ရေကူးခြင်းဟာ စိတ်လှုပ်ရှားပျော်ရွှင်စေရုံသာမကဘဲ ကွီးတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို အလုပ်ပေးရတဲ့ ကောင်းမွန်တဲ့ အားကစားနည်းတစ်ခုလို့လည်း ပြောလို့ရပါတယ်။ ရေကူးခြင်း က ကိုယ်အလေးချိန်ကို ကျစေတဲ့ အပြင် ကျန်းမာရေးအတွက် ကောင်းကျိုးတွေလည်း ရတယ်ဆိုတာ ကွီးတို့ သိပြီးသားဖြစ်မှာပါ။ ဒါဆိုရင် ရေကူးခြင်းက ရတဲ့ ကွီးတို့သတိမထားမိတဲ့ အကျိုးကျေးဇူးများ က ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

ရေကူးခြင်းက အိုမင်းမှုကို နှေးကွေးစေတယ်

ရေကူးခြင်းက အကျိုးကျေးဇူးများ

Photo : My SwimPro Blog

ကွီးတို့ရေ အသက်ရှည်ရှည်နေဖို့အတွက် လျှို့ဝှက်ဆေးဆိုတာ မရှိပါဘူး။ ကွီးတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲ မှာပဲ အဖြေရှိပါတယ်။ ထို့အတူ ပုံမှန်ရေကူးခြင်းကနေ ကွီးတို့ရဲ့ သွေးပေါင်ချိန်ကို လျှော့ချပေးခြင်း၊ ကြွက်သားထုထည်ကို တိုးလာစေခြင်း၊ ဦးနှောက်သို့ အောက်ဆီဂျင်နှင့် သွေးစီးဆင်းမှုကို ကောင်းမွန်စေခြင်း နှင့် နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးခြင်းဖြင့် အိုမင်းခြင်းကို နှောင့်နှေးစေပြီး ကျန်းမာစေပါတယ်။ ဒါ့အပြင် ရေကူးခြင်းဖြင့် ခန္ဓာကိုယ် ကြံခိုင်မှုကို တိုးစေပါတယ်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးစေပါတယ်

swimming

Photo : Pinterest

ရေကူးခြင်းက ရတဲ့ တော်တော်များများ သတိမထားမိတဲ့ အကျိုးကျေးဇူးများ ထဲကတစ်ခုကတော့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတတ်စေတာပဲ ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်မှ သုတေသီများက အသက် ၆၀ အရွယ်ရှိ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ရေကူးသူများဟာ အသက် ၂၀ ငယ်ရွယ်သူများနှင့် တူညီသော လိင်ဆက်ဆံမှုစွမ်းရည်ကြောင်း တွေ့ရှိခဲ့ပါတယ်။ “တစ်ပတ်ကို ၃ ကြိမ် အနည်းဆုံး မိနစ် ၃၀ ခန့် ရေကူးတာက လိင်ပိုင်းဆိုင်ရာခံနိုင်ရည်ကို တိုးစေတယ်”လို့ဆိုထားပါတယ်။ ရေကူးခြင်းဟာ လိင်ပိုင်းဆိုင်ရာ စွမ်းရည်တိုးတတ်စေဖို့ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများထဲက တစ်ခုပါ။

ရေကူးခြင်းက ပေါင်းသင်းဆက်ဆံရေးကို ကောင်းမွန်စေပါတယ်

ရေကူးခြင်းက အကျိုးကျေးဇူးများ

Photo : IMDb

ကွီးတို့ရေ ရေကူးခြင်းဟာ အသက်အရွယ်မရွေးအတူတူ လုပ်လို့ရတဲ့ အားကစားနည်းတစ်ခုပါ။ ကွီးတို့ ရေကူးကန်မှာ သူငယ်ချင်းတွေနဲ့ အတူတူရေကူးမလား၊ မိသားစုနဲ့အတူ ပုံမှန်ရေကူးပြီး ပျော်ရွှင်ဖွယ် အချိန်လေးတွေ ဖန်တီးကြမလား စသည့် လှုပ်ရှားမှုတွေက ကွီးတို့ကြားက ပေါင်းသင်းဆက်ဆံရေးကို တိုးတတ်ကောင်းမွန်စေပါတယ်။ ဒီလို ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ရင်းနဲ့ ကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်းက စိတ်ပိုင်းဆိုင်ရာအတွက် များစွာ အထောက်အကူပြုပါတယ်။

ရေကူးခြင်းက ကွီးတို့ရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို တိုးမြင့်ပေးပါတယ်

Swimming Pool

Photo : Form Swimming

ကွီးတို့ရေ ရေကူးခြင်းက ကွီးတို့ရဲ့ ဦးနှောက်အတွက်လည်းများစွာ အထောက်အကူပြုတယ်ဆိုတာ သိပါသလား။ ရေကူးခြင်း ကဲ့သို့သော ပုံမှန်လေ့ကျင့်ခန်းများက ကွီးတို့ရဲ့ မှတ်ဉာဏ်လုပ်ဆောင်မှုနှင့် တွေးခေါ်မှုစွမ်းရည်ကို တိုးတက်စေပါတယ်။ ဒီအချက်ဟာ စာသင်နေတဲ့ ကျောင်းသားများအတွက်သာမက၊ လုပ်ငန်းခွင်ဝင်ရောက်နေသူများအတွက်ပါ အကျိုးရှိပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက ဦးနှောက်အတွင်းရှိ ရောင်ရမ်းမှုနှင့် အင်ဆူလင်ခံနိုင်ရည်ကို လျော့နည်းစေပြီး ဦးနှောက်ဆဲလ်အသစ်များ ကြီးထွားမှုကို အားပေးပါတယ်။ ထို့အပြင် ရေကူးခြင်းက စိတ်ခံစားချက်၊ စိုးရိမ်ပူပန်မှုနှင့် စိတ်ဖိစီးမှုတို့ကိုလည်း တိုးတက်စေပြီး ဦးနှောက်၏တွေးခေါ်နိုင်စွမ်းကို ပိုမိုထိရောက်စွာ တိုးမြင့်စေတယ်လို့ ဆိုပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ရေကူးခြင်းက ရတဲ့ ကွီးတို့ သတိမထားမိတဲ့ အကျိုးကျေးဇူးများ ပဲဖြစ်ပါတယ်။ ရေကူးခြင်းသာမက အခြားသောလေ့ကျင့်ခန်းများကို ပုံမှန်လုပ်ခြင်းက ကွီးတို့ကို တကယ်ကို အကျိုးများစေတာကြောင့် ပုံမှန်လေ့ကျင့်ခန်း လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။

Source : Uvacs Swim

Featured Photo : Swim Swam