လူရယ်လို့ ဖြစ်တည်လာရင် ဘဝမှာ အရဲစွန့်ရမယ့်အရာတွေ ကိုယ့်အား ကိုယ်ကိုးရမယ့်အရာတွေ အများကြီး ရှိလာမှာပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည် ရမှာကို ကြောက်နေတယ်၊ အရဲစွန့်ရမှာကို ကြောက် နေတယ်ဆိုရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ ဘဝမှာ အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည် ဖို့ မ ကြောက် ရပါဘူး။ တစ်ယောက်တည်းလည်း ဖြစ်တယ်၊ တုံးတိုက်တိုက်၊ ကျား ကိုက် ကိုက် ဆိုတဲ့ စိတ်နဲ့ မဆုတ်မနစ် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒီလို ကြိုးစားမှသာလျှင် ကွီးတို့ လိုချင်တဲ့ အောင်မြင်မှု၊ ကွီးတို့ ရောက်ချင်တဲ့ အမြင့် တစ်နေရာကို မလွဲ မသေ ရောက်ရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ တချို့လူတွေက မွေးကတည်းက မိဘက ထမင်းခွံ့ကျွေး၊ ငှက်ပျောသီး အခွံ နွှာပေး၊ ထမင်းကို ဝါးမကျွေးရုံတမယ်သာ အစ အဆုံး လိုက်လုပ်ပေးနေတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည် ဖို့ကို ကြောက် ရွံ့လာပါတော့တယ်။ သူတို့သည် ဘယ်ကိစ္စမဆို အရဲစွန့်ရမှာကို ကြောက်လာကြပါတယ်။

သူတို့တွေ ကြောက်ရတဲ့ အကြောင်းပြချက်များက ဘာတွေကြောင့်ဖြစ်မလဲ

man fear

နံပါတ် (၁) သူတို့ရဲ့ ဆုံးဖြတ်ချက် အမှားကြောင့် နောင်တရမှာကို ကြောက်ရွံ့နေခြင်း

နံပါတ် (၂) ကိုယ့်ကို တစ်ယောက်ယောက်က အမှား ထောက်ပြမှာကို မလိုလားခြင်း၊ အမှားထဲကနေ သင်ခန်းစာ ယူပြီး တိုးတက်ချင်စိတ် မရှိခြင်း

နံပါတ် (၃) ကိုယ့်ရဲ့ သက်သောင့်သက်သာဖြစ်တဲ့ Comfort Zone ထဲကနေ ရုန်းထွက်ဖို့ ကြောက်ရွံ့နေခြင်း

အစရှိတဲ့ အကြောင်းပြချက်များကြောင့်ပဲဖြစ်ပါတယ်။

တကယ်လို့ ကွီးတို့သည် ဒီ အကြောင်းပြချက် (၃) ချက်ကြောင့် အရဲစွန်ံရမှာ နောက်တွန့်နေတယ်ဆိုရင်တော့ တစ်ခါလောက် ပြန်စဥ်းစားကြည့်ပါ။​ ကွီးတို့ ဘဝကို ဒီအတိုင်းလေးပဲ ရပ်တန့်ထားပစ်လိုက်တော့မှာလား။

အရဲစွန့်လိုစိတ်၊ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်ဖို့အတွက် မကြောက်ရွံ့တဲ့စိတ်ကို ဘယ်လိုမွေးမြူရမလဲ။

အခုဖော်ပြပေးမယ့် အချက်များကို ကြိုးစားကြည့်လိုက်ပါ။

(၁) ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ယုတ္တိကျကျ တွေးခေါ်တတ်အောင် လေ့ကျင့်ကြည့်ပါ

ရပ်တည် ကြောက်

ကွီးတို့ရဲ့ စိတ်ထဲက အကြောက်တရားက ဘယ်လောက်ထိ အရဲစွန့်ရမလဲဆိုတဲ့ ပမာဏနဲ့ တိုက်ရိုက် အချိုးကျတယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ် မသိသေးတဲ့ တစ်စုံတစ်ရာက ကြောက်ဖို့ ကောင်းလေလေ၊ ကွီးတို့ ယူရမယ့် Risk က ပိုများလေလေပါပဲ။

ကွီးတို့က ကားမောင်းရတာတော့ မကြောက်ကြဘဲနဲ့ လူ အများရှေ့ စင်ပေါ်မှာ စကားပြောရမှာကိုတော့ ဒူးတုန်အောင် ကြောက်နေပါသလား။ ဒါဆိုရင်တော့ ပြန်စဥ်းစားကြည့်လိုက်ပါ။ ကားမောင်းတာနဲ့ လူ အများရှေ့ စင်ပေါ်မှာ စကားပြောရတာ ဘယ်အရာက ကွီးတို့အတွက် အန္တရာယ် ပိုများပါသလဲ။ ကားမောင်းခြင်းက ကွီးတို့အတွက် ထိခိုက်ဒဏ်ရာ ရနိုင်ခြေ ပိုများပြီး သေဆုံးနိုင်ခြေလည်း ရှိတယ် မဟုတ်လား။ ဒါဆိုရင် ကွီးတို့က စင်ပေါ်မှာ စကားပြောရမှာကို ဘာ့ကြောင့် ကြောက်နေတာ ဖြစ်မလဲ။

ဒါ့ကြောင့် တစ်ခုခုကို တွေးပြီး မကြောက်ခင်မှာ ကွီးတို့ ရင်ဆိုင်နေရတဲ့ အရာက ဘာဖြစ်မလဲဆိုတာ ပြန်စဥ်းစားကြည့်လိုက်ပါ။ တကယ်လို့ ကိစ္စတွေက ကိုယ် ထင်ထားသလို ဖြစ်မလာဘူးဆိုရင် ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းသင့်သလဲဆိုတာကိုလည်း ခေါင်းထဲမှာ ဒတ်ခနဲ ဒတ်ခနဲ တွေးထားဖို့ လိုအပ်ပါတယ်။

(၂) အောင်မြင်မှု ရာခိုင်နှုန်း တိုးလာဖို့အတွက် ကြိုးစားကြည့်ပါ

ရပ်တည် ကြောက်

ကွီးတို့ ရင်ဆိုင်နေရတဲ့ အကြောက်တရားကို ဖြေရှင်းဖို့အတွက် နည်းလမ်းများစွာ ရှိပါတယ်။ စောစောက ဥပမာကိုပဲ ပြန်ယူပြရမယ်ဆိုရင် ကွီးတို့သည် စင်ပေါ်မှာ အမှားအယွင်း မလုပ်မိဖို့ရန်အတွက် ကြိမ်ဖန်များစွာ လေ့ကျင့်ယူနိုင်ပါတယ်။ ဒီလို လေ့ကျင့်ယူခြင်းသည် ကွီးတို့ရဲ့ အောင်မြင်မှု ရာခိုင်နှုန်းကို ပိုမို များပြားလာစေမှာပဲဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲနဲ့ အကြောက်တရားကိုသာ ဦးစားပေးနေမယ်ဆိုရင်တော့ ကွီးတို့သည် ဘာမှ တိုးတက်မလာဘဲ နောက်လူတွေကသာ တဖြည်းဖြည်း ကျော်တက်သွားတာကို ခံရပါလိမ့်မယ်။​

(၃) ကွီးတို့ရဲ့ စိတ်ခွန်အား ဖြည့်ပါ

ရပ်တည် ကြောက်

ကွီးတို့ ခန္ဓာကိုယ်ရဲ့ ကြွက်သားတွေကို ကျစ်လျစ်လာအောင် လေ့ကျင့်ခန်း ပြုလုပ်ကာ ဆော့ကစားရသလိုပဲ ကွီးတို့ စိတ်ခွန်အားက ကြံ့ကြံ့ခံနိုင်ပြီး ကြွက်သားများနဲ့ တောင့်တင်းဖို့အတွက်ဆိုရင်တော့ ကွီးတို့ ကြောက်တဲ့အရာကို ရင်ဆိုင်ရဲဖို့ လိုပါတယ်။ ကွီးတို့ရဲ့ ကြောက်စိတ်ကို တစ်ကြိမ်လောက် အနိုင်ယူကြည့်လိုက်ပါ။ အဲ့ဒီလို ပြုလုပ်ခြင်းက ကွီးတို့ရဲ့ အရည်အချင်းတွေကို ပိုမိုတိုးတက်လာစေပြီး အမှား လုပ်မိတယ်ဆိုရင်လည်း မကြောက်ဘဲနဲ့ အမှားထဲကနေ သင်ယူနိုင်ပါတယ်။

ဒီနည်းလမ်းတွေ သိပြီးတာတောင်မှ ကွီးတို့သည် ကိုယ်တိုင် အရဲစွန့်ရမှာ၊ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့် ခြေထောက်ပေါ် ကိုယ် ပြန် ရပ်တည်ရမှာကို ကြောက်နေတုန်းပဲလား။

Source: Linkedin.com

Featured Image: Inc. Magazine