အချစ်ကို ကွီးတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆို ပါသလဲ။ အချစ်ကို အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုး ရှိနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်သော်လည်းပဲ လူတိုင်းနီးပါး အချစ်ကို ခံစားဖူးကြမှာပါ။ အချစ်ဟာ ရယူခြင်းလို့ သတ်မှတ်သည်ဖြစ်စေ၊ စွန့်လွှတ်ခြင်းလို့ သတ်မှတ်သည်ဖြစ်စေ၊ ပေးဆပ်ခြင်းလို့ သတ်မှတ်သည် ဖြစ်စေ၊ တစ်စုံတစ်ယောက်အပေါ် ထားရှိတဲ့ သို့မဟုတ် ဖြစ်‌ပေါ်လာတဲ့ လေးနက်တဲ့ ခံစားချက်များပင် မဟုတ်ပါလား။ အချစ်ကြောင့် ကြည်နူးနိုင်တယ်၊ ပျော်ရွှင်နိုင်တယ်၊ အရာရာကို ပိုင်ဆိုင်သလို ခံစားရနိုင်တယ်၊ ဝမ်းနည်းနိုင်တယ်၊ ကြေကွဲနိုင်တယ် စသည်ဖြင့် ခံစားမှုပေါင်းစုံကိုလည်း ပေးစွမ်းနိုင်ပါတယ်။ မည်သို့ပင် ခံစားရစေကာမူ ရူးရူးမိုက်မိုက် နဲ့ အ ချစ် ကို ကိုးကွယ်တတ်သူတွေလည်း ရှိပါသေးတယ်။ တစ်ယောက်ကို တစ်ယောက် ဖော်ပြပုံချင်း မတူနိုင်ပေမဲ့ တစ်စုံတစ်ယောက်အပေါ် ပြင်းထန်သော ချစ်ခြင်းမေတ္တာနဲ့ ရူးသွပ်စွာ ချစ်ခြင်းကလည်း ချစ်ခြင်းတစ်မျိုးပင် မဟုတ်ပါလား။

ဒီတစ်ပတ်မှာတော့ ရူးရူးမိုက်မိုက် ချစ် တတ်သူများနဲ့ ရူးသွပ်စွာ ချစ်ခြင်းတို့ အကြောင်းတို့အပြင် ချစ်ခြင်းအကြောင်း ဖွဲ့သီထားတဲ့ သီချင်းကောင်း လေးများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Crazy In Love

Source : Beyonce

ပထမဆုံးဖော်ပြပေးချင်တဲ့ သီချင်းကောင်းလေးကတော့ Beyoncé ရဲ့ Crazy In Love ဆိုတဲ့ သီချင်းကောင်းလေး ဖြစ်ပါတယ်။ Featuring အနေနဲ့ JAY Z က သီဆိုပေးထားပါတယ်။ ဒီသီချင်းလေးက ထွက်ရှိထားတာ ကြာပေးမဲ့လည်း တစ်စုံတစ်ဦးအပေါ် ထားရှိတဲ့ အရူးအမူး ချစ်ခြင်းမေတ္တာကို ဖော်ပြထားတဲ့ သီချင်းကောင်းလေးပါ။

Crazy Love

Source : Kontor.TV

မြူးမြူကြွကြွ သံစဉ်လေးနဲ့ ချစ်ခြင်းအကြောင်း ဖွဲ့ဆိုထားတဲ့ Crazy Love ဆိုတဲ့ သီချင်းလေးကိုလည်း နားဆင်ခံစားကြည့်လိုက်ပါ။ ဒီသီချင်းလေးက ၂၀၂၂ ကမှ ထွက်ရှိထားတာဖြစ်ပြီး Toby Romeo က သီဆိုထားပြီး Featuring ကတော့ Leony က သီဆိုထားပါတယ်။

365

Source : Katy Perry

နောက်ထပ်ဖော်ပြချင်တဲ့ သီချင်းကောင်းလေးကတော့ Zedd နဲ့ Katy Perry တို့ သီဆိုထားပြီး 365 ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။

Baby Got Gone

Source : Mascot Label Group

ဒီသီချင်း‌လေးကတော့ Kenny Wayne Shepherd သီဆိုထားတဲ့ Baby Got Gone ဆိုတဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ ခံစားချက်ချင်းတိုက်ဆိုင်သူတို့ အကြိုက်တွေ့စေမယ့် သီချင်းကောင်းလေးပဲ ဖြစ်ပါတယ်။

Melt

Source : Kehlani

Kehlani သီဆိုထားပြီး R&B နဲ့ Soul အမျိုးအစား သီချင်းလေးဖြစ်တဲ့ “Melt” ဆိုတဲ့ သီချင်းလေးကလည်း အချစ်သီချင်းကောင်းလေး ပဲဖြစ်ပါတယ်။ ဒီသီချင်းလေးမှာ Relationship တစ်ခုရဲ့ ပျော်ရွှင်မှု၊ တပ်မက်မှု၊ ချစ်ခင်မှုနှင့် သဟဇာတရှိသော အခြေအနေတွေကို နားဆင်ခံစားရမှာပါ။

ခံစားချက်နဲ့တိုက်ဆိုင်တဲ့ သီချင်းကောင်းလေးတွေ၊ ဒါမှမဟုတ် ရူးရူးမိုက်မိုက် ချစ်တတ်သူတို့အကြောင်း သီဆိုထားတဲ့ ကွီးတို့အကြိုက် သီချင်းလေးတွေ ရှိရင်လည်း ဝေမျှပေးခဲ့ပါဦးနော်။

Featured Photo : Vista Create