စိတ်ဖိစီးမှုတွေဆိုတာ ကျနော်တို့လူသားတိုင်းရဲ့ ဘဝမှာ တည်ရှိနေတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာတော့ စိတ်ဖိစီးမှုတွေသည် အသွားနှစ်ဖက်ပါတဲ့ ဓားတစ်ချောင်းနဲ့ တူပါတယ်။ ပမာဏ နည်းနည်းပဲဆိုရင်တော့ ကွီးတို့ရဲ့ စွမ်းရည်ကို မြင့်တက်နေအောင် တွန်းပို့နေပေမယ့် စိတ်ဖိစီးမှူ ပမာဏ များလာရင်တော့ ကွီးတို့ရဲ့ အပြိုလဲကြီး ပြိုလဲသွားစေမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး စိတ်ဖိစီးမှုတွေထဲက ရုန်းထွက် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်း များကို ပြုလုပ်နိုင်ပါတယ်။
လမ်းလျှောက်လေ့ကျင့်ခန်း
စိတ်ဖိစီးမှုများထဲကနေ ရုန်းထွက် ဖို့ ကူညီပေးမယ့် အရိုးရှင်းဆုံး လေ့ကျင့်ခန်း ကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ သုတေသန လေ့လာချက်များအရ တစ်နေ့လျှင် ၁၀ မိနစ်ခန့် အမြန် လမ်းလျှောက်ပေးခြင်းအားဖြင့် ကွီးတို့ကို စိတ်တည်ငြိမ်သွားအောင် ကူညီပေးပြီး စိတ်ဖိစီးမှုများ၊ စိတ်လှုပ်ရှား ပူပန်မှုများကို လျော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။
အပြေးလေ့ကျင့်ခန်း
ကွီးတို့ရဲ့ စိတ်ထဲမှာ နေရာယူထားတဲ့ စိတ်ညစ်စရာများအားလုံးကို ဖယ်ရှားချင်တယ်ဆိုရင်တော့ အပြေးလေ့ကျင့်ခန်းကိုလည်း ပြုလုပ်နိုင်ပါတယ်။ အပြေးလေ့ကျင့်ခန်း ပြုလုပ်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ လုံခြုံရေးအတွက် ဘေးအကင်းဆုံးဖြစ်မယ့် လမ်းကို ရွေးချယ်သင့်ပါတယ်။
ရေကူးခြင်း
ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြွက်သားများကို တောင့်တင်းသန်မာလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းတစ်ခုကတော့ ရေကူးခြင်းပဲ ဖြစ်ပါတယ်။ ရေကူးခြင်းအားဖြင့် ကွီးတို့ရဲ့ နှလုံးကြွက်သားများ အားကောင်းလာပြီး သက်လုံကောင်းကာ အမောခံနိုင်စေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ စိတ်ဖိစီးစရာများကို ပြေလျော့ပေးနိုင်သည်အထိ အစွမ်းထက်ပါတယ်။
စက်ဘီးစီးခြင်း
စက်ဘီးစီးခြင်းကတော့ အရိုးအဆစ်များကို သန်မာစေပြီး နှလုံးကြွက်သားရဲ့ ညှစ်အားကောင်းအောင် ကူညီပေးပါတယ်။ မနက်ခင်း စက်ဘီး ထစီးခြင်းအားဖြင့် လေကောင်းလေသန့်များ ရှူရှိုက်လို့ရအောင် ကူညီပေးပြီး ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီးစရာများကို ဖယ်ရှားပေးပါလိမ့်မယ်။
လက်ဝှေ့ထိုးခြင်း
ကွီးတို့ အလွန်အမင်း စိတ်ဆိုးပြီး တစ်ခုခုကို ထိုးချင် နှက်ချင်တဲ့ စိတ်မျိုး ပေါ်ပေါက်နေပါသလား။ ဒါဆိုရင်တော့ လက်ဝှေ့ထိုးလိုက်ပါ။ လက်ဝှေ့ထိုးမယ်ဆိုရင် ကွီးတို့ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေသည် လေ့ကျင့်ခန်းကနေတဆင့် ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ ကွီးတို့ ညစ်နေတဲ့အရာတွေ စိတ်ဖိစီးမှု ဖြစ်စေတဲ့ အရာတွေကို သဲအိတ်ထဲ ထည့်ထားပြီး အားရပါးရသာ လက်ဝှေ့ထိုးပစ်လိုက်ပါ။
ဒါဆိုရင်တော့ ကွီးတို့ ခံစားနေရတဲ့ စိတ်ညစ်စရာများ ပျောက်သွားမှာ မယုံမရှိပါနဲ့။
ကွီးတို့ရော စိတ်ဖိစီးလာရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ စိတ်ညစ်စရာများကို ဖြေဖျောက်လေ့ရှိပါသလဲ။
Source: Health.usnews
Featured Image: Freepik