ခရစ္စတီယာနို ရော်နယ်ဒို နဲ့ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် ဂျူနီယာ ရော်နယ်ဒို တို့ သားအဖနှစ်ဦး ကတော့ သူတို့ရဲ့ Six Packs ကြွက်သားတွေကို ထုတ်ပြခဲ့ပြီး လက်အိတ်ဝတ်ရတဲ့အထိ အေးစက်နေပုံပေါ်ပေမယ့် ကင်မရာကို ပြုံးပြီးကြည့်နေကြပါတယ်။

ရော်နယ်ဒို တို့ သားဖနှစ်ဦး ဟာ ခန္ဓာကိုယ် ပြန်လည်ကြံ့ခိုင်လာရေးအတွက် Cryotherapy ကုထုံး မခံယူမီ တစ်နေ့ကုန် လေ့ကျင့်ရေး ဆင်းနေခဲ့ပုံ ရပါတယ်။ ရော်နယ်ဒို ကတော့ CR-7 အမှတ်တံဆိပ် အတွင်းခံကလွဲပြီး ဘာမှဝတ်ဆင်ထားခြင်းမရှိဘဲ သူ့ရဲ့ Six Packs နဲ့ ခန္ဓာကိုယ် ကြွက်သားအလှတွေကို ထုတ်ဖော်ပြသနေခဲ့တာ ဖြစ်ပါတယ်။

Photo : 247 News Agency

မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့်ဟာ သူနဲ့ အကြီးဆုံးသား ဂျူနီယာ ရော်နယ်ဒို တို့ရဲ့ ဓာတ်ပုံကို အင်စတာဂရမ် လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး ” ကျွန်တော့်သားနဲ့ ပြန်လည်ကုသမှု ခံယူတဲ့အချိန် ” လို့ ရေးသားခဲ့ပါတယ်။ အဲ့ဒီ ပိုစ့်တင်ပြီး ၁၂ နာရီ အတွင်းမှာတင် Like လုပ်သူ ၁၀ သန်းနီးပါး ရရှိခဲ့ပြီး ပရိသတ်အများအပြားကလည်း မှတ်ချက်ဝင်ရောက်‌ ရေးသားခဲ့ကြပါတယ်။

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်နဲ့ အသင်းဖော်ဟောင်း မာဆယ်လိုက ” အရမ်းလန်းတယ်ဟေ့” လို့ မှတ်ချက်ရေးခဲ့ပါတယ်။ ယူနိုက်တက် ပရိသတ်တစ်ဦးကလည်း “လက်ရှိနဲ့ အနာဂတ်” လို့ရေးသား ထားပါတယ်။ နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” GOAT နဲ့ သူရဲ့ ဘုရင်လေး” လို့ မှတ်ချက်ဝင်ရောက် ရေးသားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ Cryotherapy ကုထုံးဟာ ပေါင် ၅၀၀၀၀ ခန့်ကုန်ကျခဲ့ပြီး အပူချိန် -၂၀၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ယူကေကို ပြန်ရောက်ခဲ့ပြီးနောက် အီတလီကနေ သူ့ရဲ့ ရေခဲခန်းကို သယ်ယူဖို့ ကုန်ကျစရိတ် အမြောက်အများ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

ဒီရေခဲခန်းက အသက် ၃၇ နှစ်အရွယ် ကစားသမားကို ပြန်လည်ကြံ့ခိုင်လာရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သွေးလည် ပတ်မှုကို မြှင့်တင်ပေးကာ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ချပေးတယ်လို့ သိရပါတယ်။

ကြံ့ခိုင်ရေးနဲ့ပတ်သတ်ပြီး ဝါသနာကြီးတဲ့ ရော်နယ်ဒိုကတော့ စပိန်ဘီလူးကြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေစဉ် ၂၀၁၃ ခုနှစ်လောက်ကတည်းက အဆိုပါကိရိယာကို စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

Photo : The Sun

” ရော်နယ်ဒို က သူ့ရဲ့ကိုယ်ခန္ဓာကို အထူးဂရုစိုက်ပြီး ပိုမိုကြံ့ခိုင်ကောင်းမွန်လာဖို့ဆို ဘာမဆိုလုပ်မယ်သူပါ ”

” အီတလီကနေ ချက်ရှိုင်းယားကို Cryotherapy အခန်း သယ်ယူရခြင်းက လွယ်ကူတဲ့အရာမဟုတ်ပေမယ့် အခုလိုသယ်ယူလာခဲ့ပြီး ကစားပွဲပြီးတာနဲ့ ကုသမှုခံယူနေရလို့ ရော်နယ်ဒိုတစ်ယောက် ပျော်ရွင်နေပါတယ် ” လို့ သူနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောထားပါတယ်။

ခရစ္စတီယာနို ဂျူနီယာကလည်း လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းမှာ ကစားနေပြီး သူ့အဖေရဲ့ခြေရာကို နင်းကာ အနာဂတ်မှာ စီနီယာအသင်းဆီ အရောက်လှမ်းနိုင်ဖို့ မျှော်လင့်ချက်များစွာနဲ့ ကြိုးစားနေတာ ဖြစ်ပါတယ်။ ခရစ္စတီယာနို ဂျူနီယာက ရော်နယ်ဒိုရဲ့ သားသမီး ၅ ဦးထဲမှာ အကြီးဆုံးသား ဖြစ်ပါတယ်။

မေလထဲမှာ ရော်နယ်ဒို နဲ့ သူ့ရဲ့လက်တွဲဖော် ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ သမီးငယ်လေး ဘယ်လာကို မွေးဖွားခဲ့သော်လည်း စိတ်မကောင်းစွာနဲ့နဲ့ အမွှာဖြစ်သူ သားယောက်ျားလေးကတော့ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၂၀၁၇ ခုနှစ်တုန်းကလည်း ရော်နယ်ဒိုဟာ အမေရိကန်ပြည်ထောင်စုမှာ အငှားကိုယ်ဝန်ဆောင်မိခင် ကနေတဆင့် အမြွှာကလေးငယ်နှစ်ဦးဖြစ်တဲ့ သမီးလေး အီဗာနဲ့ သားလေး မက်တို တို့ကို မွေးဖွားခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။

ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပထမဆုံး သမီးငယ်လေး အယ်လာနာ မာတီနာကို မွေးဖွားပေးခဲ့ပါတယ်။

Featured Photo : FFUTDAILY