ကွီးတို့ရေ ကိုးရီးယား ဆိုဂျူး ကို ကြိုက်နှစ်သက်ပါသလား။ တကယ်လို့ ကွီးတို့က ဆိုဂျူး ရဲ့အရသာကို မကြိုက်နှစ်သက်ဘူးဆိုရင် ဆိုဂျူး ကို အခြားအရာများနဲ့ ရောစပ်ပြီးဖျော်ထားတဲ့ ဆိုဂျူး ကော့လ်တေး  ကိုမြည်းစမ်းကြည့်ချင်ပါသလား။ ဒါကြောင့် ဒီတစ်ခါမှာတော့ ကွီးတို့အတွက် ပါဝင်ပစ္စည်းတွေ အလွယ်တကူရနိုင်တဲ့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့ ဆိုဂျူး ကော့လ်တေး ၄ မျိုးကို မျှဝေပေးချင်ပါတယ်။

(၁) Fruity Soju

အလွယ်တကူ ဆိုဂျူး ကော့လ်တေး

Photo : Feast Magazine

ပူပြင်းအိုက်စက်တဲ့ နေ့အတွက် လန်းဆန်းစေမဲ့ ကော့လ်တေးကတော့ အသီးဖျော်ရည် တစ်မျိုးမျိုးနဲ့ ဆိုဂျူး ရောစပ်ပြီး ဖျော်ထားတဲ့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့ ဆိုဂျူး ကော့လ်တေး ပဲဖြစ်ပါတယ်။ ကွီးတို့ကြိုက်တဲ့ အသီးအနှံဖျော်ရည်ကို သုံးနိုင်ပါတယ်။ ဆိုဂျူးက အသီးဖျော်ရည်များရဲ့ အချဉ်ကို ဖြတ်တောက်ပေးတာကြောင့် ကွီးတို့ပါးစပ်ထဲမှာ အချဉ်ဓာတ် ကြာရှည်ခံနေမှာ မဟုတ်ပါဘူး။ ရေငတ်ပြေစေဖို့အတွက် ရေခဲတုံးလေးတွေ ထည့်ဖို့မမေ့ပါနဲ့။

ဖျော်စပ်ပုံ ကတော့ နာနတ်သီး/ သရက်သီး/သံပုရာသီး စသည့် ကွီးတို့ နှစ်သက်ရာအသီး ဖျော်ရည်တစ်ခွက်နဲ့ ဆိုဂျူး ( 2 Shots) ရောစပ်လိုက်ပါ။

(၂) Yogurt Soju (Yakult/Dutch Mill + Soju)

အလွယ်တကူ ဆိုဂျူး ကော့လ်တေး

Photo : kitchenmaus.gmirage

ဒိန်ချဉ် နဲ့ ဆိုဂျူး ပေါင်းစပ်ပြီး ရလာမဲ့ ကော့လ်တေးကတော့ ပျင်းစရာကောင်းတဲ့ ညနေခင်းတွေအတွက် ပြီးပြည့်စုံပါတယ်။ လူတိုင်းသောက်တဲ့ ဒိန်ချဉ်ကို ကွီးတို့က ဆိုဂျူး နဲ့ရောစပ်ပြီး Level မြှင့်လိုက်ပါ။ ကွီးတို့ ကြိုက်နှစ်သက်တဲ့ မည့်သည့် ဒိန်ချဉ်အမျိုးအစားကိုမဆို သုံးနိုင်ပါတယ်။ ဒိန်ချဉ်က ဆိုဂျူးရဲ့ ခါးတဲ့အရသာကို ဖုံးသွားစေသောကြောင့် လုပ်ရတာလွယ်ကူပြီး အရသာရှိတဲ့ ကော့လ်တေး တစ်ခွက်ရမှာပါ။

ဖျော်စပ်ပုံ ကတော့ Yakult ၊ Dutch Mill ဒါမှမဟုတ် ဒိန်ချဉ် တစ်မျိူးမျိုးကို ဆိုဂျူး ( 2 Shots) နဲ့ ရောစပ်ရုံပါပဲ။

(၃) Soju Latte (Soju + Coffee)

soju

Photo : Sugbo.ph

ကွီးတို့ရေ မူးချင်ပေမဲ့ မဖြစ်မနေ နိုးကြားနေရမယ်ဆိုရင် ဆိုဂျူးနဲ့ ကော်ဖီကို ရောစပ်ပြီး အရသာထူးခြားတဲ့ ကော့လ်တေးတစ်ခွက် ဖျော်စပ်ကြည့်ရအောင်။ ကွီးတို့ ကြိုက်တဲ့ အလွယ်တကူ ဝယ်လို့ရတဲ့ ကော်ဖီတံဆိပ်ကို သုံးလို့ရပါတယ်။ ဖျော်စပ်ပုံ ကတော့ လွယ်ကူပါတယ်။ ကော်ဖီတစ်ခွက်နဲ့ ဆိုဂျူး ( 2 Shots) ကိုရောစပ်လိုက်ပါ။

(၄) Soju Bomb (Soju + Beer)

soju

Photo : SETHLUI.com

ဆိုဂျူးနဲ့ ဘီယာ ပေါင်းစပ်ထားတဲ့  Soju Bomb ကတော့ ကွီးတို့လို လူငယ်တွေ အကြားမှာရေပန်းစားပြီး လူငယ်တွေ အကြိုက်ဆုံးထဲက တစ်ခုပါ။ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါ ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ဆန်ဆန် ဖျော်စပ်လို့ ရပါတယ်။ ကွီးတို့ အချိုအရသာကို ကြိုက်တယ်ဆိုရင်တော့ Coke ထည့်လို့ ရပါတယ်။

ဖျော်စပ်ကပုံကတော့ Golden Ratio အရဆိုရင် ဆိုဂျူး ၃၀ % နဲ့ ဘီယာ ကတော့ ၇၀ % ပါ။ ကွီးတို့က နူးညံ့ ချောမွေ့တဲ့ အရသာလိုချင်ရင်တော့  ဆိုဂျူး ၁၀ % နဲ့ ဘီယာ ၉၀ % အချိုးဖြင့် ရောစပ်လိုက်ပါ။

အခုဖော်ပြပေးထားတဲ့ အိမ်မှာပဲ အလွယ်တကူ ပြုလုပ်လို့ရတဲ့ ဆိုဂျူး ကော့လ်တေး ၄ မျိုးဖြစ်ပါတယ်။ ကွီးတို့လည်း ကြိုက်နှစ်သက်ရာနည်းနဲ့ ဆိုဂျူး ကော့လ်တေးကို ဖျော်စပ်ကြည့်ပါ။

Source : Sugbo.ph

Featured Photo : Soju