ခရစ်စတီယာနို ရော်နယ်ဒို နှင့် မက်ဆီ တို့သည် ၂၀၁၈ ခုနှစ်က စတင်ပြီး တစ်နှစ် ပျမ်းမျှ အသားတင်ဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တာဖြစ်ပါတယ်။ ထိုအချိန်တွင် နှစ်ယောက်စလုံးက အသက် ၃၀ ကျော်ကျော်လေးသာ ရှိခဲ့ကြတာပါ။ ထိုအချိန်သည် သူတို့ရဲ့ ကစားသမားသက်တမ်းတစ်လျှောက်တွင် စန်းအထဆုံး အချိန်၊ နာမည်အကြီးဆုံး အချိန်လို့တောင် ပြောလို့ရပါတယ်။

ရော်နယ်ဒို နှင့် မက်ဆီ ဖန်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် ငါ့ ကစားသမားက ပိုတော်တာ၊ မင်းကစားသမားက ကမ္ဘာ့ဖလား ရဖူးလို့လား စသည်ဖြင့် လေတိုက်ကာ ပြိုင်ဆိုင်နေကြတာကလည်း အချို့အတွက်တော့ မျက်စိစပါးမွှေးစူးစရာကို ဖြစ်နေတော့တာပါပဲ။ အဲ့ဒီလို ကပ်သတ်ပြီးသား ပြောနေမယ်ဆိုရင်တော့ ရော်နယ်ဒို ရော မက်ဆီ နှစ်ယောက်စလုံးသည် ပျမ်းမျှဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ကို အသက် ၃၀ ကျော်မှ စတင်ရရှိခဲ့တာဖြစ်ပေမယ့် အသက် ၃၀ ထိ ရောက်အောင် မစောင့်ဘဲ အသက် ၂၃ နဲ့တင် ထိုကဲ့သို့ ကစားသမားကြေး များများစားစားရရှိတဲ့သူ တစ်ယောက်လည်း ရှိပါတယ်။ ထိုသူကို ကွီးတို့ သိပါသလား။ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုလိုက်ပါဦး။

မက်ဆီ

ရော်နယ်ဒို မက်ဆီ

မက်ဆီကတော့ သူ့ရဲ့ ကစားသမားဘဝ ပန်းဝင်ချိန် လှပခဲ့တယ်လို့ ဆိုရမှာပါပဲ။ ၂၀၂၂ ကမ္ဘာ့ဖလားဟာဆိုရင် သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဖြစ်ခဲ့ပြီး ကမ္ဘာပေါ်က ဘောလုံးချစ်သူအများအပြားကလည်း တစ်ခဲနက် အားပေးခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားဆိုတဲ့အတိုင်းပဲ သူ့ကို ရစေချင်ခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားရဲ့ အာဂျင်တီးနားနဲ့ ပြင်သစ် အသင်း နှစ်သင်းရဲ့ ပြိုင်ပွဲကို နှလုံးရောဂါ ရသွားပြီလားတောင် အောက်မေ့ရလောက်တဲ့အထိ အားပေးခဲ့ကြရတဲ့ ဘောလုံးချစ်သူတွေက သက်သေပါပဲ။ နိုင်ပြီထင်လို့ စိတ်အေးနေချိန်မှာ ဘက်ပေကြီးက ဟက်ထရစ်သွင်းလိုက်နဲ့ အားပေးရတာကလည်း ရင်တထိတ်ထိတ်နဲ့ပါပဲ။ နောက်ဆုံးမှာတော့ မက်ဆီ့ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ကမ္ဘာ့ဖလားကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိခဲ့တာပဲဖြစ်ပါတယ်။

ဘောလုံးလောကရဲ့ ကြေးအမြင့်ဆုံး ကစားသမားထဲတွင် မက်ဆီက တစ်ယောက်အပါအဝင်ဖြစ်ပြီး သူ့ရဲ့ တစ်နှစ်စာ ပျမ်းမျှ ဝင်ငွေကတော့ ဒေါ်လာ သန်း ၁၂၀ ရရှိတာဖြစ်ပါတယ်။ On-Field ထဲတွင် ဒေါ်လာ ၆၅ သန်းဖြစ်ပြီး Off-Field ထဲတွင် ဒေါ်လာ ၅၅ သန်း၊ စုစုပေါင်း ဒေါ်လာ သန်း ၁၂၀ ဖြစ်ပါတယ်။

ခရစ်စတီယာနို ရော်နယ်ဒို

ရော်နယ်ဒို မက်ဆီ

ဘောလုံးလောကရဲ့ နောက်ထပ် အကျော်အမော်တစ်ယောက်ကတော့ ခရစ်စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ ပရိသတ်တွေက ထိုကစားသမားနှစ်ယောက်ကို အမြဲတမ်း နှိုင်းယှဥ်တတ်ကြပါတယ်။ တကယ်တော့ ထိုသူနှစ်ယောက်စလုံးသည် အမှန်တကယ်ပဲ အရည်အချင်းရှိကြတဲ့ ကစားသမားတွေပါ။ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပေမယ့် ရော်နယ်ဒိုသည်လည်း ယခုအချိန်ထိ ကြေးမြင့်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ တစ်နှစ် ပျမ်းမျှ ဝင်ငွဗ အနေနဲ့ On-Field တွင် ဒေါ်လာ သန်း ၄၀၊ Off-Field မှာတော့ ဒေါ်လာ သန်း ၆၀၊ စုစုပေါင်း ဒေါ်လာ သန်း ၁၀၀ ရရှိနေတာဖြစ်ပါတယ်။ အသက်အရွယ်အားဖြင့်တော့ ရော်နယ်ဒိုက မက်ဆီထက် ၂ နှစ် ပိုကြီးပါတယ်။

ဒီလောက်ဆိုရင်တော့ ရော်နယ်ဒိုထက် မက်ဆီက ကစားသမားကြေး ပိုမြင့်တယ်ဆိုတာကို ဘောလုံးချစ်သူ ကွီးတို့လည်း သိသွားလောက်ပြီနဲ့တူတယ်နော်။

ဒါပေမဲ့ သူတို့နှစ်ယောက်ထက် ကစားသမားကြေး ပိုမြင့်တဲ့သူတစ်ယောက်ရှိပါတယ်။

Kylian Mbappé

Kylian Mbappé

သူကတော့ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးပြီး ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ကပ်သီးလေး လွဲချော်ခဲ့ရတဲ့ ဘောလုံးချစ်သူများက ချစ်စနိုးနဲ့ လိပ်ကလေးလို့ ခေါ်ကြတဲ့ ဘက်ပေပဲဖြစ်ပါတယ်။ သူကတော့ On-Field ထဲတွင် ဒေါ်လာ သန်း ၁၁၀၊ Off-Field တွင်တော့ ဒေါ်လာ ၁၈ သန်း၊ စုစုပေါင်း ဒေါ်လာ ၁၂၈ သန်း ရရှိပြီး ကမ္ဘာ့ကြေးအမြင့်ဆုံး ကစားသမားများနေရာတွင် နံပါတ် (၁) နေရာမှာ ရပ်တည်နေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ Instagram Followers မှာတော့ ရော်နယ်ဒိုနှင့် မက်ဆီကို မကျော်နိုင်သေးပါဘူး။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ ကစားသမားများထဲက ဘယ်ကစားသမားကို အနှစ်သက်ဆုံးပါလဲ။ ဘယ်ကစားသမားက ဘောလုံးလောကရဲ့ ရှင်ဘုရင်ဆိုတဲ့ ခေါင်းစဥ်နဲ့ အထိုက်တန်ဆုံးလို့ ထင်ပါသလဲ။

Source: Forbes

Featured Image: Gq-magazine.co.uk