရင် ထိုပြဿနာနဲ့ ပတ်သက်ပြီး သေချာ ဖြေရှင်းထားပါ။ ဒါမှမဟုတ် လက်ထပ်ဖို့အရေး တိုင်ပင်ဆွေးနွေးရတာတွေ၊ ညှိယူရတာတွေနဲ့ သဘောထား မတိုက်ဆိုင်ဘူးဆိုလည်း တစ်ယောက်ကို တစ်ယောက် အလျော့ပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် နောက်တစ်ကြိမ် လမ်းခွဲရတဲ့ အဖြစ်မျိုးကနေ ကင်းဝေးမှာ ဖြစ်ပါတယ်။​

လမ်းခွဲမယ်ဆိုတဲ့ စကားကို ထပ်ခါတလဲလဲ မပြောပါနဲ့

ရည်းစားဟောင်း ပြန်တွဲ

ချစ်သူ စုံတွဲတွေအနေနဲ့ ရန်ဖြစ်ကြတဲ့အခါ ဘယ်လောက်ပဲ စိတ်တို ဒေါသထွက်နေပါစေ လမ်းခွဲမယ်ဆိုတဲ့ စကားကို လွယ်လွယ် ပြောမထွက်မိအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။ စိတ်တို ဒေါသထွက်နေချိန်ဆိုရင် စကား မပြောဘဲ ရှောင်ထွက်လိုက်ပါ။ နှစ်ယောက်စလုံး ခေါင်းအေးသွားတဲ့အချိန်မှ စိတ်အေးအေးထားပြီး ပြန်လည် စကားပြောကာ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။ လမ်းခွဲစကားကို လွယ်လွယ်ပြောလိုက်တဲ့အခါ နောက်တစ်ကြိမ် လမ်းခွဲရမယ့် အဖြစ်မျိုး ထပ်မံ ကြုံတွေ့ရနိုင်ပါတယ်။​

ကွီးတို့ရော ရည်းစားဟောင်းနဲ့ ပြန်တွဲဖူးလား။

Source: Wikihow

Featured Image: Momjunction