နာမည်ကျော် ဗြိတိန် လက်ဝှေ့အကျော်အမော်ကြီး တိုင်ဆန် ဖျူရီက ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သက်ရှိထင်ရှား ဘောလုံးသမားတွေထဲမှာ အကြီးကျယ် အခမ်းနားဆုံး ဘောလုံးသမားတစ်ဦးဖြစ်ပြီး သူဟာလည်း ရော်နယ်လ်ဒိုရဲ့ အမာခံ ပရိသတ်တစ်ယောက် ဖြစ်တယ်လို့ ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံစဉ်မှာပဲ ပြောကြားသွားခဲ့ပါတယ်။

Fury Ronaldo

Photo Credit : talkSPORT

The Gypsy King တိုင်ဆန် ဖျူရီဟာ ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်ဒ်မြို့မှာ ကျင်းပနေတဲ့ ‘Battle of the Baddest’ ဘောက်ဆင်ပွဲကြီးမှာ UFC ချန်ပီယံဟောင်း အန်ဂူနူနဲ့ မထိုးသတ်ခင် ကမ္ဘာကျော် အားကစားကြယ်ပွင့်တွေနဲ့ ဆုံတွေ့ခဲ့ပြီး သူ ဆုံတွေ့ခဲ့တဲ့ သူတွေထဲမှာ အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ စူပါစတား ဘောလုံးသမားကြီး ရော်နယ်လ်ဒိုလည်း ပါဝင်ခဲ့ပါတယ်။

ronaldo met fury

Photo Credit : Sportskeeda

ဖျူရီက ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံစဉ်မှာပဲ ရော်နယ်လ်ဒိုဟာ သက်ရှိထင်ရှား ရှိနေတဲ့ ဘောလုံးသမား အားလုံးထဲမှာ ကြီးကျယ်ခမ်းနားဆုံး ကစားသမားတစ်ဦး ဖြစ်ကြောင်းနဲ့ ရော်နယ်လ်ဒိုကိုလည်း မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ နှစ်ကြိမ်လုံး အားပေးခဲ့ပါကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဖျူရီက ရော်နယ်လ်ဒို ကစားခဲ့တဲ့ ပွဲစဉ်တွေ အများအပြားကို သူအားပေးကြည့်ရှုခဲ့သလို ယူနိုက်တက်ကနေ ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့သွားချိန်မှာလည်း ရော်နယ်လ်ဒို ပွဲတွေကို မလွတ်တမ်း အားပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

boxing match

Photo Credit : Youtube

ဖျူရီရော အန်ဂူနူတို့ နှစ်ဦးလုံးဟာ ဆော်ဒီကို ရောက်ရှိနေစဉ်အတွင်း ဆော်ဒီပရိုလိဂ်ရဲ့ အထင်ကရ ဘောလုံးသမားကြီး ရော်နယ်လ်ဒိုနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပြီး အန်ဂူနူဆိုရင်လည်း ရော်နယ်လ်ဒိုရဲ့ CR7 နာရီကိုပါ ဝတ်ဆင်ထားခဲ့ပါသေးတယ်။ ဖျူရီ နဲ့ အန်ဂူနူတို့ရဲ့ လက်ဝှေ့ပွဲကိုလည်း ရော်နယ်လ်ဒိုက သူရဲ့ ချစ်သူ ဂျော်ဂျီနာနဲ့အတူ တက်ရောက် အားပေးခဲ့ပြီး ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေအရ ဖျူရီက နိုင်ပွဲရရှိသွားခဲ့ပါတယ်။

Featured Photo : Marca