အားလပ်ရက်၊ ရုံးပိတ်ရက်တွေမှာ ကိုယ့်ချစ်သူကောင်မလေးနဲ့ ရိုမန့်တစ် ဆန်ဆန် ချိန်းတွေ့နိုင်ဖို့အတွက် အိုင်ဒီယာ များ စဥ်းစားနေပါသလား။ ဒါဆိုရင်တော့ ကွီးတို့အတွက် ကိုယ့်ချစ်သူနဲ့ ပျော်ပျော်ပါးပါး၊ စိတ်လွတ်လက်လွတ်နဲ့ ရိုမန့်တစ် ဆန်ဆန် ချိန်းတွေ့နိုင်မယ့် အိုင်ဒီယာ ကောင်းများကို ဝေမျှပေးချင်ပါတယ်။

ဒီနည်းလမ်းများထဲမှ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်မျိုးမျိုးကို ရွေးချယ်ကာ ရိုဆန်တဲ့ ဒိတ်လှလှလေးကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ပျော်ပွဲစားထွက်ပါ

ရိုမန့်တစ် အိုင်ဒီယာ

မိမိအိမ်ကနေ အရသာရှိတဲ့ စားစရာများ ယူသွားလိုက်ပါ။ ဒါမှမဟုတ် အသင့်စား အစားအစာများကို မှာစားပြီး ပျော်ပွဲစား ထွက်နိုင်ပါတယ်။ အရင်ဦးဆုံး အရိပ်ရပြီး ပျော်ပွဲစား ထွက်လို့ကောင်းတဲ့ နေရာတစ်ခုကို ရှာဖွေလိုက်ပါ။ ထို့နောက် မြက်ခင်းပြင်ပေါ်မှာ အေးအေးလူလူထိုင်လို့ရရန်အတွက် အခင်းတစ်ခုခု ယူသွားလိုက်ပါ။ ပြီးရင်တော့ ပျင်းတဲ့အခါ ရုပ်ရှင်ကြည့်ဖို့အတွက် ဇာတ်ကားကောင်းလေးများ၊ ဖုန်းအား ကုန်မသွားဖို့ရန်အတွက် Power Bank တစ်ခု ဆောင်သွားလိုက်ပါ။ ဒါဆိုရင်တော့ ကိုယ့် ချစ်သူကောင်မလေးနဲ့ ပျော်ပျော်ပါးပါးနဲ့ ရိုမန့်တစ်ဆန်ဆန် ဒိတ်လုပ်နိုင်ပြီပဲ ဖြစ်ပါတယ်။

Adventure ဆန်ဆန် ခရီးသွားပါ

ရိုမန့်တစ် အိုင်ဒီယာ

ဆောင်းရာသီဖြစ်တဲ့အတွက်ကြောင့် တောင်တက်တာပဲဖြစ်ဖြစ်၊ ခရီးတို လမ်းလျှောက်တာပဲဖြစ်ဖြစ် ပြုလုပ်လို့ကောင်းတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ Adventure ခရီးသွားတဲ့အခါ သူ(မ)အတွက် အားကိုးစရာလူတစ်ယောက်ဖြစ်ကြောင်း ပြသတတ်ရပါမယ်။ သူ(မ) မောလွန်းတဲ့အခါမှာ ဘေးနားကနေပြီး အားပေးစကားပြောပြီး ခရီးဆုံးတဲ့အထိ Hiking ပြုလုပ်ခြင်းသည်လည်း နှစ်ယောက်သားကြားထဲက ချစ်ခြင်းတရား၊ အားကိုးယုံကြည်မှုတို့ကို တိုးပွားလာစေမှာပဲ ဖြစ်ပါတယ်။

ရှော့ပင်း အတူတူ ထွက်ပါ

couple shopping

ကိုယ့်ကောင်မလေးက အလှအပတွေ ကြိုက်နှစ်သက်သူလား၊ သဘာဝ အလှတရားကို ကြိုက်နှစ်သက်သူလားဆိုတာကို သိအောင် ပြုလုပ်ရမှာကတော့ ကွီးတို့ရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့် ကောင်မလေးက အလှအပတွေ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ရှော့ပင်း ထွက်ရတာလည်း ဝါသနာပါပါလိမ့်မယ်။ သူ(မ) ရှော့ပင်း ထွက်တဲ့အခါ ဘေးနားကနေ အဖော်ပြုပေးလိုက်ပါ။ ကိုယ့်ချစ်သူနဲ့ ရှော့ပင်း တူတူ ထွက်ရတာသည်လည်း ပျော်ရွှင်ကြည်နူးဖို့ကောင်းတာကို ခံစားရပါလိမ့်မယ်။

ဟင်းလျာများ အတူတူ ချက်ပြုတ်ပြီး ညစာအတူတူ စားသုံးပါ

ရိုမန့်တစ် အိုင်ဒီယာ

ခရစ္စမတ်ညတွေ ၊ နယူးရီးယားညတွေကို ကိုယ့်ချစ်သူကောင်မလေးနဲ့ အတူတူ ကုန်ဆုံးချင်သူများအတွက် ရိုမန့်တစ် ဆန်တဲ့ အိုင်ဒီယာ တစ်ခုပဲဖြစ်ပါတယ်။ ချက်ပြုတ်မယ့်အစားအစာများအတွက် အတူတူ ဈေးထွက်ဝယ်ပြီးနောက် ညစာများကို အတူတူ ချက်ပြုတ်ပြင်ဆင်နိုင်ပါတယ်။ ဒီနည်းလမ်းသည်လည်း လက်တွေ့ဆန်ပြီး ချစ်သူ သမီးရည်းစားများအကြား ရေပန်းစားတဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ရုပ်ရှင်တူတူ ကြည့်ပါ

couple movie

ပိတ်ရက်မှာ ဘယ်မှ မသွားဘဲ အိမ်မှာပဲ အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါသလား။ ဒါဆိုရင်တော့ အိမ်မှာပဲ ရုပ်ရှင်တူတူ ကြည့်လို့လည်း ရပါသေးတယ်။ ရုပ်ရှင် မကြည့်ခင်မှာ အရင်ဦးဆုံး မုန့်ပဲသွားရေစာများကို အဆင်သင့်ပြင်ထားပါ။ ပြီးမှ မိမိကြိုက်နှစ်သက်ရာ ဇာတ်ကားများကို ရွေးချယ်ကာ အတူတူ ကြည့်ရှုနိုင်ပါတယ်။

ဒီအိုင်ဒီယာများကတော့ ကိုယ့်ရဲ့ အားလပ်ရက်မှာ ကိုယ့်ချစ်သူကောင်မလေးနဲ့ ရိုမန့်တစ် ဆန်ဆန် ချိန်းတွေ့ချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး အိုင်ဒီယာ များပဲဖြစ်ပါတယ်။

Source: Theknot

Featured Image: Freepik