ရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အန်တိုနီ မာရှယ် ကို ဘာစီလိုနာ အပါအဝင် ဂျူဗင်တပ်စ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့လို ဥရောပ ထိပ်သီးကလပ်အသင်း တော်တော်များများ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Anthony Martial

Photo : The Sun

အသက် ၂၈ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူးဟာ ဒီရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရပြီး နည်းပြ တန်ဟတ်ကတော့ မာရှယ် နေရာမှာ လူငယ်တိုက်စစ်မှူး ဟွိုက်လန်းကိုသာ ပိုပြီးအားထား နေခဲ့ရတာပါ။

လက်ရှိ မာရှယ်ရဲ့ စွမ်းဆောင်ရည်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုကနေ ပြောင်းရွေ့လာတုန်းကနဲ့ အတော်လေး ကွာဟနေပြီ ဖြစ်ပြီး ဒီရာသီ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ စုစုပေါင်း ၁၉ ပွဲ ပါဝင်ကစားထားကာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပါတယ်။

မာရှယ်ကတော့ ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပြဖို့ ရုန်းကန်နေရပေမယ့် သူရဲ့ အပြောင်းအရွေ့ကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ထိပ်သီးကလပ်အသင်းတွေ အများကြီးရှိနေပါတယ်။

Anthony Martial

Photo : Goal.com

သတင်းတွေအရတော့ လာမယ့်ရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ တိုက်စစ် ကစားသမားတစ်ဦး ခေါ်ယူလိုနေတဲ့ စပိန်ဘီလူးကြီး ဘာစီလိုနာတို့က ပြင်သစ်သားကို စောင့်ကြည့်နေသလို စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ကလည်း ယူနိုက်တက် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

အလားတူ ပရီးမီးယားလိဂ် ထိပ်သီးကလပ် တော့တင်ဟမ်ဟော့ စပါးအသင်းကလည်း မာရှယ် ကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့ ရည်မှန်းထားပြီး နည်းပြ ပိုစတီကိုဂလူး ကိုယ်တိုင်က ဟယ်ရီကိန်းနေရာမှာ အစားထိုးဖို့ ပြင်သစ်လက်ရွေးစင်ကို ခေါ်ယူချင်နေတယ်လို့ အီတလီ သတင်း အရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

Featured Photo : Goal.com