တစ်ခါတစ်လေ အမျိုးသားတို့ရဲ့ လိင်တံနဲ့ လိင်တံအရေပြားတဝိုက်မှာ ဝက်ခြံ လို အဖုလေး တွေပေါက်တက်ပါတယ်။ ဒီလို ဝက်ခြံလို ပြည်ဖုလေးတွေ ပေါက်တာနဲ့ပတ်သတ်ပြီး အမျိုးသားတော်တော်များများ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုက စိုးရိမ်ရလား ဆိုတာပါပဲ။ ဒီနေရာမှာ ၂ ပိုင်းခွဲပြီး ဖြေပေးရပါလိမ့်မယ်။

banana

Photo : Healthline

အကယ်၍ သင်ဟာ တစ်ကြိမ်တစ်ခါမှ လိင်ဆက်ဆံခြင်း မပြုဖူးသူတစ်ယောက်ဆိုရင် လိင်တံမှာ ဒီလိုအဖုလေးတွေ ပေါက်တာဟာ ဝက်ခြံ ဒါမှမဟုတ် အရေပြား အဆီဖုလေးတွေနဲ့ Ingrown Hairs လို့ခေါ်တဲ့ အရေပြားအတွင်းဘက်ကို ပြန်ပေါက်နေတဲ့ အမွှေးအမျှင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းနေတဲ့ အဖုလေး တွေဖြစ်နိုင်ပါတယ်။ ဒီအခြေအနေဟာ ဆယ်ကျော်သက်လူငယ်တွေနဲ့ အရွယ်ရောက်ပြီးသူ အမျိုးသားတွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့်တော့ စိုးရိမ်စရာမရှိဘူးလို့ ပြောနိုင်ပါတယ်။ ဝက်ခြံ ၊ အရည်ကြည်ဖုနဲ့ အဆီဖုတွေဟာ အန္တရာယ်မရှိပေမယ့် ၎င်းတို့ကို ဖောက်တာ ၊ ကုပ်တာဖဲ့တာမျိုး လုပ်မယ်ဆိုရင်တော့ ရောဂါပိုးကူးစက်ခံရနိုင်ခြေ ရှိပါတယ်။

နောက်တစ်ပိုင်းအနေနဲ့ အကယ်၍ သင်ဟာ ယခင်က လိင်ဆက်ဆံဖူးသူ သို့မဟုတ် လိင်အပျော်အပါးကိစ္စတွေကို မကြာခဏပြုလုပ်တက်သူဆိုရင်တော့ လိင်တံနဲ့ လိင်တံအရေပြားတဝိုက်မှာ ဝက်ခြံလို အဖုလေး တွေပေါက်တာဟာ လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေ (STDs) ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ရောင်ရမ်းနာကျင်တက်တဲ့ အရည်ကြည်ဖုလေးတွေ ၊ အနာတွေဖြစ်ပါက ဒါဟာ ရေယုန်ပေါက်တာလည်း ဖြစ်နိုင်ပါတယ်။

တခါတရံမှာတော့ ဒီလို အဖုအပိန့်လေးတွေဟာ ပုံသဏ္ဍာန်မမှန်တာ သို့မဟုတ် မျက်စိနဲ့မြင်ဖို့ခက်တဲ့အခြေအနေမှာ ရှိတက်ပြီး နာကျင်တဲ့ဝေဒနာ ခံစားရတာမျိုးလည်း မရှိပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ဆစ်ဖလစ်လို ရောဂါအခြေအနေဟာ အမျိုးသားတွေရဲ့လိင်တံမှာ နာကျင်မှု မရှိတဲ့ အဖုအပိန့်/အနာတွေကို ဖြစ်စေတက်ပါတယ်။ အကျဉ်းချုံးပြောရမယ်ဆိုရင် လိင်တံနဲ့ လိင်တံအရေပြားတဝိုက်မှာပေါက်တဲ့ အဖုအပိန့်တွေဟာ နာကျင်မှုခံစားရသည်ဖြစ်စေ ၊ နာကျင်မှုမရှိသည်ဖြစ်စေ လိင်ကတဆင့် ကူးစက်တက်တဲ့ အခြေအနေတွေကနေတဆင့် ဖြစ်နိုင်တာကြောင့် မပေါ့မဆပဲ ဆရာဝန်နဲ့ သွားရောက် စစ်ဆေးပြီး ကုသမှုခံယူတာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

Cucumber

Photo : PHOENIX | Rise Again

ကျွမ်းကျင်တဲ့ဆရာဝန်ရဲ့ လမ်းညွှန်ချက်မပါပဲ မိမိသဘောအတိုင်း လိင်တံနဲ့ လိင်တံအရေပြားတဝိုက်က ဝက်ခြံ လို့ယူဆရတဲ့ အဖုလေး တွေကို ဖောက်တာ ၊ ညှစ်တာ ၊ ဝက်ခြံလိမ်းခရင်မ်တွေ လိမ်းတာမျိုး လုံးဝ(လုံးဝ) မလုပ်သင့်ပါဘူး။ ဒါဟာ အခြေအနေကို ပိုဆိုးသွားစေနိုင်ပြီး ကူးစက်ရောဂါပိုးမွှားတွေ ပိုမိုဝင်ရောက်နိုင်ခြေ များပါတယ်။

Featured Photo : Men’s Health