ရီးယဲလ် မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာ ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း ကွာတားဖိုင်နယ်ကို တတ်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ဇီဒန်းခေတ်တုန်းကလို ချန်ပီယံဆုကို ပြန်လည် ကာကွယ်နိုင်မယ့် အခြေအနေမျိုးမှာ ရှိနေရတယ် ဆိုပေမယ့်လည်း လာလီဂါဘက်မှာတော့ ဇယားထိပ်က ဘာစီလိုနာအသင်းနဲ့ (၁၂)မှတ်အထိ ကွာဟနေရတာကြီးက လက်မခံနိုင်စရာ ဖြစ်နေရပါတယ်။

Raphinha goal decides El Clasico at Allegiant Stadium in Las Vegas

Photo Credit : CBS Sports

လာလီဂါတစ်ခုတည်းတင် မဟုတ်သေးပဲ စပိန်စူပါဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်မှာလည်း ဘာစီလိုနာနဲ့ ဆုံတွေ့ခဲ့ရာ ဘာစီလိုနာကသာ အနိုင်ရပြီး စူပါဖလား ချန်ပီယံ ဖြစ်ထားခဲ့သလို ကိုပါဒယ်ရေးပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်မှာလည်း ဘာနေဗျူးကွင်းတွင် ကစားခဲ့ရတဲ့ ပထမအကျော့မှာပဲ ဘာစီလိုနာက (0-1)နဲ့ အနိုင်ရထားလို့ ဖိုင်နယ်တတ်ဖို့က အခြေအနေကောင်း နေရပါတယ်။ ဒါကြောင့် ဒီရာသီမှာ ရီးယဲလ်က ပြည်တွင်းဘက်မှာ ဘာစီလိုနာကို ယှဉ်နိုင်ဖို့ မလွယ်ကူတော့ပဲ တကယ်လို့များသာ ချန်ပီယံလိဂ်ကနေပါ ပြုတ်သွားခဲ့မယ်ဆိုရင် နည်းပြကြီး ကားလို့အန်စလော့တီရဲ့ အနာဂတ်ဟာလည်း ဝေဝါးသွားနိုင်ပါတယ်။

ancelotti

Photo Credit : Football Espana

အတွေ့အကြုံ ရင့်ကျက်နေတဲ့ နည်းပြ အန်စလော့တီကိုလည်း ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ စောင့်ကြည့်လျက် ရှိနေပြီး သူတို့ လက်ရွေးစင်အသင်းအတွက် နည်းပြသစ်အဖြစ် တာဝန်ပေးချင်နေပါတယ်။ အန်စလော့တီအနေနဲ့ ရီးယဲလ်မှာသာ နည်းပြအလုပ်ကို ဆက်လုပ်ချင်ပါတယ် ဘယ်လိုပဲ ပြောထားပြောထား အသင်းက ပြည်တွင်းမှာရော ဥရောပမှာပါ ဘာအောင်မြင်မှုမှ မရယူနိုင်ခဲ့ရင် အန်စလော့တီနဲ့ လမ်းခွဲဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်လာနိုင်မှာ အသေအချာပါပဲ။

pochettino

Photo Credit : talkSPORT

ဒီအချိန်မှာ စပိန်ကနေ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ရီးယဲလ် ဟာ အန်စလော့တီနဲ့ လမ်းခွဲဖြစ်မယ်ဆိုရင် သူ့နေရာမှာ ပီအက်စ်ဂျီ စပါးအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုနဲ့ ပြန်လည် အစားထိုးသွားဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။ ပိုချက်တီနိုရဲ့နောက်မှာတော့ ရီးယဲလ်ရဲ့ legend player ကြီးလည်းဖြစ် လက်ရှိ ရီးယဲလ် လူငယ်အသင်းကို ကိုင်တွယ်နေသူလည်းဖြစ်တဲ့ ရာအူးလ်ဂွန်ဇာလက်ဇ်ကို plan b အဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Featured Photo : Goal