အမျိုးသားတွေရဲ့ လိင်အင်္ဂါဟာ ထိပ်ပိုင်းအရေပြား ဖုံးအုပ်လျက်သား မွေးဖွားလာတာပါ။ အဆိုပါ ရွှေပန်းထိပ်ဖျား ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ဖယ်ရှားခြင်းကို Circumcision လို့ ခေါ်ပါတယ်။ ဒီလုပ်ထုံးလုပ်နည်းကို ကမ္ဘာနေရာ တော်တော်များများမှာ မွေးကင်းစအရွယ်ကတည်းက ပြုလုပ်လေ့ ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization ရဲ့ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသား ၃၀ ရာခိုင်နှုန်းနဲ့အထက်ဟာ Circumcision ပြုလုပ်ထားကြတယ်လို့ဆိုပါတယ်။ Circumcision ကိုတော့ အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်ကြပါတယ်။ တချို့က ဘာသာရေးအယူအဆ ၊ လူမျိုးစု သို့မဟုတ် မျိုးနွယ်စု တစ်ခုခုနဲ့ သက်ဆိုင်တဲ့ ရိုးရာဓလေ့ ထုံးတမ်းလုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ကြသလို တချို့မိဘတွေကလည်း တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျန်းမာရေး အကြောင်းပြတွေကြောင့်လည်း လိင်တံထိပ် အရေဖျားကို ဖယ်ရှားပေးကြပါတယ်။ Circumcision မဖြစ်မနေလုပ်ဖို့ မလိုပေမယ့် လိင်တံထိပ် အရေဖျား ဖြတ်ခြင်းကနေ ရနိုင်မယ့် အကျိုးကျေးဇူးတွေ အကြောင်း ဝေမျှပေးချင်ပါတယ်။

(၁) တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပိုလွယ်တယ်

 hygiene

Photo : PHOENIX | Rise Again

ရွှေပန်းထိပ်ဖျား ဖြတ်ထားခြင်းဟာ အမျိုးသားတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ပိုပြီး လွယ်ကူအဆင်ပြေစေပါတယ်။ Circumcision လုပ်ထားခြင်းကြောင့် လိင်တံကို ဆေးကြောသန့်စင်ရာမှာ ပိုမိုလွယ်ကူပြီး မလိုလားအပ်တဲ့ အနံ့ဆိုးနဲ့ အညစ်အကြေးတွေ ကပ်ညှိတွယ်နိုင်ဖို့ အခွင့်အရေး နည်းသွားစေပါတယ်။ အကယ်၍ လိင်တံထိပ်အရေပြား ဖယ်ရှားထားခြင်းမရှိပါကလည်း လိင်တံအရေပြားအောက် ပုံမှန်ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။

(၂) ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေကို လျော့ကျစေတယ်

Photo : Medical News Today

အမျိုးသားတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ အခြေအနေဟာ ဖြစ်ခဲပါတယ်။ ဒါပေမယ့် ရွှေပန်းထိပ်ဖျား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ယင်းရောဂါအခြေအနေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ တချို့သော ရောဂါပိုးမွှားတွေဟာ ငယ်တုန်းမှာမသိသာပေမယ့် အသက်ကြီးလာချိန်မှာ တော့ ကျောက်ကပ်နဲ့ဆိုင်တဲ့ ရောဂါပြဿနာတွေ ဖြစ်ပွားလာနိုင်တဲ့အထိ အန္တရာယ်ကြီးပါတယ်။

(၃) လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို လျော့ကျစေတယ်

HIV

Photo : South China Morning Post

ရွှေပန်းထိပ်ဖျား လှီးဖြတ်ထားတဲ့ အမျိုးသားတွေဟာ HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါပြဿနာတွေ ဖြစ်ပွားနိုင်ခြေ နည်းပါတယ်။ ဒါပေမယ့်လည်း Circumcision လုပ်ထားသည်တိုင် ကွန်ဒုံး သို့မဟုတ် အကာကွယ်သုံးတာ ကဲ့သို့ လုံခြုံမှုရှိတဲ့ လိင်မှုဆိုင်ရာအလေ့အကျင့်တွေကို မရှိမဖြစ်လိုက်နာဖို့ လိုပါတယ်။

(၄) လိင်အင်္ဂါနဲ့ဆိုင်တဲ့ ပြဿနာတွေကို ကာကွယ်ပေးတယ်

penis pain

Photo : NZ Herald

အမျိုးသားတွေအနေနဲ့ အရွယ်ရောက်လာချိန်မှာ တခါတရံ လိင်တံအရေပြား နောက်ကိုလှန်ဆွဲလို့ မရတဲ့ အခြေအနေတွေ ကြုံရတက်ပါတယ်။ ဒါက လိင်တံထိပ်ဖူးကို နာကျင်စေတာ ၊ ရောင်ရမ်းတင်းကျပ်စေတာ စတာတွေကို ဖြစ်စေနိုင်ပါတယ်။ အကယ်၍ ရွှေပန်းထိပ်ဖျား ဖြတ်ထားမယ်ဆိုရင်တော့ အခုလို လိင်အင်္ဂါနဲ့ဆိုင်တဲ့ ပြဿနာတွေကို မဖြစ်ပွားအောင် တားဆီးကာကွယ်ပေးနိုင်ပါတယ်။

(၅) ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေတယ်

Couple Hugging In Bed

Photo : VistaCreate

လိင်တံထိပ်အရေပြား ဖြတ်ထားခြင်းဟာ ကင်ဆာနဲ့ပတ်သတ်ပြီးလည်း ကြိုတင်ကာကွယ်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အမျိုးသားတွေမှာဆိုရင် လိင်တံကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျစေသလို လိင်တံအရေဖျားလှီးဖြတ်ထားတဲ့ အမျိုးသားတွေရဲ့ ဆက်ဆံဖော် အမျိုးသမီးတွေမှာဆိုရင်လည်း သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနိုင်ခြေ နည်းတာ တွေ့ရပါတယ်။

ကျန်းမာရေးအမြင်အရ ရွှေပန်းထိပ်ဖျား ဖြတ်ဖို့လို/မလို ကွီးတို့ရဲ့ အမြင်လေးနဲ့ အားသာချက်/အားနည်းချက်တွေကို မျှဝေပေးခဲ့ပါဦး။

Featured Photo : Love Matters Africa