နေ့စဉ်စိတ်ဖိစီးမှုများ၊ အချက်အလက်များ ပိုမိုရရှိလာခြင်း၊ ပြင်းထန်သော အချိန်သတ်မှတ်ချက်များနဲ့ လစာနည်းပါးခြင်းတို့ဟာ ရုံး သွားသူများအတွက် စိတ်ဖိစီးမှုကို ဖြစ်စေရုံသာမက ထုတ်လုပ်မှု စွမ်းဆောင်ရည်ကိုလည်း လျော့ကျစေနိုင်ပါတယ်။ အလုပ်ခွင်စိတ်ဖိစီးမှုဟာ လူငယ်လူရွယ်များတွင် ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုရဲ့ ၄၀% ထက်မက ရှိနေသည်ကို ထောက်ရှုသောအခါ ဒါကို ဖြေရှင်းဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။

အလုပ်ခွင် စိတ်ညစ်စရာများဟာ ဝန်ထမ်းများ အလုပ်ထွက်ရခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာ၊ နည်းပညာရဲ့ ကျေးဇူးကြောင့် အလုပ်ခွင်ပြောင်းလဲမှုများဟာ ကုန်ကျစရိတ်များပြားခြင်း ဒါအှမဟုတ် အားထုတ်မှုများစွာ မလိုအပ်တော့ပေ။ သင့်အလုပ်ဘဝကို ပိုမိုကောင်းမွန်စေရန်နဲ့ ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် နည်းလမ်းအချို့ကို အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ရုံးတွင်း သင့်အလုပ်ဘဝကို ပိုမိုလွယ်ကူချောမွေ့စေဖို့ ဒီနည်းလမ်းများကို လက်တွေ့ကျင့်သုံးကြည့်ပါ။

လုပ်စရာစာရင်း (To-Do List) ပြုလုပ်ခြင်း

Photo : Forbes

သင့်ရုံးမှာ လုပ်စရာကိစ္စရပ် ရာနှင့်ချီ ရှိနေပြီး တစ်ခုပြီးတစ်ခု မေ့လျော့နေမယ်ဆိုရင် ပြဿနာက စတင်နေပြီ ဖြစ်ပါတယ်။ ထိုအချက်အလက်များကို မှတ်မိဖို့ သင့်ဦးနှောက်က ပြန်လည်အလုပ်လုပ်နေသောအခါ စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာပြီး အိပ်ရေးပျက်ခြင်းကို ဖြစ်စေနိုင်တယ်။ ဒါကြောင့် လုပ်စရာစာရင်းကို လက်နဲ့ရေးမှတ်ခြင်း ဒါမှမဟုတ် ဒီဂျစ်တယ်စနစ်နဲ့ မှတ်သားခြင်းက သင့်အတွက် အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ထိုကိစ္စရပ်များကို ချရေးလိုက်သည်နဲ့ သင့်ဦးနှောက်က ထိုအချက်အလက်များကို သိရှိသွားပြီး ထပ်ခါထပ်ခါ ပြန်လည်မစဉ်းစားတော့ပေ။ ဒါကြောင့် ရုံး သို့မသွားခင် မနက်တိုင်း လုပ်စရာစာရင်းကို ပြန်လည်ပြင်ဆင်ခြင်းဖြင့် သင့်အလုပ်ဘဝကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အိမ်မှ အလုပ်လုပ်သူများအတွက်လည်း လုပ်စရာစာရင်းသည် ရုံးဘဝကို သိသိသာသာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။ ဒီနည်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး ဘဝကို ပိုမိုကောင်းမွန်စွာ ဖြတ်သန်းနိုင်မည် ဖြစ်ပါတယ်။

အလုပ်ခွင်ကို စနစ်တကျ စီမံခန့်ခွဲခြင်း

Photo : Ladders

သင့်စားပွဲပေါ်မှာ မလိုအပ်သော စာရွက်စာတမ်းများ ပြည့်နှက်နေမယ်ဆိုရင် ဒါတွေကို ရှင်းလင်းပစ်ဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်။ စာရွက်စာတမ်းများ၊ အစီရင်ခံစာများနဲ့ ရုံးသုံးပစ္စည်းများဖြင့် ရှုပ်ပွနေသော စားပွဲဟာ ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို လျော့ကျစေသည်မှာ ငြင်းမရသော အချက်တစ်ခု ဖြစ်ပါတယ်။

ထုတ်လုပ်မှုစွမ်းဆောင်ရည်ကို ဟန့်တားသည့်အပြင်၊ ရှုပ်ပွနေသော အလုပ်ခွင်ဟာ သင့်အား အာရုံစူးစိုက်မှုကို လုံးဝပေးနိုင်ခြင်းမှ ကာကွယ်ပေးနိုင်တယ်။ ဒါ့အပြင် အလုပ်ခွင် ပတ်ဝန်းကျင်ဟာ ဖုန်မှုန့်နဲ့ အမှိုက်သရိုက်များဖြင့် ပြည့်နှက်နေမယ်ဆိုရင် စာရွက်စာတမ်းများနဲ့ အချက်အလက်များကို ရှာဖွေရာမှာ အချိန်ကုန်လာနိုင်ပတယ်။

ဒါကြောင့် သင့်အလုပ်ခွင်ကို သန့်ရှင်းပြီး စနစ်တကျ စီမံခန့်ခွဲပါ။ စာရွက်စာတမ်းများကို ရှင်းလင်းပစ်ပြီး စာရွက်များမသုံးဘဲ အလုပ်လုပ်ပါက သင့်စားပွဲပေါ်တွင် လိုအပ်သော နည်းပညာပစ္စည်းများ ရှိစေရန် သေချာပါစေ။

လိုအပ်သော ပဋိပက္ခများကို စောစီးစွာ ဖြေရှင်းပါ

Photo : Professional Alternatives

သင့်အနေနဲ့ အိမ်မှအလုပ်မလုပ်ဘဲ ရုံး သို့သွားပါက သင့်တစ်နေ့တာရဲ့ တစ်ဝက်ကျော်ကို လုပ်ဖော်ကိုင်ဖက်များနဲ့ အပြန်အလှန်ဆက်ဆံရင်း ကုန်ဆုံးရပါတယ်။ အဲ့ဒီလို ဆက်ဆံရာမှ ပဋိပက္ခများ ဖြစ်ပေါ်လာတတ်တယ်။ ဒါပေမယ့် ပဋိပက္ခများကို အနှုတ်လက္ခဏာဖြင့် မမြင်ပါနဲ့။ အချို့သော ပဋိပက္ခများဟာ သင့်ကို ပိုမိုကောင်းမွန်သောလူသားတစ်ဦး ဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ဒါတွေက သင့်အဖွဲ့ကို ပိုမိုကောင်းမွန်ပြီး စိတ်ချရသော ဖြေရှင်းနည်းများကို တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်ပါတယ်။

သင့်ရုံးဘဝကို စိတ်ညစ်စရာဖြစ်စေသော အချက်မှာ တစ်စုံတစ်ဦးရဲ့ ချဉ်းကပ်မှု ဒါမှမဟုတ် အပြုအမူကြောင့် ကျန်းမာသော ဆက်ဆံရေးရှိသည်ဟု သိထားသော လုပ်ဖော်ကိုင်ဖက်များအကြား မလိုအပ်သော ပဋိပက္ခများ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ဦးက ရန်လိုသော မှတ်ချက်များပြုပြီး တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းကွဲအောင် လှုံ့ဆော်မယ်ဆိုရင် ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းရန် အချိန်တန်ပြီ ဖြစ်ပါတယ်။

Featured Photo : Tech With Dom