စုံတွဲတော်တော်များများ လက်ထပ်ပြီးနောက်မှာ ကြုံတွေ့ရတဲ့ ပြဿနာတစ်ရပ် ရှိပါတယ်။ ထိုပြဿနာတစ်ရပ်ကတော့ သမီးရည်းစား ဘဝတုန်းကလို ငါ့ကို သိပ်မချစ်တော့ပါလား ၊ အချစ် တွေ ပေါ့ သွားတာလား။ အသစ်တစ်ယောက်များ တွေ့နေတာလား စသည်ဖြင့် မေးခွန်းများစွာနဲ့ ခေါင်းခြောက်နေမှာပဲ ဖြစ်ပါတယ်။ ကွီးတို့ကိုယ်တိုင် (သို့) ကွီးတို့ရဲ့ မဟေသီ ၊ နှစ်ယောက်ထဲက တစ်ယောက်ယောက်က ဒီလိုမျိုး အတွေးတွေ ဝင်နေပြီဆိုရင် သေချာပါတယ်။ အားနေလို့ပါ။

ယနေ့ခေတ်လို့ ရှာသမျှ အကုန် ကုန်နေတဲ့ ခေတ်ကြီးထဲမှာ လင်ရော မယားရော နှစ်ယောက်စလုံး ရှာတာတောင် မလောက်တဲ့ ခေတ်ကြီးထဲမှာ လက်ထပ်ပြီးလို့ ငါ့ကို အချစ် တွေ ပေါ့ သွားတာလားဆိုပြီး တွေးနေဖို့တောင် အချိန်မရပါဘူး။ အလုပ်အားချိန် ၊ နားချိန် ၊ ရံဖန် ရံခါတော့လည်း တွေးမိရင် တွေးမိကြပါလိမ့်မယ်။ ထိုသံသယမီးက ပွားလာပြီး ကွီးတို့ရဲ့ အိမ်ထောင်ရေးကို ဒုက္ခမပေးဖို့ရန်အတွက် အခုဖော်ပြပေးမယ့် အချက်များနဲ့ ချိန်ထိုးစဥ်းစားဖို့ လိုအပ်ပါတယ်။

ဘဝကြီးက စိတ်ကူးယဥ် မဆန်တော့ဘဲ လက်တွေ့ ပိုဆန်လာမယ်

ဘဝကြီးက စိတ်ကူးယဥ် မဆန်တော့ဘဲ လက်တွေ့ ပိုဆန်လာမယ်

သမီးရည်းစား ဘဝတုန်းကတော့ တစ်ယောက်ကို တစ်ယောက် ချစ်ခင် ကြင်နာကြ ရိုကြနဲ့ အချစ်တွေ တစ်ပုံကြီး ပေါများနေပါလိမ့်မယ်။ ဒါပေမဲ့ ကွီးတို့ သမီးရည်းစား ဘဝတုန်းက ရုံးဆင်းချိန်လေး သွားကြိုလိုက် ၊ ရုံးဆင်းရင် အတူတူ ပြန်လိုက် ၊ ရုံးပိတ်ရက်လေး အတူတူ ချိန်းတွေ့လိုက်ပဲ လုပ်ကြတာ မဟုတ်လား။ ၂၄ နာရီလုံးလုံး တစ်အိမ်တည်းမှာ အတူတူ ရှိနေတာမဟုတ်တော့ တွေ့တုန်းခဏလေးမှာ ဂရုစိုက်ပေးတာကို အဟုတ်ကြီး ထင်နေတတ်ကြပါတယ်။ ဒါပေမဲ့ တစ်အိမ်တည်း အတူတူ နေဖို့ ဖြစ်လာတဲ့အခါ စောစောကလို ရိုမန့်တစ် ဆန်တာတွေ မရှိတော့ပါဘူး။ တကယ့် လက်တွေ့ ဘဝကြီးထဲကို ဝင်ရောက်လာတဲ့အတွက်ကြောင့် ရိုမန့်တစ် ဆန်တာတွေထက် ပိုအရေးကြီးတာတွေကို အချိန်ပေးဖို့ လိုအပ်လာပါပြီ။

ကိုယ်ပိုင် အချိန်ရဖို့ ခက်သွားမယ်

ကိုယ်ပိုင် အချိန်ရဖို့ ခက်သွားမယ်

အရင်တုန်းကတော့ တစ်ရက်ကို ဘယ်နှနာရီလောက်ပဲ တွေ့ ၊ တွေ့တဲ့ ခဏလေးမှာ လက်ကလေးကိုင် ၊ မျက်နှာချင်းဆိုင် စကားတွေ အတူတူပြောကြနဲ့ ရိုလွန်းလှပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေတဲ့ ဒဏ် ၊ ဒီကြားထဲမှာ အိမ်အလုပ်တွေပါ လုပ်ရသေးတယ်ဆိုရင် ကွီးတို့ရဲ့ မဟေသီလေးက ကွီးတို့ကို တယုတယ ပြုစုဖို့ အချိန်ဘယ်အားတော့မလဲ။ အိမ်အလုပ်တစ်ခုတည်းပဲ လုပ်ရတဲ့ အိမ်ရှင်မ ဆိုရင်တော့လည်း တစ်မျိုးပေါ့လေ။ တစ်နေကုန် အလုပ်လုပ်ပြီးမှ ပင်ပန်းနေတာကြောင့် ကိုယ်ပိုင် အချိန်ဆိုတာကို မနည်းအရယူ နေရတာကြောင့် လက်ထပ်ပြီးလို့ အချစ် ပေါ့ သွားရခြင်း မဟုတ်ပါဘူး။

နှစ်ဖက်ဆွေမျိုးနဲ့လည်း သင့်မြတ်အောင် ဆက်ဆံနေရတယ်

အချစ် ပေါ့

လက်ထပ်တယ်ဆိုတာက ချစ်သူ နှစ်ယောက် ၊ နှစ်ယောက် တစ်ဘဝတည်းဖြစ်အောင် ပေါင်းစည်းရတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ နှစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တယ်ဆိုဆို ၊ အလိုက် မသိတဲ့ ဆွေမျိုးတွေ ရန်ကလည်း ရှိပါသေးတယ်။ ကိုယ့်ဘက်က ကိုယ်ဆွေမျိုးကိုယ် နိုင်အောင် ထိန်းဖို့တော့ လိုအပ်ပါလိမ့်မယ်။ နို့မဟုတ်ရင် မလိုလားအပ်တဲ့ ပြဿနာများကို ကြုံတွေ့ပြီး အိမ်ထောင်ရး ပဋိပက္ခတွေ ဖြစ်ပေါ်တတ်ပါတယ်။

တာဝန်ဝတ္တရားတွေကလည်း ပိုလာမယ်

အချစ် ပေါ့

လူပျို အပျို ဘဝတုန်းက မိဘ ချက်ကျွေးတဲ့ ဟင်းတွေစား ၊ မိဘ လျှော်ဖွပ်ပေး ၊ မီးပူ တိုက်ပေးတဲ့ အဝတ်တွေကို အဆင်သင့် ဝတ်ပြီး ရုံးတက်၊ အပြင်သွားရတာ ဘဝကြီးက သာသာယာယာပါပဲ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ တာဝန်ဝတ္တရားတွေက ပိုလာပါတော့မယ်။ ကိုယ့်တစ်ကိုယ်တည်းအတွက် ထည့်စဥ်းစားလို့ မရပါဘူး။ ကိုယ့်အတွက်ရော ကိုယ့်မဟေသီ အတွက်ပဲ စဥ်းစားဖို့ လိုအပ်လာပါပြီ။ ထမင်း ဟင်း ချက်တာတွေက ကွီးတို့ အမျိုးသမီးရဲ့ တာဝန်ပဲဆိုပြီး ဘာမှ မကူပေးဘဲ မျက်နှာလွှဲ ခဲပစ်လုပ်နေမယ် ဆိုရင်တော့ ကွီးတို့ မဟေသီရဲ့ ဘဝက သနားစရာပါပဲ။

ပိုက်ဆံက အဓိကအကျဆုံး ဖြစ်လာမယ်

အချစ် ပေါ့

လက်မထပ်ခင် တုန်းကတော့ အိမ်မှာ ကျော့ကျော့လေး နေရကောင်း နေရပါလိမ့်မယ်။ ဒါပေမဲ့ အိမ်ထောင်တစ်ခု တည်ထောင်ပြီဆိုတော့ အစစ အရာရာကို ကွီးတို့ ကိုယ်တိုင် ဦးဆောင်ဖို့ လိုအပ်လာပါပြီ။ မီတာခ ၊ ဘေလ်ဖိုး ၊ စားဝတ်နေရေး ၊ အိမ်စရိတ် စတဲ့ အရာတွေပါ စဥ်းစားဖို့ လိုအပ်လာပြီ။ အချစ်တစ်ခုတည်းနဲ့တော့ ထိုအရာတွေက အလိုလို ပေးချေပြီးသား ဖြစ်သွားမှာ မဟုတ်ပါဘူး။

ဒီလို ဘက်ပေါင်းစုံက ထည့်စဥ်းစားပြီးမှ လက်ထပ်ပြီးလို့ ငါ့ကို အချစ် ပေါ့ သွားတာလားဆိုတဲ့ မေးခွန်းကို မေးသင့်ပါတယ်။

Source: Timesofindia.indiatimes

Featured Image: Love Panky