မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ် တန်ဟက် ကတော့ အခြေအနေတစ်ခုကြောင့် လာမယ့် လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာရဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Erik ten Hag

Photo : SPORTbible

နယ်သာလန်သား နည်းပြဟာ ယူနိုက်တက်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးရာသီမှာတော့ ကာရာဘောင်းဖလားနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး အစပြိုးမှုကောင်းခဲ့တယ်လို့ ဆိုရမှာပါ။ ဒီရာသီမှာ အန်ဒရီ အိုနားနား ၊ မေဆင့်မောင့်နဲ့ ဟွိုက်လန်း တို့လို ကစားသမားအသစ်တွေကို ခေါ်ယူခဲ့ပြီးနောက် ယူနိုက်တက်အသင်းကို နောက်ထပ်တစ်ဆင့် တက်နိုင်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၁၃/၂၀၁၄ ဘောလုံးရာသီဟာ သရဲနီတို့ မျှော်မှန်းထားတဲ့ စံနှုန်းတွေထက် နှိမ့်ကျခဲ့ပြီး ဖိအားများစွာနဲ့ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ နည်းပြ တန်ဟက် ရဲ့ အသင်းဟာ အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၄ မှတ်အကွာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြ တန်ဟက်ရဲ့ အနာဂတ်ဟာ မရေမရာဖြစ်နေခဲ့ပြီး အသင်းပိုင်ရှင်သစ် ဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ နယ်သာလန်သား နည်းပြနေရာမှာ အပြောင်းအလဲပြုလုပ်ဖို့ ဆန္ဒရှိနေသလို ယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ရာထူးအတွက် ဂါရတ်ဆောက်ဂိတ်နဲ့ ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ တို့ကိုလည်း ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ The Mirror သတင်းရဲ့ ဖော်ပြချက်အရ နည်းပြ တန်ဟက်ဟာ ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့ထံကနေ အာမခံချက်မရရှိခဲ့ပါက ရာသီကုန်မှာပဲ ရာထူးကနေ နုတ်ထွက်သွားလိမ့်မယ်လို့ သိရပါတယ်။ နည်းပြ တန်ဟက်ကတော့ လက်ရှိ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းမှာ လာမယ့် ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးပြီး ဒီအတောအတွင်း အသင်းရဲ့အခြေအနေကို တိုးတက်အောင်စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ အလားအလာ ရှိနေပါတယ်။

Erik ten Hag

Photo : SPORTbible

အကယ်၍ ရာသီကုန်မှာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ရမယ်ဆိုရင်တော့ အသင်းဟောင်း အေဂျက်စ်က နောက်တစ်ကြိမ် ပြန်ကမ်းလှမ်းလာနိုင်တယ်လို့ နည်းပြ တန်ဟက် က ယုံကြည်နေပါတယ်။

Featured Photo : The Mirror