ဂိမ်းဝါသနာအိုး ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အကျော်ကြားဆုံး ရုပ်ရှင်ဇာတ်ကား တွေပေါ် အခြေခံကာ ရေးဆွဲထားတဲ့ အမိုက်စား မိုဘိုင်းလ်ဂိမ်း များအကြောင်း စုစည်းတင်ဆက်ပေးချင်ပါတယ်။
ကွီးတို့ ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား တွေရော မိုဘိုင်းလ်ဂိမ်း အဖြစ် ပြောင်းလဲကာ ဆော့ကစားနိုင်အောင် တီထွင်ပေးသလားဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။
Star Wars: Galaxy Of Heroes

စတားဝါးဖန်တွေ သဘောကျကြတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းလေးဖြစ်ပြီး စထွက်ကတည်းက ကမ္ဘာတစ်ဝှမ်းမှာ ဆော့ကစားသူ များပြားခဲ့ပါတယ်။ ဓားရောင်စုံတစ်ဝင်းဝင်းနဲ့ ဆော့ကစားရတာ ကြိုက်နှစ်သက်သူများအတွက် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။
The Simpsons: Tapped Out

The Simpsons ဆိုတဲ့ တီဗွီရှိုးကို အားလုံးပဲ ရင်းနှီးကြပါလိမ့်မယ်။ ၁၉၈၉ ခုနှစ်ကတည်းက ထုတ်လွှင့်တဲ့ Sitcom တစ်ခုဖြစ်ပြီး Season ပေါင်း ၃၃ ခုရှိပါတယ်။ The Simpsons: Tapped Out ဆိုတာကတော့ ထို ရုပ်ရှင်ဇာတ်ကား ကို အခြေတည်ကာ ရေးဆွဲထားတဲ့ မိုဘိုင်းလ်ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းလေးဖြစ်ပြီး ယနေ့ထိတိုင်လည်း လူကြိုက်များတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
Marvel Contest Of Champions

Marvel ဖန်တွေအတွက်တော့ Marvel Contest Of Champions ဆိုတဲ့ ဂိမ်းလေးရှိပါတယ်။ Android ရော iOS မှာပါ ဆော့ကစားနိုင်ပြီး ၂၀၁၄ ကတည်းက ထွက်ရှိခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဖိုက်တင်ဂိမ်းများကို စိတ်ဝင်စားတဲ့ ကွီးတို့အတွက်တော့ ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
MARVEL Future Fight

နောက်ထပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ ဂိမ်းလေးကတော့ MARVEL Future Fight ပဲဖြစ်ပါတယ်။ ဒီဂိမ်းထဲမှာ ကာရိုက်တာပေါင်း အမျိုး ၂၀၀ ခန့် ရှိတဲ့အတွက်ကြောင့် ကွီးတို့ ကြိုက်နှစ်သက်တဲ့ ကာရိုက်တာကို ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။
Jurassic World: The Game

ဒီဂိမ်းကတော့ Jurassic World ရုပ်ရှင်ဇာတ်ကား ထဲက ဒိုင်နိုဆောတွေအကုန်လုံးအတွက် ဥယျာဉ်တစ်ခု ဆောက်လုပ်ပေးရမယ့် မိုဘိုင်းလ်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ပွဲ Mode အဖြစ်ပြောင်းလဲကာ ဆော့ကစားနိုင်တာကြောင့် ကွီးတို့လည်း မပျင်းရတော့ဘူးပေါ့။
Minion Rush: Despicable Me

Despicable Me ဆိုတာကတော့ Animation ကာတွန်းလောကမှာ အအောင်မြင်ဆုံး ဇာတ်ကားတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။ Minion Rush: Despicable Me ထဲမှာလည်း ကွီးတို့ ကြိုက်နှစ်သက်တဲ့ ကာရိုက်တာကို ရွေးချယ်ကာ ဆော့ကစားနိုင်ပြီး ပျော်ရွှင်မှုများကို ရယူနိုင်ပါတယ်။
Harry Potter: Hogwarts Mystery

Harry Potter ပရိသတ်တွေအတွက် တီထွင်ပေးထားတဲ့ ဂိမ်းလေးကတော့ Harry Potter: Hogwarts Mystery ပဲဖြစ်ပါတယ်။ ထိုဂိမ်းထဲမှ ကွီးတို့ ကြိုက်နှစ်သက်တဲ့ အသင်းကို ရွေးချယ်နိုင်ပါတယ်။ ဂရင်းဖင်းဒေါ၊ စလေသရင်း၊ ရေဗန်ကလော၊ ဟယ်ဖယ်ပက်ဖ် စတဲ့ အသင်းကို ခေါင်းဆောင်းဦးထုပ်ရဲ့ အကူအညီမလိုဘဲ ကွီးတို့စိတ်ကြိုက် ရွေးချယ်ကာ ဆော့ကစားနိုင်ပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ ဂိမ်းတွေထဲက ဘယ်နှမျိုးလောက်ကို ဆော့ကစားဖူးပါသလဲ။
Source: Top10films
Featured Image: Thenerdstash
