ကော်ပီတွေ ဘယ်လောက်ကောင်းကောင်း မူရင်းကို မမှီတာတော့ အမှန်ပါပဲ။ ဒါပေမဲ့လည်း တစ်ခါတစ်လေမှာတော့ ပြန်ဆို ကာဗာတေးသီချင်းတွေသည် အော်ရဂျင်နယ် သီချင်း တွေထက် ပိုကောင်းနေတဲ့အခါလည်း ရှိပြန်ပါတယ်။ ကွီးတို့ မယုံဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် သီချင်းများကို နားဆင်ခံစားကြည့်လိုက်ပါ။

How Deep is Your Love – Music Travel Love Ft. Anthony Uy

ဒီသီချင်းလေးရဲ့ မူရင်းသီချင်းကတော့ ၁၉၇၇ ခုနှစ်က Bee Gees က သီဆိုခဲ့တာဖြစ်ပါတယ်။ Pop Ballad Soft Rock စတိုင်လ် သီချင်းလေးဖြစ်ပြီး ထိုနှစ်ရဲ့ စက်တင်ဘာလမှာ ထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီသီချင်းလေးကို အဆိုတော်အများကြီးက ဗားရှင်းအမျိုးမျိုးနဲ့ ကာဗာ ပြန်ဆိုထားပါသေးတယ်။ လက်ရှိမှာ ခေတ်စားနေတဲ့ ကာဗာသီချင်းလေးကတော့ Music Travel Love နဲ့ Anthony Uy တို့ သီဆိုထားတဲ့ ကာဗာဗားရှင်းလေးပဲဖြစ်ပါတယ်။

Source: Music Travel Love

As the World Caves In – Sarah Cothran

ဒီသီချင်းရဲ့ မူရင်းအဆိုတော်ကတော့ Matt Maltese ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဧပြီလ ၄ ရက်နေ့က ထွက်ရှိခဲ့တဲ့ သီချင်းလေးပဲ ဖြစ်ပါတယ်။ မူရင်းအဆိုတော်က အမျိုးသားဆိုတော့ သူ့ရဲ့ ဆိုနည်းဆိုဟန်ကလည်း တစ်မျိုးတစ်ဖုံ ထူးခြားနေပါတယ်။ ၂၀၁၉ မှာတော့ Sarah Cothran က ကာဗာသီချင်းအနေနဲ့ ပြန်လည် သီဆိုထားတဲ့အခါမှာလည်း နားဆင်လို့ ကောင်းပြန်ပါတယ်။

Source: Sarah Cothran

You Broke Me First – Conor Maynard

ဒီသီချင်းရဲ့ မူရင်းအဆိုရှင်ကတော့ ကနေဒါ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Tate McRae က သီဆိုထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက သီဆိုထားတာဖြစ်ပြီး တစ်နှစ်အကြာမှာတော့ Cornor Maynard က ကာဗာပြန်လည်သီဆို ထားပါသေးတယ်။

Source: Conor Maynard

All Out Of Love – Francis Greg, Music Travel Love

ဒီသီချင်းလေးကတော့ ၁၉၈၀ ခုနှစ်က ခေတ်စားခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Soft Rock သီချင်းအမျိုးအစားဖြစ်ပြီး Graham Russell နှင့် Clive Davis တို့က ရေးဖွဲ့ထားတာဖြစ်ပြီး Air Supply အဖွဲ့က သီဆိုထားတာပဲ ဖြစ်ပါတယ်။ ထိုခေတ်အခါကလည်း ကျော်ကြားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အခုဖော်ပြပေးမယ့် ကာဗာသီချင်းကလည်း အခုခေတ်စတိုင်လ်လေးနဲ့ တစ်မျိုးနားထောင်လို့ ကောင်းနေပြန်ပါတယ်။

Source: Francis Greg

(Everything I Do) I Do It For You – Boyce Avenue, Connie Talbot

ဒီသီချင်းလေးရဲ့ မူရင်းအဆိုရှင်ကတော့ Brandy ဖြစ်ပြီး ၁၉၉၈ ခုနှစ်က နာမည်ကြီးတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းအမျိုးအစားကတော့ R&B/Soul နှင့် Pop အမျိုးအစားတို့ကို ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ပြန်ဆိုကာဗာသီချင်းလေးကိုတော့ Boyce Avenue နှင့် Connie Talbot တို့က ပြန်လည်သီဆိုထားတာ ဖြစ်ပါတယ်။

Source: Boyce Avenue

ကွီးတို့ရော အော်ရဂျင်နယ် သီချင်း တွေကို ကြိုက်သလား၊ ဒါမှမဟုတ် ပြန်ဆိုတေး ကာဗာတွေကို ပိုသဘောကျပါသလား။

Featured Image: Freepik