ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ပွတ်တိုက်မှုတွေကို ဖန်တီးခဲ့တဲ့အတွက် တာဝန်ရှိသူဖြစ်တယ်လို့ ပြောကြားခြင်းခံခဲ့ရပြီး အိုးထရက်ဖို့ဒ်မှာ ဖြစ်နေတဲ့ ပြဿနာတွေဟာ ပေါ်တူဂီကြယ်ပွင့်ကြောင့်လို့ လီဗာပူးလ် ဂန္တဝင်က စွပ်စွဲခဲ့ပါတယ်။

Cristiano Ronaldo

Photo: Dailystar

ရော်နယ်လ်ဒိုရဲ့ အသင်းအတွင်းက နေရာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂျူဗင်တပ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက အကြီးအကျယ် ငြင်းခုံစရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် စိတ်ပျက်စရာရာသီဖြစ်ခဲ့ပေမယ့်လည်း ရော်နယ်လ်ဒိုက ပြိုင်ပွဲစုံမှာ ၂၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

“သူက စည်းလုံးညီညွတ်မှု ပျက်ပြားမှုနဲ့ သဘောထားကွဲလွဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဘောလုံးက သူ့ဆီ ရောက်မလာတဲ့အခါမှာ သူ့လက်တွေကို လေထဲမြှောက်လိုက်တယ်။ အဲဒါက အရမ်းကောင်းတဲ့ ဥပမာပဲ။ ဟုတ်တယ်မလား။ မန်ချက်စတာယူနိုက်တက်က သဟဇာတဖြစ်မှုက ပြဿနာဖြစ်နေပြီး အဲဒီလို သဟဇာတဖြစ်မှုကို ပျက်စီးအောင်လုပ်ခဲ့တာဘယ်သူလဲ။ သူက လမ်းပတ်လျှောက်နေပြီး ‘ကျန်တာ သူတို့လုပ်ရမယ့်ဟာတွေပဲ။ ငါကတော့ ငါ့အလုပ် ငါလုပ်မယ်’ဆိုပြီး နေနေတယ်”

Cristiano Ronaldo has been blamed for negatively impacting Man Utd

Photo: Dailystar

“အဲဒါက ခေါင်းဆောင်တွေလုပ်တဲ့အရာမျိုးမဟုတ်ဘူး။ အဲဒါက ကိုယ့်ဖို့ပဲကြည့်တဲ့လူတွေ လုပ်တဲ့အလုပ်ပါ။ ပရိသတ်တွေက သူ့ကို ချစ်မြတ်နိုးပြီး အရာအားလုံးက သူဖြစ်စေချင်သလို ဖြစ်မလာတဲ့အခါကျရင် သူ့ပုံစံက ငါ့အပြစ်မဟုတ်ဘူးဆိုတဲ့ပုံစံမျိုး လုပ်နေပါတယ်။ ဒါက အသင်းတစ်သင်းမှာ ဖြစ်ရမယ့်အရာမဟုတ်ပါဘူး။ အဲဒီတော့ ရော်နယ်လ်ဒိုက သူ့ဘာသာသူတော့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိပေမယ့် ခင်ဗျား တစ်ရာသီကို ဂိုး ၂၀ မသွင်းဘဲ မန်ယူနိုက်တက်ကို ပိုမြင့်တဲ့နေရာမှာ ရာသီပြီးဆုံးအောင် လုပ်ပေးမယ့်သူကို ခင်ဗျား ပိုမလိုချင်ဘူးလား”

“သူတို့တွေမှာ ပိုကောင်းတဲ့အသင်းရှိခဲ့ရင် ဒီထက်မြင့်တဲ့နေရာမှာ ရာသီပြီးဆုံးနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သဟဇာတဖြစ်မှုက ပိုကောင်းမွန်ခဲ့ရင် ရော်နယ်လ်ဒို ဂိုးသွင်းနိုင်မှာမဟုတ်ပေမယ့် အသင်းကတော့ ပိုပြီးကောင်းတဲ့အသင်းဖြစ်လာပြီး ပွဲစဉ်တွေကို အနိုင်ရခဲ့ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Daily Star