အခုနောက်ပိုင်း အားကစားလုပ်သူတွေကြားမှာ ရေပန်းစားလာတာကတော့ Water-Based Exercises လို့ခေါ်တဲ့ ရေထဲမှာ လေ့ကျင့်ခန်း လုပ်ခြင်း ဖြစ်ပါတယ်။ ရေထဲမှာ လေ့ကျင့်ခန်းလုပ်တာဟာ ပိုမိုထိရောက်မှုရှိပြီး ဘေးကင်းတဲ့ လေ့ကျင့်ခန်းလုပ်နည်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ် ရဲ့ အလုံးစုံကြံ့ခိုင်မှုကိုလည်း တိုးစေပြီး သက်လုံစွမ်းအား တိုးတက်စေဖို့လည်း ကူညီပေးပါတယ်။ ဒါ့ထက်ပိုပြီး ရေထဲမှာ လေ့ကျင့်ခန်း လုပ်ခြင်းရဲ့ ကောင်းကျိုးတွေလည်း များစွာရှိပါသေးတယ်။ ဘယ်လိုကောင်းကျိုးတွေ ရနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။

(၁) ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေတယ်

Photo : Men’s Journal

ရေထဲမှာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သား တွေရဲ့ ကြံ့ခိုင်သန်မာမှုကို တိုးစေတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ရေရဲ့ အတိမ်အနက်အပေါ် မူတည်ပြီး ကြွက်သားတွေအပေါ် သက်ရောက်တဲ့ ဖိအားဟာ ကွာခြားမှုရှိပါတယ်။

ရေအောက် ပြေးစက်ပေါ် လမ်းလျှောက်ခြင်း ၊ ရေအောက် စက်ဘီးနင်းခြင်း စတဲ့ လေ့ကျင့်ခန်းတွေဟာ ခန္ဓာကိုယ်စွမ်းအင်ထုတ်လုပ်မှုနဲ့ နှလုံး ခုန်နှုန်းကို တိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ အဓိကကြွက်သားအုပ်စု တော်တော်များများအပေါ် ထိရောက်မှုရှိစေတယ်လို့ သုတေသနတစ်ခုက ဖော်ပြထားပါတယ်။

(၂) ဒဏ်ရာရရှိခြင်းမှ ပြန်လည်ကုစားပေးတယ်

Photo : Healthtrax

Water-Based လေ့ကျင့်ခန်းတွေဟာ အားကစားလုပ်ခြင်းကြောင့် ရရှိလာတဲ့ မတော်တဆထိခိုက်ဒဏ်ရာတွေ ၊ ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို အကောင်းဆုံး ပြန်လည်ကုစားပေးနိုင်ပါတယ်။ သုတေသနတစ်ခုအရ ရေအောက်မှာ လေ့ကျင့်ခန်းလုပ်တာဟာ ခါးနာခြင်း ၊ နောက် ကျော နာကျင်ကိုက်ခဲခြင်းစတဲ့ ဒဏ်ရာတွေကို သက်သာစေနိုင်စွမ်းရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောရိုးထိခိုက်ဒဏ်ရာရရှိထားတဲ့ လူနာတွေကို ရေအောက်လေ့ကျင့်ခန်း ကစားစေတာဟာ ဒဏ်ရာရဲ့ အခြေအနေကို တိုးတက်ကောင်းမွန်စေပြီး ခန္ဓာကိုယ်သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေတာကြောင့် နာကျင်ကိုက်ခဲမှုတွေကို သဘာဝအတိုင်း ပြေလျော့သက်သာစေပါတယ်။

(၃) နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးတယ်

Photo : Endless Pools

တစ်ပတ်ကို အနည်းဆုံး ၃ ရက်ခန့် ရေထဲမှာ လေ့ကျင့်ခန်းလုပ်တာဟာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို အကောင်းဆုံး ထောက် ပံ့ပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။

မြေပြင်မှာ လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့ပင် Water-Based လေ့ကျင့်ခန်းတွေနဲ့ Water Aerobics လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာဟာ ခန္ဓာ ကိုယ်မှာ အောက်ဆီဂျင် ပိုမိုရရှိစေပြီး သွေးလည်ပတ်မှုနဲ့ နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

(၄) ကယ်လိုရီလောင်ကျွမ်းတယ်

Photo : VistaCreate

ရေထဲမှာ လေ့ကျင့်ခန်းလုပ်တာက ကယ်လိုရီအများအပြာကို လောင်ကျွမ်းစေရုံမက ကြွက်သားတွေရဲ့ ကြံ့ခိုင်သန်စွမ်းမှုကိုပါ ပိုမိုကောင်းမွန်စေပြီး ကြွက်သားထုတက်လာစေပါတယ်။ ဒါ့ကြောင့် ကြွက်သားတက်ချင်သူတွေ ၊ Bodybuilding  လုပ်နေသူတွေအနေနဲ့ ရေထဲမှာပြုလုပ်ရတဲ့ Workout ကစားနည်းတွေကိုပါ ထည့်သွင်းကစားပေးသင့်ပါတယ်။

Featured Photo : Men’s Journal