Bon Jovi ဆိုတာကတော့ ၁၉၈၃ ခုနှစ်တွင် New Jersey မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အမေရိကန်ရော့ခ်ဂီတအဖွဲ့တစ်ခုဖြစ်ပါတယ်။ ရော့ခ် သီချင်းချစ်သူများအတွက်တော့ Bon Jovi အဖွဲ့သည် အားပေးရကျိုးနပ်တဲ့ အဖွဲ့တစ်ခုပဲ ဖြစ်ပါတယ်။
ထိုအဖွဲ့ကို အဆိုရှင် Jon Bon Jovi ၊ ကီးဘုတ်သမား David Bryan ၊ ဒရမ်သမား Tico Torres ၊ ဂီတာသမား Phil X နှင့် ဘေ့စ် Hugh McDonald ဆိုတဲ့ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရော့ခ် သီချင်းများအပြင် Bon Jovi အဖွဲ့သည် Glam Metal ၊ ပေါ့ပ်ရော့ခ်၊ Hard Rock ၊ Arena Rock အစရှိတဲ့ ဂီတအမျိုးအစားများကိုလည်း စပ်ဆိုလျက်ရှိပါတယ်။
Photo: Digitalspy
Jon Bon Jovi သည် အဆိုတော်တစ်ယောက်လည်းဖြစ်သလို သူကိုယ်တိုင်လည်း သီချင်းရေးပါတယ်။ ဒါ့အပြင် သရုပ်ဆောင်မင်းသားနှင့် ဂီတာတီးခြင်းတို့ကိုလည်း လုပ်ကိုင်လျက်ရှိပါတယ်။
လူကြိုက်များရေပန်းစားတဲ့ သီချင်းအများအပြားရှိတဲ့အနက်မှ အကောင်းဆုံးသီချင်များကို Bon Jovi ပရိသတ်များအတွက် စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။
Have A Nice Day
Have A Nice Day ကတော့ Bon Jovi အဖွဲ့ရဲ့ ၉ ခုမြောက် စတူဒီယိုအယ်လ်ဘမ်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က စတင်ထွက်ရှိခဲ့တာဖြစ်ပါတယ်။
In And Out Of Love
ဒီသီချင်းလေးထဲမှာ Bon Jovi အဖွဲ့သည် ကမ်းခြေပေါ်ရှိလူများ၊ စားသောက်ဆိုင်အပြင်ဘက်ရှိလူများ၊ အဝတ်ဆိုင်အပြင်ဘက်ရှိလူများ စတဲ့ ပရိသတ်ပေါင်းများစွာနဲ့ ဖက်လှဲတကင်း ရင်းရင်းနှီးနှီး နေကြတာကို တွေ့မြင်ရမှာပါ။
I’ll Be There For You
Bon Jovi နဲ့ Sambora တို့ အတူတူရေးသားကာ အတူတူ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး အတွဲညီညီသီဆိုထားတဲ့အတွက်ကြောင့် ချက်ချင်းဆိုသလို ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာပဲဖြစ်ပါတယ်။
Runaway
ဒီ ရော့ခ် သီချင်းကတော့ Bon Jovi ဆိုပြီး လူကြိုက်များလာစေတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ သူ့ပရိသတ်တွေရဲ့ အသည်းစွဲသီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
It’s My Life
ဒီသီချင်းသည် Billboard Hot 100 စာရင်းထဲတွင် နံပါတ် ၃၃ ချိတ်တယ်ဆိုပေမယ့် လူကြိုက်များခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Crush ဆိုတဲ့ အယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
Bed Of Roses
ဒီသီချင်းထဲက ကာရိုက်တာကတော့ ရော့ခ်စတားကာရိုက်တာဖြစ်ပြီး သူသည် ဂီတလောက၊ ဗို့ဒ်ကာနှင့် အခြားသော မကောင်းတဲ့ ယစ်မူးစရာများနှင့် ပျော်မွေ့ပြီးတဲ့နောက်မှာ နောင်တရပြီး သူ့ရဲ့ချစ်သူဆီ ပြန်သွားချင်နေပုံကို ရေးဖွဲ့သီဆိုထားတာဖြစ်ပါတယ်။
Bad Medicine
အဆိုရှင်ရဲ့ အသံပါဝါပြင်းပြင်းနဲ့ သီဆိုထားပြီး မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသီချင်းသည်လည်း Bon Jovi ဆိုပြီး စစချင်း လူသိများလာတဲ့အချိန်တုန်းက ထွက်ရှိခဲ့တဲ့ သီချင်းဖြစ်ပါတယ်။ ပရိသတ်များ တစ်ခဲနက်အားပေးကြတဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။
You Give Love A Bad Name
ဒီသီချင်းလေးကတော့ မြန်မာသီချင်းချစ်သူပရိသတ်များနဲ့ ရင်းနှီးပြီးသားဖြစ်မယ့် သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သီချင်းရေးဆရာ Desmon Child က Bonnie Tyler အတွက် If You Were A Woman ဆိုပြီး ရေးဖွဲ့ခဲ့ပါတယ်။ ဒါပေမဲ့ သီချင်းထွက်လာပြီးတဲ့နောက်မှာ ထင်သလောက် အားပေးခံရမှု မရတဲ့အတွက်ကြောင့် Bon Jovi အတွက်ဆိုပြီး You Give Love A Bad Name ဆိုတဲ့ နာမည်အသစ်ပေးကာ သီချင်းကို နောက်တစ်ဖန် ပြန်လည်ရေးဖွဲ့ခဲ့ပြန်ပါတယ်။ Bon Jovi သီဆိုပြီးတဲ့နောက်မှာတော့ လူကြိုက်တော်တော်များလာခဲ့ပါတယ်။
Wanted Dead Or Alive
အင်တာဗျူးတစ်ခုမှ ဖြေကြားခဲ့တဲ့ အဖြေအရ ဒီသီချင်းသည် ရေးစပ်ရ အင်မတန်လွယ်ကူတဲ့ သီချင်းတစ်ပုဒ်ဖြစ်ကြောင်း သိရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သီချင်းထဲရှိ အကြောင်းအရာများသည် ရော့ခ် အဖွဲ့ Bon Jovi ရဲ့ အတွေ့အကြုံတစ်ခုချင်းစီအပေါ် အခြေခံကာ ရေးဖွဲ့ထားခဲ့လို့ပဲဖြစ်ပါတယ်။
Livin’ On A Prayer
ဒီသီချင်းကတော့ Bon Jovi အဖွဲ့ရဲ့ လူကြိုက်အများဆုံး နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။
အခုတင်ဆက်ပေးသွားတဲ့ ရော့ခ်သီချင်း မြူးမြူးလေးတွေကို သီချင်းချစ်သူများအားလုံး ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကွီးတို့ရဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကရော ဘယ်သီချင်း ဖြစ်မလဲ။
Source: Live365
Featured Image: Azcentral