ကိုယ့်ရဲ့ ပြင်းထန်တဲ့ရနံ့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီး မလုံမလဲ ဖြစ်ကာ ယုံကြည်ချက် ကျဆင်းဖူးပါသလား။ ကိုယ်တိုင်က ယုံကြည်ချက်မရှိဘူးဆိုရင်တော့ ကိုယ့်ရဲ့ မဒီလေးကလည်း ပြင်းထန်တဲ့ ရနံ့ကို နှစ်မြို့မှာမဟုတ်ပါဘူး။ ကွီးတို့ရဲ့ ရနံ့ က သင်းပျံ့နေမှသာလျှင် ကွီးတို့ရဲ့ မဒီလေး ကလည်း စိတ်ကြည်နူးရမှာ မဟုတ်လား။ အထူးသဖြင့် နှစ်ပါးသွားကနေတဲ့အချိန်မျိုးမှာ အပြုစု အယုယခံချင်တယ်ဆိုရင်တော့ သူ့ရဲ့ ရနံ့ကို သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရဲ့ ဖွားဖက်တော်မှာလည်း သူ့ကိုယ်ပိုင်ရနံ့ ရှိပါတယ်။ ဒါပေမဲ့ ရနံ့ ပြင်းလွန်းရင်လည်း မကောင်းပါဘူး။ များသောအားဖြင့် ရေချိန်နေစဥ်မှာ သေချာ သန့်စင် ဆေးကြောပေးမယ်ဆိုရင်တော့ ညှင်းသိုးသိုးရနံ့ကို ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

ဖွားဖက်တော် ရနံ့ကို ဆိုးဝါးစေတဲ့ အကြောင်းအရင်းများစွာ ရှိပါတယ်။

ဆဲလ်သေများ စုပုံနေခြင်း

ဆဲလ်သေများ စုပုံနေခြင်း

လူတစ်ယောက်သည် သူ့ရဲ့ Private Area ကို သေချာ သန့်ရှင်းရေး မလုပ်တဲ့အခါ ဖွားဖက်တော်ကို အစိုဓာတ်ထိန်းပေးတဲ့ သဘာဝအဆီနှင့် ဆဲလ်သေများသည် ရောနှောစုပုံသွားပြီး ပျစ်ပြီး ဖြူသော အကျိအချွဲများ စုပုံလာပါတော့တယ်။ ထိုကနေတဆင့် ရနံ့ဆိုး ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

STI ကြောင့်

ရနံ့ မဒီလေး

STI ရဲ့ အရှည်ကတော့ Sexually Transmitted Infection လိင်မှတဆင့် ကူးစက်သော ရောဂါများပဲဖြစ်ပါတယ်။ လိင်မှတဆင့် ကူးစက်တဲ့ ရောဂါများ ခံစားရတဲ့အခါ လိင်အင်္ဂါရဲ့ အရောင်ကလည်း ပြောင်းလဲသွားပါတယ်။ ထို့နောက် အပေါ့သွားတဲ့အခါ နာကျင်မှု ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါကနေတဆင့် အဖြူရောင် အရည်များ ထွက်ရှိလာတတ်ပါတယ်။ ဒါ့အပြင် အစိမ်းရောင်၊ အဝါရောင် အရည်များလည်း ထွက်ရှိလာတတ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်းကြောင့် ရနံ့ဆိုး ထွက်တာက ပြဿနာ ကြီးကြီးမားမား မဟုတ်ပေမယ့် လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများကြောင့် ရနံ့ဆိုး ထွက်တာဆိုရင်တော့ ဆရာဝန်ထံမှာ ကုသမှု ခံယူသင့်ပါတယ်။

ကွီးတို့ရဲ့ ဖွားဖက်တော်ကို ရနံ့ဆိုး မထွက်အောင် ဘယ်လို သန့်ရှင်းရေး ပြုလုပ်ရမလဲ

ရနံ့ မဒီလေး

ဆပ်ပြာ အပျော့စား အသုံးပြုပြီး ကြက်သီးနွေး ရေနွေးလေးနှင့် တစ်ရက်လျှင် တစ်ကြိမ်ခန့် ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ တစ်ရက် တစ်ကြိမ် ပုံမှန် သန့်ရှင်းရေး ပြုလုပ်ရမယ့်အပြင် အခုဆက်လက် ဖော်ပြပေးမယ့်အချက်များကိုလည်း လိုက်နာသင့်ပါတယ်။

(၁) လိင်ဆက်ဆံပြီးတိုင်းမှာ ကိုယ့်ရဲ့ ဖွားဖက်တော်ကို သေချာ သန့်ရှင်းရေး ပြုလုပ်ပါ။

(၂) ကြပ်ထုပ်နေသော အဝတ်အစားများ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်ပြီး သက်သာချောင်ချိသော အဝတ်အစားများ ဝတ်ဆင်ပေးရပါမယ်။

(၃) လိင်ဆက်ဆံနဲ့အခါမှာလည်း အကာအကွယ် အသုံးပြုဖို့ မမေ့ပါနဲ့။

(၄) တကယ်လို့ ကိုယ့်ရဲ့ ပါတနာက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါမျိုးနှင့် အခြားသော ရောဂါတစ်မျိုးမျိုး ခံစားနေရပါက လိင်ဆက်ဆံမှုကို ရှောင်ကြဥ်သင့်ပါတယ်။

(၅) ဖွားဖက်တော်ကို ဆေးကြောသန့်စင်တဲ့အခါ သူ့ရဲ့ အနီးပတ်ဝန်းကျင်ရှိ အရေပြားကိုလည်း သန့်စင်ပေးဖို့ မမေ့ပါနှင့်။

ဒီအချက်များကို လိုက်နာမယ်ဆိုရင်တော့ ကွီးတို့ရဲ့ ဖွားဖက်တော် ရနံ့ လေးက ရနံ့ဆိုး မထွက်တော့တဲ့အတွက်ကြောင့် မဒီလေး ရဲ့ ပြုစုယုယမှုကို တဝကြီး ခံစားနိုင်ပြီပဲ ဖြစ်ပါတယ်။

Source: Medicalnewstoday

Featured Image: Ultracorepower