အမျိုးသားတွေအတွက် သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျ တဲ့ ဖက်ရှင်တွေအကြောင်းပြောမယ်ဆိုရင် Blazer ကုတ်တွေက မပါမဖြစ်ပါပဲ။ Blazer တွေက ဝတ်ရတာ ပေါ့ပါးလွတ်လပ်မှုရှိပြီး Professional ဆန်တဲ့ ဘက်ကိုသွားတဲ့ ဖက်ရှင်အသွင်အပြင်ကို ပေးစွမ်းပါတယ်။ အမျိုးသားတွေအနေနဲ့ကတော့ Blazer တွေ ဝတ်ကြတဲ့အခါ အရောင်အားဖြင့် မီးခိုးရောင်၊ အနက်ရောင် နဲ့ Navy ရောင် Blazer တွေကို ဦးစားပေး ရွေးချယ်ကြတာ များပါတယ်။ အခုက နွေရာသီလည်း ရောက်လာပြီဆိုတော့ အရောင်ဆန်းဆန်းလေးတွေနဲ့ တက်ကြွတဲ့ ဖက်ရှင်အသွင်ကို ဖော်ဆောင်ပေးမယ့် ရောင်စုံ Blazer တွေ ဝတ်လို့အကောင်းဆုံး အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ရောင်စုံ Blazer တွေကို ရာသီမရွေး ဝတ်ဆင်နိုင်မယ့် နည်းလမ်းကောင်း တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) အစိမ်းရောင် Blazers များ


Photo : Dmarge

ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိချင်တယ်ဆိုရင် အစိမ်းရောင် Blazers တွေကို ရွေးချယ်နိုင်ပါတယ်။ အစိမ်းရောင်ထဲမှာ ညို့အားပြင်းတဲ့ ပုလင်းစိမ်းရောင် ၊ တောက်ပြောင်တဲ့ ကတီပါစိမ်း ၊ အရောင်ခပ်နုနု အစိမ်း ကာလာတွေ စသည်ဖြင့် ရွေးချယ်စရာ များပါတယ်။ အစိမ်းရောင် Blazers တွေကို မီးခိုရောင် Trousers တွေ ၊ အနက်ရောင် Oxfords Shoes တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပြီး နေရာမရွေး ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ ဝတ်ဆင်နိုင်ပါတယ်။

(၂) အနီရောင် Blazers များ


Photo : Dmarge

Robert Pattinson ၊ Ryan Gosling တို့လို ကော်ဇောနီပေါ်က နာမည်ကြီးအနုပညာရှင်တွေကဲ့သို့ ယောကျာ်ပီသမှုအပြည့်နဲ့ ဆွဲဆောင်မှုရှိချင်တယ်ဆိုရင်တော့ အနီရောင် Blazers ကုတ်တစ်ထည်သာ ဝတ်လိုက်ပါ။ အနီရောင် Blazers တွေကို အရောင်လွင်တဲ့ Chinos ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်ပြီး ပွဲတက်အခမ်းအနားတွေ ၊ ညနေခင်းပါတီပွဲတွေအတွက် အထူးသင့်တော်ပါတယ်။

(၂) အပြာနုရောင် Blazers များ


Photo : Dmarge

ကွီးတို့က နက်ပြာရောင် Navy ကာလာတွေပဲ ဝတ်နေကျဆိုရင်တော့ အပြောင်းအလဲ ဖြစ်စေမယ့် ကွဲပြားတဲ့ အပြာနုရောင် Blazers ကုတ်တွေကို ပြောင်းဝတ်ဆင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ အရောင်လွင်တဲ့ အပြာနုရောင် Blazers ကုတ်တွေက ပေါ့ပါးလွတ်လပ်ပြီး နွေရာသီလို ကာလနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အပြာနုရောင် Blazers ကုတ်တွေကို အဖြူရောင် Jeans ဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်သလို အရောင်အသွေးစုံတဲ့ ဘောင်းဘီတို ဖက်ရှင်တွေနဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၄) ခရမ်းရောင် Blazers များ


Photo : Dmarge

ခရမ်းရောင် Blazers တွေကတော့ တည်ငြိမ်ရင့်ကျက်ပြီး ယောကျာ်းပီသမှုအပြည့်နဲ့ ဆွဲဆောင်မှု ရှိတဲ့ ဖက်ရှင်အသွင်ကို ပေးစွမ်းနိုင်ပါတယ်။ ခရမ်းရောင် Blazers ကုတ်တွေ ဝတ်မယ်ဆိုရင် အရောင်လွင်တဲ့ အောက်ခံအင်္ကျီတွေနဲ့ တွဲဖက် ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။  ခရမ်းရောင်က Royal ကာလဖြစ်တာကြောင့် လူကြီးလူကောင်းဆန်ပြီး စမတ်ကျတဲ့ ဖက်ရှင်မျိုး ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။

Featured Photo : Outsons