မိန်းကလေးတစ်ယောက်နဲ့ ရေရှည်လက်တွဲဖို့ စဉ်းစားထားတယ်ဆိုရင် သူမနဲ့ ပတ်သတ်ပြီး ကောင်းကောင်းနားလည်ထားဖို့တော့ လိုပါလိမ့်မယ်။ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းစွာ သိနားလည်ထားတာဟာ နားလည်မှု ၊ ယုံကြည်မှု တို့တည်ဆောက်ရာမှာများစွာ အထောက်အပံ့ ဖြစ်စေပြီး အဆင်ပြေပြေ ရေရှည်လက်တွဲနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ မိန်းကလေးတစ်ယောက်နဲ့ ရေရှည်လက်တွဲ ဖို့ စဉ်းစား ထားတယ်ဆိုရင် အဲ့ဒီ မိန်းကလေး နဲ့ ပတ်သတ်ပြီး ဘာတွေသိထားရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အနာဂတ် ရည်မှန်းချက်

Photo : Freepik

သူမရဲ့ အနာဂတ် ရည်မှန်းချက်က ဘယ်လိုဘယ်ပုံရှိတယ်ဆိုတာ မေးကြည့်ပါ။ ဒါက ကွီးတို့ ကောင်မလေးရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ကူညီထောက်ပံ့ပေးမှုတွေများစွာ လုပ်ဆောင်နိုင်ပါလိမ့်မယ်။ လူတစ်ယောက်ကို ချစ်တယ်ဆိုတာ ချစ်တယ်ပြောရုံနဲ့ မလုံလောက်ပါဘူး။ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း အနာဂတ်ရည်မှန်းချက်တွေကို အတူတူ အကောင်အထည်ဖော်ရမှာ မဟုတ်လား။

(၂) သူမ အကြိုက်များ

Photo : Freepik

ကွီးတို့ ချစ်သူကောင်မလေးက ဘယ်လိုအရာတွေ ကြိုက်တက်လဲ ၊ အစားအသောက်ဆို ဘာတွေ နှစ်သက်လဲ ၊ သူမရဲ့ အိုင်ဒေါက ဘယ်သူလဲ စသည်ဖြင့် သူမကြိုက်တဲ့အရာတွေ သိထားဖို့လည်း လိုပါတယ်။ သူမကြိုက်တဲ့အရာလေးတွေသိထားတာက သူမကိုပျော်ရွှင်စေဖို့ စွမ်းဆောင် နိုင်မယ့် အရေးကြီးတဲ့ လျို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။

(၃) သူမ, မကြိုက်တဲ့အရာများ

Photo : Freepik

ကွီးတို့ကောင်မလေးရဲ့အကြိုက်တွေ သိပြီးပြီဆိုရင်တော့ မကြိုက်တဲ့အချက်လေးတွေလည်း ဆက်ပြီး လေ့လာဖို့လိုပါမယ်။ ဘယ်အရာတွေက သူမကိုဒေါသထွက်စေလဲ ၊ ဘယ်လိုအချက် တွေ မကြိုက်ဘူးလဲ ၊ သူမ မုန်းတီးတဲ့အရာတွေက ဘာတွေဖြစ်မလဲ စသည်ဖြင့် သိထားမယ်ဆိုရင်တော်ရုံအချစ်ရေး ပြဿနာတွေ နည်းသွားမှာဖြစ်သလို ပြဿနာဖြစ်လာပါကလည်း အကောင်းဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

(၄) သူမရဲ့ အကျင့်စရိုက်

ဒီအချက်က အရေးကြီးပါတယ်။ သူမက ဘယ်လို လူမျိုး ၊ ဘယ်လိုအကျင့်စရိုက်ပုံစံမျိုး ရှိတယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါက ချက်ချင်းလက်ငင်း အချိန်တိုအတွင်းတော့ မဖြစ်နိုင်ပေမယ့် ဖြည်းဖြည်းချင်း လေ့လာပြီး သူမရဲ့ Type ကို သိအောင် လုပ်သင့်ပါတယ်။ သူမက စိတ်မြန်လက်မြန်ရှိသူလား ၊ ကြောက်တက်သူလား အစရှိသဖြင့် လေ့လာထားဖို့ အကြံပြုချင်ပါတယ်။

(၅) အရေးကြီးတဲ့ နေ့စွဲများ

Photo : Freepik

မိန်းကလေးတွေအနေနဲ့ မွေးနေ့ ၊ Anni နေ့ စသည်ဖြင့် အရေးကြီးတဲ့ နေ့စွဲတွေကို သိပ်ပြီးအလေးနက်ထားကြပါတယ်။ ဒီလိုအရေးကြီးနေ့စွဲတွေမှာ အမှတ်တရဖြစ်စေမယ့် အရာလေးတွေ မမေ့မလျော့ လုပ်ဆောင်ပေးဖို့လိုပါတယ်။ ဒါက ကွီးတို့ရဲ့ ကောင်မလေးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို ပိုပြီးလေးနက်စေသလို အချစ်တွေလည်း ပိုတိုးလာစေပါလိမ့်မယ်။