ကွီးတို့ သီချင်း နားထောင်တဲ့အခါ ဒီသီချင်းတွေကို ကွီးတို့ရဲ့ မဟေသီ ရှေ့မှာ ယောင်လို့တောင် နားမထောင်မိပါစေနဲ့။ ယောင်ပြီးလည်း ပါးစပ်ဖျားကနေ မဆိုငြီးမိပါစေနဲ့။ တော်ကြာနေ “ရှင့်ရဲ့ ရည်းစားဟောင်းကို အဲ့လောက်တောင် လွမ်းဆွတ် သတိရ အောက်မေ့နေသလား” ဆိုပြီး မျက်စိ စပါးမွှေး စူးသွားပါလိမ့်မယ်။

ဘယ်သီချင်းတွေကို အဓိကထား ရှောင်ရမလဲဆိုတာ မသိသေးရင်တော့ အခုပဲ ဆက်လေ့လာကြည့်လိုက်ပါ။

Someone Like You By Adele

ကိုယ့် Ex ကို သတိရနေသေးကြောင်း ဖော်ပြနေတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ အထူးသဖြင့် ထို Ex က အသစ်တစ်ယောက်နဲ့ ပျော်မြူးနေတဲ့အချိန်မှာ ကိုယ့်ဘက်က သူ့ကို မမေ့နိုင်သေးကြောင်း ဖော်ပြနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Remember The Time By Michael Jackson

Ex ကို သတိရတဲ့ သီချင်းတိုင်းက ဝမ်းနည်း ကြေကွဲစရာ၊ နောင်တရစရာတွေချည်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ Michael Jackson ရဲ့ သီချင်းကတော့ Ex အကြောင်း တွေးမိတဲ့အခါ အပြစ်ရှိစိတ်၊ စိတ်မကောင်းဖြစ်တဲ့ စိတ်တွေ မရှိတဲ့ ပျော်ရွှင်မှုတွေသာ ရှိကြောင်း ဖော်ပြနေတာဖြစ်ပါတယ်။

Who’s Holding Donna Now By Debarge

ဒီသီချင်းလေးကတော့ ၈၀ ပြည့်နှစ်တွေရဲ့ The One That Got Away လို့တောင် ပြောလို့ရပါတယ်။ သီချင်းထဲမှာ ရည်းစားဟောင်းက ဘယ်သူ့ရင်ခွင်ထဲမှာ နားခိုနေသလဲဆိုတာ သိချင်စိတ်ပြင်းပြနေတာ ဖြစ်ပါတယ်။

Heart Of Mine By Boz Scaggs

ဒီသီချင်းလေးကလည်း ကိုယ့်ရဲ့ ရည်းစားဟောင်းကို အခြားတစ်ယောက်နဲ့ တွဲပြီး မြင်လိုက်ရတဲ့ အတွက်ကြောင့် ဝမ်းနည်း ကြေကွဲရခြင်းကို ဖော်ကျူးသီဆိုထားတဲ့ သီချင်းပဲဖြစ်ပါတယ်။ ကိုယ်က သူ့ကို သတိရသလို ရည်းစားဟောင်းကရော သူ့ကို သတိရရဲ့လားဆိုတာ သိချင်နေတာဖြစ်ပါတယ်။

I Will Always Love You By Whitney Houston

ဒီသီချင်းလေးကတော့ ချစ်သူ နှစ်ဦး ချစ်ကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ရပြီး တစ်ယောက်ကို တစ်ယောက် သတိရ လွမ်းဆွတ်နေတဲ့ သီချင်းလေးပဲဖြစ်ပါတယ်။ တကယ်လို့ ရှေ့ဆက်တိုးနေမယ်ဆိုရင်လည်း တစ်ယောက်ကို တစ်ယောက် နာကျင်မှုတွေသာ ပေးနေမိမှာဖြစ်တာကြောင့် စောစောစီးစီး လမ်းခွဲလိုက်ရတာဖြစ်ပါတယ်။ ဘယ်လောက်ပဲချစ်ချစ် ဖူးစာဖက် မမှန်ရင် မဆုံဆည်းနိုင်ကြောင်း ဖော်ပြနေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Back To December By Taylor Swift

ဒီ သီချင်း ကို ကိုယ့် မဟေသီ ရှေ့မှာ နားထောင် မိတဲ့အချိန်၊ ဒါမှမဟုတ် ရုတ်တရက် ဆိုငြီးမိတဲ့အချိန်မှာ မျက်စောင်းလှလှ အထိုးခံရမှာ သေချာပါတယ်။​

I Was A Fool By Tegan And Sara

ဒီသီချင်းကတော့ Pop Ballad အမျိုးအစားဖြစ်ပြီး ခက်ခဲတဲ့ Relationship တစ်ခုကြောင့် ဘယ်လိုမှ ရှေ့ဆက်မရတော့ဘဲ လမ်းခွဲလိုက်ရတဲ့ အကြောင်း သီဆိုထားတာဖြစ်ပါတယ်။

We Belong Together By Mariah Carey

ရည်းစားဟောင်းကို ပြန်လာပါလို့ တောင်းပန်နေတဲ့ သီချင်းပဲဖြစ်ပါတယ်။ ကွီးတို့ အသက်နဲ့ ကိုယ် အိုးစား မကွဲချင်ဘူးဆိုရင် ကိုယ့်ရဲ့ မဟေသီရှေ့မှာ မဆိုသင့်တဲ့ သီချင်းပဲဖြစ်ပါတယ်။

Separate Lives By Phil Collins

အရင်က ချစ်ခဲ့ဖူးတဲ့ ရည်းစားဟောင်းနဲ့ အခုချိန်မှာ သူငယ်ချင်းလိုပဲ ပြန်နေကြမယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ကွီးတို့ မဟေသီကရော ကြည်ဖြူပါ့မလား။

The One That Got Away By Katy Perry

ကျနော်တို့က ထာဝရဆိုတဲ့ စကားကို ခဏခဏ ပြောဖူးကြပါတယ်။ ထာဝရ ချစ်သွားမယ်။ သက်ဆုံးထိ အတူတူရှိကြမယ်ဆိုပြီး ပြောတတ်ကြပါတယ်။ ကျနော်တို့ မသိလိုက်တဲ့ အချိန်မှာပဲ ထိုထာဝရဆိုတာသည် ၁ လပဲ ကြာတာဖြစ်နိုင်သလို ၆ လ လောက်အထိပဲ ကြာတာလည်း ဖြစ်နိုင်ပါတယ်။ ကွီးတို့ရဲ့ ထာဝရကရော ဘယ်အထိကြာနိုင်မယ်လို့ ထင်ပါသလဲ။

Source: Songsplurge