ယနေ့ခေတ်မှာ အမျိုးသားများလည်း အသားအရေကို ဂရုစိုက်လာကြပါတယ်။  အမျိုးသားများမှာ အထူးသဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့်လည်းကောင်း၊ အမျိုးသမီးများကဲ့သို့ နေလောင်ကာခရမ်ကို သေချာမလိမ်းတာကြောင့်လည်းကောင်း အသားအရေမှာ ပြဿနာတွေ၊ ဝက်ခြံထွက်‌တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် တက်စတိုစတီရုန်း ပမာဏ မြင့်မားလာခြင်းကြောင့် မွေးညှင်းပေါက်များ ပိုထူလာကာ အဆီပြန်သော အရေပြားနှင့် အဆီဖုများကို စုပ်ထုတ်သည့် ချွေးပေါက်များ ပိုကျယ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေက အမျိုးသားမှာ အများဆုံးတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများလည်း အသားအရေကို ဂရုစိုက်သင့်ပါတယ်။ ဒီနေ့ခေတ်မှာ အမျိုးသားသုံး အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကလည်း စျေးကွက်မှာ အများအပြားရှိနေတာကြောင့် ကိုယ်နဲ့လိုက်ဖက်တာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အသားအရေ ကို ဘယ်လိုအဆင့်လိုက် ထိန်းသိမ်းရမလဲဆိုတာ သေချာမသိတဲ့ ပုရိသတို့အတွက် ရိုးရိုးရှင်းရှင်း စကင်းကဲနည်း ကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

မျက်နှာကို သေချာသန့်စင်ပါ

ရိုးရိုးရှင်းရှင်း စကင်းကဲနည်း

Photo : Business Insider

တစ်နေ့ကို နှစ်ကြိမ် မျက်နှာကို သစ်သင့်ပါတယ်။ မနက်အစောပိုင်းမှာ မျက်နှာသစ်ခြင်းက တစ်ညလုံး မိတ်ဆွေတို့ အသုံးပြုခဲ့တဲ့ အသားအ‌ရေထိန်းသိမ်းတဲ့ ထုတ်ကုန်များ၊ အိပ်ပျော်နေစဉ် အရေပြားမှာ စုပုံနေတဲ့ ချွေးများနဲ့ ဘက်တီးရီးယားများကို ဆေးကြောခြင်း ဖြစ်ပါတယ်။ ညအိပ်ရာဝင်ချိန်မှာ တစ်နေ့လုံးမှာ မျက်နှာမှာ စုပုံလာနိုင်တဲ့ အသညစ်အကြေးတွေကို သန့်စင်ပြီး အသားအရေထိန်းသိမ်းမှုကို ပြုလုပ်ဖို့ပဲဖြစ်ပါတယ်။ မျက်နှာသစ်ရာမှာလည်း ခေါင်းလျှော်ရည်၊ ကိုယ်တိုက်ဆပ်ပြာ စတာတွေနဲ့ အလွယ်တကူ သစ်တာကို ရှောင်ပါ။ အဲ့ဒီအစား ကိုယ်အသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆပ်ပြာကို အသုံးပြုသင့်ပါတယ်။

တစ်ပတ်ကို နှစ်ကြိမ် Exfoliate လုပ်ပေးပါ

ရိုးရိုးရှင်းရှင်း စကင်းကဲနည်း

Photo : Purplle

Exfoliation ဆိုတာကတော့ အရေပြားဆဲလ်သေများ၊ ပိုလျှံနေသော အညစ်အကြေးများနှင့် ဆီဗမ်များကို ဖယ်ရှားပေးကာ အသားအရေကို ကြည်လင်ချောမွေ့စေပါတယ်။ မျက်နှာကို ဒီလိုချေးချွတ်ပေးခြင်းဖြင့် ချွေးပေါက်များကို စိမ့်ဝင်စေပြီး ပိတ်ဆို့နေသော အညစ်အကြေးများကို ဖယ်ရှားပေးပြီး ပိတ်ဆို့ခြင်းများကို ရပ်တန့်စေပါတယ်။ ဒါ့အပြင် ချွေးပေါက်ပိတ်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် အမည်းစက်များကို တားဆီးပေးပါတယ်။ ဒီအဆင့်ကို နေ့တိုင်းလုပ်စရာမလိုပါဘူး။ တစ်ပတ်မှာ ၂ ကြိမ်လောက်က လုံလောက်ပါတယ်။ ဒါ့အပြင် Exfoliation လုပ်တဲ့နေရာမှာ ကိုယ့်အသားအရေနဲ့ သင့်တော်တာမျိုးကို အသုံးပြုဖို့လိုပါတယ်။

Eye cream လိမ်းပါ

ရိုးရိုးရှင်းရှင်း စကင်းကဲနည်း

Photo : Kiehl’s

မျက်လုံးအောက်မှာရှိတဲ့ အရေပြားက အခြားသော အရေးပြားထက် ပိုမိုပါးလွှာတာကြောင့် ၎င်း ဧရိယာသည် အစိုဓာတ်ပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် အမဲစက်များ၊ မျက်အိတ်ဖောင်းခြင်းများ၊ အရေးအကြောင်းများကို ကာကွယ်ဖို့အတွက် Eye Cream ကို လိမ်းပေးဖို့ လိုပါတယ်။ မျက်နှာသစ်ပြီးရင် မနက်ရော ညပါ Eye Cream လိမ်းပေးသင့်ပါတယ်။ ပုံမှန်လုပ်ပေးခြင်းဖြင့် မျက်လုံးတစ်ဝိုက်ရှိ အရေပြားကို ရေဓာတ်ဖြည့်ပေးပြီး တင်းရင်းစေပါတယ်။

အစိုဓာတ်ထိန်းခရမ် အသုံးပြုပေးပါ

Photo : MensXP

အသားအရေအတွက် အစိုဓာတ်ထိန်းတဲ့ အဆင့်က နေ့စဉ်ပုံမှန် အသားအရေထိန်းသိမ်းမှုမှာ အရေးအကြီးပဲ ဖြစ်ပါတယ်။ အရေးအကြောင်းဖြစ်ခြင်း၊ အဆီများထွက်ခြင်းနဲ့ အသားအ‌ရေ မွဲခြောက်ခြင်း တို့ကို တားဆီးရန်အတွက် အစိုဓာတ်ထိန်းခရင်မ် လိမ်းဖို့ အရေးကြီးပါတယ်။ ကွီးတို့ အသားအရေ အမျိုးအစားနဲ့ လိုက်ဖက်တဲ့ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးချယ်ပါ။ တစ်နေ့လျှင် (၂) ကြိမ် အသုံးပြုပါ။

နေလောင်ကာခရင်မ်ကို လိမ်းပါ

Photo : Clinikally

ကွီးတို့ရဲ့ အသားအရေကို ကာကွယ်ရန် အနည်းဆုံး SPF 30 နဲ့အထက် နေလောင်ကာခရင်မ်ကို နေ့တိုင်း လိမ်းပေးဖို့လိုပါတယ်။ နေလောင်ဒဏ်ခံရခြင်းကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှု၊ တင်းတိတ်နဲ့ တို့အပြင် အသားအရေကို ထိခိုက်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းရဲ့ ၉၀ ရာခိုင်နှုန်းက အိုမင်းရင့်ရော်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေရောင်ကာခရင်မ်ကို အပြင်ထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ၊ နေ့တိုင်း ပုံမှန်လိမ်းပေးဖို့လိုပါတယ်။ နေရောင်ကာခရင်မ်က ကျွန်တော်တို့ရဲ့ အသားအရေပေါ်သို့ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်များကို ထိတွ့မှုကို တားဆီးရန် မရှိမဖြစ် အရာတစ်ခုဖြစ်ပါတယ်။

အခုဖော်ပြပေးလိုက်တာကတော့ ပုရိသတိုင်း လိုက်နာသင့်တဲ့ ရိုးရိုးရှင်းရှင်း စကင်းကဲနည်း အဆင့် (၅) ဆင့်ပဲ ဖြစ်ပါတယ်။ ပုံမှန်ပြုလုပ်ပေးရင် အရွယ်မတိုင်ခင် အသားအရေများ ပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်ပြီး အသားအရေကို တင်းရင်းနုပျိုစေပါတယ်။

Source : Nivea

Featured Photo : Fobes