Jagermeister ကို ကြိုက်တဲ့ ကွီးတို့ရှိပါသလား။ Jagermeister က ဂျာမန်ဆေးဘက်ဝင်အပင် ၆၀ ကျော် နဲ့ဖော်စပ်ထားပြီး အရက်ပါဝင်မှုနှုန်း ၃၃ ရာနှုန်း ပါဝင်တဲ့အရည် တစ်မျိုးဖြစ်ပါတယ်။ Jagermeister ကို အမျိုးမျိုးရောစပ်ပြီး အမျိုးမျိုးသော Cocktails တွေ ဖျော်စပ်ကြပါတယ်။ Jagermeister နဲ့ လုပ်ထားတဲ့ Cocktails တွေကို ကြိုက်နှစ်သက်တဲ့ ကွီးတို့ရေ အားဖြည့်အချိုရည်နဲ့ Jagermeister ရောစပ်တဲ့ Cocktail မျိုးကိုရော ကြိုက်နှစ်သက်ပါသလား။ ဒါဆို ကွီးတို့အိမ်မှာပဲ စမ်းဖျော်ကြည့်လို့ရတဲ့ ရိုးရှင်း လွယ်ကူတဲ့ Jagermeister နဲ့ Red Bull ရောစပ်ပြီး Cocktail ဖျော်စပ်နည်း လေးကို မျှဝေ ပေးလိုက်ပါတယ်။

ရိုးရှင်း လွယ်ကူတဲ့
Photo : Drinkies

ပြင်ဆင်ရမှာတွေကတော့ Jagermeister နဲ့ Red Bull Cocktail တစ်ခွက်စာအတွက်….
(၁) Jager Bomb ပြုလုပ်ရာတွင် အသုံးပြုသော ခွက်တစ်ခွက်
(၂) Jagermeister Alcohol (45ml)
(၃) Red Bull Energy Drink (125 ml) စသည်တို့ လိုအပ်ပါတယ်။

cocktail
Photo : Tispy Bartender

ဒါတွေအားလုံး ပြင်ဆင်ပြီးသွားပြီဆိုရင်တော့ Jagermeister Red Bull ဖျော်စပ်ဖို့အသင့်ပါပဲ။

(၁) ပထမဦးစွာ Jagermeister ပုလင်းကို သေသေချာချာ အအေးခံပါ။ မရောစပ်ခင် အနည်းဆုံး မိနစ် ၃၀ လောက် ရေခဲသေတ္တာထဲမှာ ထည့်ထားပါ။ Jagermeister က အရမ်း အေးခဲနေရန် မလိုအပ်သော်လည်း ခံစားနိုင်လောက်အောင် အေးနေသင့်ပါတယ်။

(၂) ထို့နောက် အအေးခံထားသော Jagermeister ကို ဖန်ခွက်ထဲသို လောင်းထည့်ပါ။ ပုံမှန် Jager Bomb ဖန်ခွက်တစ်ခွက်စာလျှင် (45 ml ) ခန့်ကို အသုံးပြုနိုင်ပါတယ်။ ပိုကြီးတဲ့ Jager Bomb ခွက်ကို အသုံးပြုမယ်ဆိုရင် Red Bull ပမာဏကို အချိုးကျ တိုးမြှင့်လိုက်ပါ။

(၃) နောက်ဆုံးအနေဖြင့် Jagermeister ထည့်ထားသော Jager Bomb ဖန်ခွက်ထဲကို Red Bull (125 ml) ကို လောင်းထည့်လိုက်ပါ။ Red Bull အားဖြည့်အချိုရည်ကို မသုံးဘဲ တခြားအားဖြည့်အချိုရည်နဲ့ အစားထိုးနိုင်ပါတယ်။ ဒါဆို ရိုးရှင်း လွယ်ကူတဲ့ Jagermeister Red Bull ရောစပ်ပြီး Cocktail ဖျော်စပ် ပြီးပါပြီ။

cocktail
Photo : MyReceipe

ကဲ ကွီးတို့ရေ တကယ်ကို ရိုးရှင်း လွယ်ကူတဲ့ Jagermeister နဲ့ Red Bull ရောစပ်ပြီး ဖျော်ထားတဲ့ Cocktail လေးကို သုံးဆောင်လို့ရပါပြီ။

Source : Drinkie

Featured Photo : Tipsybartender