လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့အခါ အချိန်တိုတိုနဲ့ ထိရောက်မှု ရှိတာမျိုးကို လိုချင်ပါသလား။ ကိုယ် လိုချင်တဲ့ ရလဒ် ကို အချိန်တိုအတွင်း ရရှိချင်တယ်ဆိုရင်တော့ ကွီးတို့ Workout မလုပ်ခင်မှာ အခုဖော်ပြပေးမယ့် အချက်များကို အရင်ဦးဆုံး ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

(၁) ဘယ်လေ့ကျင့်ခန်းတွေ ပြုလုပ်မလဲဆိုတာ ကြိုတင် စီစဥ်ထားပါ

workout

Photo : Fitness CF

ကွီးတို့က ဘယ်နေ့မှာ ဘယ်ခန္ဓာကိုယ် ကြွက်သာများအတွက် လေ့ကျင့်ခန်း ပြုလုပ်မလဲဆိုတာကို လေ့ကျင့်ခန်း မလုပ်ခင်ကတည်းက အစီအစဥ် သေချာ ချထားဖို့ လိုအပ်ပါတယ်။ ဥပမာ ကွီးတို့က ခန္ဓာကိုယ် အောက်ပိုင်းအတွက် ဆော့ကစားမယ်ဆိုရင် ခန္ဓာကိုယ် အောက်ပိုင်း ကြွက်သားများအတွက် ထိရောက်မှု ရှိစေတဲ့ Squat ထိုင်ခြင်း၊ Deadlift လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ Lunges လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း စသည်ဖြင့် လေ့ကျင့်ခန်းများကို အစဥ်လိုက် ဆွဲထားပါ။ ပြီးတော့ ဘယ်လေ့ကျင့်ခန်းကိုလည်း ဘယ်နှကြိမ် ပြုလုပ်မလဲဆိုတာကို ချရေးထားဖို့ လိုအပ်ပါလိမ့်မယ်။

(၂) အကြောလျော့ဖို့လည်း မမေ့ပါနဲ့

ရလဒ် Workout

Photo : Menshealth

ဘယ်လေ့ကျင့်ခန်းပဲ လုပ်လုပ် အကြောလျော့ဖို့ လိုအပ်ပါတယ်။​ ကွီးတို့က ဒီနေ့မှာ ခန္ဓာကိုယ် အပေါ်ပိုင်းအတွက်ပဲ ဆော့ဆော့၊ ခန္ဓာကိုယ် အောက်ပိုင်း အတွက်ပဲ ဆော့ဆော့၊ လက်မောင်း ကြွက်သားများအတွက်ပဲ ဆော့ဆော့၊ လေ့ကျင့်ခန်း မစခင်မှာ အကြောလျော့ လေ့ကျင့်ခန်းများကို ၁၀ မိနစ်ခန့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အကြောလျော့ လေ့ကျင့်ခန်းကို ပြုလုပ်ပေးမှသာလျှင် လေ့ကျင့်ခန်း ပြုလုပ်ပြီးတဲ့နောက် ညောင်းညာ ကိုက်ခဲခြင်းမှ ကင်းဝေးမှာဖြစ်ပြီး လေ့ကျင့်ခန်း ပြုလုပ်နေစဥ် တစ်လျှောက်လုံးမှာလည်း လေ့ကျင့်ခန်း ပြုလုပ်လို့ကောင်းမှာဖြစ်ပါတယ်။

(၃) ညဘက်မှာ အိပ်ရေး ဝဝ အိပ်စက်ထားပါ

ရလဒ် Workout

Photo : Nypost

အိပ်စက်ခြင်းသည် ကျန်းမာရေးကို ဒေါင်ဒေါင်မြည်စေတဲ့ ခန္ဓာကိုယ် ဖြစ်စက်တစ်ခုပဲ ဖြစ်ပါတယ်။ အိပ်ရေး ဝဝ မအိပ်စက်တဲ့သူတွေက အချိန်ကြာလာတာနဲ့အမျှ မှတ်ဥာဏ်စွမ်းအားလည်း ကျဆင်းသွားမှာဖြစ်ပြီး ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ တကယ်လို့ ကွီးတို့က အားကစား လိုက်စားတဲ့သူတစ်ယောက်ဆိုရင်တော့ ပုံမှန်လူတွေထက် အိပ်ရေးဝဝ အိပ်စက်ဖို့ ပိုလိုအပ်ပါတယ်။ အိပ်ရေး ဝ မှသာလျှင် ကိုယ် လုပ်ချင်တဲ့ အားကစားများ၊ လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။​ တကယ်လို့ ကွီးတို့ အိပ်ငိုက်ပြီး သတိတစ်ချက် လွတ်သွားလိုက်တာနဲ့ပဲ ကွီးတို့ရဲ့ အသက်အန္တရာယ်အတွက်တောင် ထိခိုက်စေနိုင်ပါတယ်။

(၄) မနက်စာ စားဖို့လည်း မမေ့ပါနဲ့

ရလဒ် Workout

Photo : Healthline

ကွီးတို့က မနက်အစောပိုင်းမှာ လေ့ကျင့်ခန်း ပြုလုပ်တတ်တဲ့ သူတွေပါလား။ ဒါဆိုရင်တော့ လေ့ကျင့်ခန်း မလုပ်ခင် နာရီဝက်လောက် ကြိုတင်ပြီး မနက်စာ ကြိုစားထားပေးလိုက်ပါ။ မနက်စောစောမှာ လေ့ကျင့်ခန်း ပြုလုပ်မယ့် ကွီးတို့အနေနဲ့ အစား မစားဘဲ လေ့ကျင့်ခန်း သွားလုပ်တဲ့အခါ ထိရောက်မှု မရှိတော့ပါဘူး။ မူးမော်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ပြီးတော့ မနက်စာ မစားထားတဲ့အတွက်ကြောင့် အားလည်း ရှိမှာမဟုတ်ပါဘူး။ နောက်ဆက်တွဲအနေနဲ့ လေ့ကျင့်ခန်းများကိုလည်း အားအပြည့်သုံးပြီး ပြုလုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

ဒီအချက်များကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကိုယ် လိုချင်တဲ့ ခန္ဓာကိုယ် အချိုးအစား ရလဒ် အတိုင်း ခပ်မြန်မြန် ရရှိလာဖို့အတွက် Workout မလုပ်ခင်မှာ ပြုလုပ်ရ၎ယ့် အချက်များပဲဖြစ်ပါတယ်။

ကွီးတို့ရော Workout မလုပ်ခင်မှာ ဒီအချက်များကို ပြုလုပ်ဖြစ်ရဲ့လား။

Source : Byrdie

Featured Photo : Newsweek